ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Friday, October 29, 2010

ပန်းတိုင်ရှိရာ

ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေ စလှမ်းနိုင်ဘို့အတွက်ပါပဲ ။
 ရပ်နိုင်တော့မှ.. မင်းဘ၀ရဲ့ပထမခြေလှမ်း
မင်းစလှမ်းလို့ရမှာ။

ကြောက်စိတ်မ၀င်နဲ့ ကလေး
ပထမခြေလှမ်းမှာ
ယိုင်လဲ ဒူးပြဲရင် ပြဲမယ်
နဖူးကွဲချင်လဲ ကွဲမယ်
 လဲရင်ပြန်ရပ် 
နောက်ထပ်ခြေလှမ်းတွေ စကြမယ်။

လေးဘက်တွားရင်း ကျေနပ်
ထပြီး မရပ်ပဲ နေမည့်အစား
ရပ်စမ်း လဲစမ်း ကွဲစမ်း
 ရဲရဲကလေး လှမ်း(ပြီးရင်)
ပြေးလမ်းပေါ် တက်ကြရအောင်။
                                     မောင်စိန်ဝင်း(ပုတီးကုန်း)