ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Monday, January 31, 2011

အမုန်းပင်လယ်

ပင်လယ်ပြင်သည်အကျယ်အားဖြင့်လည်းကောင်းအနက်အားဖြင့်
လည်းကောင်းတိုင်းတာ၍မရကောင်းချေ၊ ထို့ကြောင့်
ပင်လယ်ခရီးသွားရခြင်းကို ကမ်းမမြင် လမ်းမမြင်ဟု ပြောကြ၏။
ပင်လယ်သည် အဲဒီလောက်ထိ ကျယ်ပြန့်၍ အဲဒီလောက်ထိ နက်ရှိုင်း၏၊ အဲဒီလောက်ဟုဆိုခြင်းသည် အတိုင်းအတာကို ပြသည်မဟုတ်၊ တိုင်းတာ၍မရနိုင်သည်ကိုဆိုခြင်းဖြစ်ပါ၏။သူ၏အမုန်းတရားသည်လည်း

ပင်လယ်ပြင်ကဲ့သို့တိုင်းတာ၍မရနိုင်လောက်အောင်နက်ရှိုင်းကျယ်ပြန့်
လှပါ၏။သေရိဝရွဲကုန်သည်နှင့်လောလရွဲကုန်သည်တို့သည်တမြေထဲနေ
တစ်ရေထဲသောက်သူများဖြစ်ကြ၏၊“ဥစ္စာလိုရင် ကုန်သည်လုပ်” 
ဆိုသည့်အတိုင်းသူတို့သည် ရွဲများကို နယ့်အနှံ့လှည့်လည်၍ရောင်းရင်း စီးပွါးရှာကာဘ၀ကိုရည်တည်နေသူများဖြစ်ကြ၏။ဘ၀ချင်းတူသော်လည်း
စိတ်ထားချင်းတော့ မတူညီကြ၊ သေရိဝရွဲကုန်သည်သည် စိတ်ထား
ကောင်း၏၊ပစ္စည်းမှန်ဈေးမှန်၍သမာဓိအခံရှိသူဖြစ်၏။လောလ
ရွဲကုန်သည်သည်ကားစိတ်ထားကောက်၏၊ပစ္စည်းမမှန်ဈေးမမှန်
သမာဓိအခံလည်းမရှိပေ။ သူတို့နှစ်ဦးသည်စိတ်ထားချင်းအသွင်မတူ
သော်လည်းကုန်ရောင်းခရီးသွားချင်းတော့တူနေကြ၏၊သွားရင်းသွားရင်း
ဖြင့်နီလ၀ါဟမြစ်”ကို ဖြတ်ကျော်၍ အရိဋ္ဌပူရ မြို့တော်သို့ပင်ရောက်လာခဲ့
ကြပေပြီ၊အရိဋ္ဌပူရ မြို့တော်သည်လည်း လူကုန်တန်ပေါ၍ကြွယ်ဝသူ
များသောမြို့တစ်မြို့ဖြစ်၏၊ သူတို့သည်ပါလာသော ရွဲများကို
ရောင်းရန်အတွက်လမ်းများကိုခွဲဝေကြ၏။တစ်နေရာနှစ်ဦးပြိုင်တူ
သွားလျှင်ရောင်းကုန်တူနေ၍အဆင်မပြေလှပေ။  သို့သော်
တစ်ဦးရောင်းပြီးသောနေရာကိုကျန်တစ်ဦးကရောင်းခွင့်ရှိ၏၊ဤသည်မှာ
ရှေးခေတ်ကုန်သည်တို့၏အစဉ်အလာကျင့်ဝတ်တစ်ခုပင်ဖြစ်၏။

လောလရွဲကုန်သယ်သည် ရောင်းရင်းရောင်းရင်းဖြင့် သူဌေးကြီးကျ
(ဟိုတစ်ချိန်က အလွန်ကြွယ်ဝချမ်းသာသော်လည်းဥာတိဗျသန-
ဆွေမျိုးပျက်စီးခြင့်း၊ ဘောဂဗျသနပစ္စည်းဥစ္စာပျက်စီး ခြင်းတို့ကြောင့် အခြေမလှ အနေမကျဖြစ်နေသည့်) မြေးအဖွါးနှစ်ယောက်သာရှိသော အိမ်သို့ရောက်လာ၏၊ မြေးမလေးသည်ငယ်ရွယ်သူလေးမို့သူများနည်းတူ
လှချင်ပချင်တန်ဆာဆင်ချင်စိတ်ရှိ၏၊ဤသည်မှာလည်းအပြစ်မဆိုသာပါ
မိန်းကလေးများ၏သဘာဝပင်ဖြစ်၏၊အမျိုးသမီးများသည်တန်ဆာဆင်
ခြင်း၌ရောင့်ရဲခြင်းမရှိဟုပင် ဆိုထားပါ၏၊ ထို့ပြင် အမျိုးသမီးများနှင့် ပါတ်သက်၍ အိမ်ထောင်ရှင် အမျိုးသားများကျင့်ရမည့် ကျင့်ဝတ်ထဲတွင်
“၀တ်စားဆင်ယင်”ဟူသောကျင့်ဝတ်တစ်ခုပါရှိနေသည်ကိုတွေ့နိုင်ပါ၏။
ဤသည်မှာ အမျိုးသမီးများ၏ ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါ၏။
အမျိုးသမီးငယ်လေးသည် သူ့အဖွါးကိုရွဲဝယ်ပေးဖို့ပူဆာတော့၏၊အဖွါးက
င့ါမြေးရယ် ငါ့မြေးလေးကို အရင်တုန်းကလိုဆိုရင်ဖွါးဖွါးကရွှေပေါ်မြတင်
ဆိုသလို တင့်တောင့်တင်တယ်ထားမှာပေါ့ကွယ်၊အခု အဖွါးတို့ဘ၀က
လက်လှုပ်နိုင်မှ ပါးစပ်လှုပ်ရတဲ့ဘ၀ဆိုတာ ငါ့မြေး လေးလဲအသိပဲကွယ်၊ ငါ့မြေးလေးက လိမ္မာပါတယ်ကွယ်နော်၊ ဖွါးဖွါးမှာ ပေးစရာ မရှိလို့ပါ
မြေးလေးရယ်၊အဖွါးသည်ပြောရင်းပင်မျက်ရည်လေးများဝေ့လာတော့၏။ 
(အဖွါးသည် ငယ်ရာမှ ကြီးလာသူ ဖြစ်၏၊ ဤအရွယ်သည် သူများနည်းတူ လှချင်ပချင်တန်ဆာဆင်ချင်သည့်အရွယ်မှန်းသိ၏၊သူ့မြေးလေး
ကျောင်းနေပညာသင်ရမည့်အချိန်မှာထမင်းတစ်နပ်စာအတွက်
သူများအိမ်မှာနေ့စားအလုပ်လေးလုပ်၊ရတာလေးနှင့်လောက်အောင်စား၊
ရှိတာလေး နှင့်လှအောင်ဝတ်နေရမှန်းလည်း သိပါ၏ သို့သော် ဘာများ
တတ်နိုင်ပါမည်နည်း၊မလွဲသာမတတ်သာသည့်အဆုံးဖြေစိတ်အနေနှင့်
ကံကိုပဲလှည့်ချနေမှိ၏၊ ကံဆိုးလိုက်တဲ့ င့ါမြေးလေးရယ်၊ ဤသည်မှာ
အဖွါးစိတ်ထဲမှာ တွေးနေမှိသောအတွေးလေးသာဖြစ်ပါ၏၊
ဤအတွေး ဤအဆွေးကို မြေးမလေး သိမည်မဟုတ်ပါ)။
မြေးမလေးသည် ဇွဲ့မလျှော့၊ လိုချင်သည်ကို ရအောင်လုပ်ယူတတ်သည့် စိတ်ဓါတ်ရှိ၏၊သူစဉ်းစား၏၊ဘယ်လိုဖန်ရမလဲ၊ဘယ်လိုကြံရမလဲ၊သူသည်

အိမ်တွင်းမှုလည်း စေ့စပ်သေချာသူလေး ဖြစ်သည့်အပြင်  ဘယ်နား
ဘာရှိသည်ကိုလည်း မှတ်မိသူဖြစ်၏၊ ထို့ကြောင့် ရွဲကို ငွေမရှိလျှင်
ဘာနှင့်ဝယ်ယူရမလဲ စဉ်းစားကြည့်သောအခါအိုးကြိုအိုးကြား၌ မသုံးပဲ
ပစ်ထားသည့် ခွက်တခွက်ကိုအမှတ်ရလာ၏၊သူ၏မျက်လုံးသည်
အရောင်တောက်လာ၏၊ ဖွါးဖွါး မြေးတို့အိမ်မှာအသုံးမပြုတဲ့ ခွက်တစ်ခု
ရှိတယ်လေ၊ အဲဒီခွက်လေးနှင့်ရွဲလဲရင်ရချင်ရမှာ။ဖွါးဖွါးဝယ်ပေးပါနော်၊
အေးလေ ငါ့မြေးကဒီလောက်လိုချင်နေမှာတော့ ရွဲကုန်သည်လေးကို ဖွါးဖွါးခေါ်ကြည့်အုံးမယ်လေ။အဖွါးကြီးသည် အိမ်ပေါက်ရောက်နေသည့်
ရွဲကုန်သည်လေးကို ခေါ်ပြီး နေရာထိုင်ခင်းပေးကာလူလေးရဲ့ဟော့ဒီက
မင့်နှမလေးက(ယဉ်ကျေးသူတို့အသုံးအနှုံးဖြစ်၏)ရွဲလိုချင်လို့ပူဆာနေလို့
ပါကွယ်၊ အဖွါးတို့လည်း ဆင်းရဲလွန်းတော့ငွေကြေးမတတ်နိုင်လို့ပါ၊
ဟောဒီက ခွက်လေးယူပြီး ရွဲလေးနဲနဲပါးပါးပေးခဲ့ပါလားကွယ်။
 (အဖွါးကြီးသည် ဆင်းရဲသော်လည်း တစ်ချိန်က ကြွယ်ဝချမ်းသာသည့် လူကုန်တန်ဖြစ်ခဲ့သူမို့အပြောလည်းချိုသာလှ၏)။လောလရွဲကုန်သယ်
သည်ခွက်ကို သေသေချာကြည့်၏၊ခွက်လေးသည် မသုံးတာကြာ၍
ဖုန်များပေကပ်ကာကြာတော့ညစ်ပါတ်နေတော့၏၊ခွက်ကို အပ်ဖြင့် ခြစ်
ကြည့်သောအခါအရေးအကြောင်းများထင်လာ၏၊အော်ရွှေခွက်ပါတကား
(အရင် သူဌေးကြီး ရေချိုးရာ၌ အသုံးပြုသော ရွှေခွက်ဖြစ်၏၊သို့သော်
ရိုးလွန်းသောမြေးအဖွါးနှစ်ဦးသည် ရွှေခွက်မှန်း မသိကြ။)
လောလ ရွဲကုန်သယ်သည် ခွက်ကို ကိုင်ရင်း စဉ်းစားနေ၏၊  အင်းသူတို့
မြေးအဖွါးရွှေခွက်မှန်းမသိကြဘူး၊ငါဒီရွှေခွက်ကိုအလကားရအောင် 
ကြံမှပဲဟု စဉ်းစားနေ၏၊ထို့နောက်တော့ အမယ်ကြီးတို့ ခွက်ဟာဘာမှ
တန်ဖိုးမရှိ၊တစ်ပဲမပြောနှင့်ပဲဝက်တောင်မတန်တဲ့ခွက်အိုကြီးပဲ၊ဒါကြောင့်
ရွဲတစ်လုံးမှမပေးနိုင်ပါဟု ဆိုကာ ခွက်ကို လွှင့်ပစ်၍ ထွက်ခွါသွားလေ၏၊
(သူသည်ခွက်ကိုတန်ဘိုးမရှိဟုထင်အောင်ဟန်ဆောင်ပြုလုပ်ခြင်းဖြစ်၏၊ 
ရိုးသားလွန်းသောမြေးအဖွါးနှစ်ဦးသည်ရွဲလေးတစ်လုံးနှစ်လုံးပေး၍
ခွက်ကိုယူသွားလျှင်လဲပေးလိုက်ကြမည်သာဖြစ်ပါ၏၊ယခုတော့
သူ့လောဘကမသိနားမလည်သူကို အချဉ်ဖမ်း ချင်လွန်းအားကြီးနေ၍ 
 ရွဲတစ်လုံးမျှမပေးပဲ ခွက်ကိုလွှင့်ပစ်ကာထွက်ခွါသွားခြင်းဖြစ်၏)
မြေးအဖွါးနှစ်ဦးသည် ဇီးရွက်ခန့်ငယ်သောမျက်နှာလေးများဖြင့်

ကျန်ရစ်ခဲ့ကြ၏၊ထို့အပြင် မျက်ရည်စက်လေးများလည်း စီးကျနေကြ၏၊
ဆင်းရဲလွန်း၍ကျသော ဒုက္ခမျက်ရည်စက်များပေ တကား။

လောလရွဲကုန်သည်ထွက်သွားပြီးနောက်မကြာခင်မှာပင်သေရိဝ

ရွဲကုန်သယ်သည်မြေးအဖွါးအိမ်ပေါက်နားသို့ ရောက်လာ၏၊၊
“ရွဲကုန်သယ် လာပြီဗျ ခင်နှမတို့ ဆင်ကြစေဖွယ်၊ အဆင်လှလို့  ဈေးကချိုတယ်၊ အပိုပါရသေး” ရွဲများဝယ်ကြအုံးမလာဗျာ၊ ရွဲရွဲ၊ လှမှလှ သန့်မှသန့် အညံ့ဆိုလို့တစ်လုံးမှမပါပါ၊ တစ်ကုံးမှမပါပါခင်ဗျာ၊ပစ္စည်းမှန် ဈေးမှန်၊အရိဋ္ဌရွှေမြို့သူလေးများအတွက်လှစေချင်လွန်းတဲ့စေတနာအမှန်
နှင့်လာရောင်းပေးတာပါခင်ဗျာ၊ မြေးမလေးသည် အသံကြားရာသို့ မျှော်လင့်ချက်လေးဖြင့်လှမ်းကြည့်နေ၏၊အင်းဒီအကိုလေးကရုပ်လေးက
လည်းခပ်သန့်သန့်ပဲ။အသံလေးကလည်းသနားတတ်တဲ့အသံလေး
ပါတယ်၊သဘောကောင်းမည့်ပုံပဲ၊ဖွါးဖွါးနောက်ထပ်ရွဲကုန်သည်
တစ်ယောက်လာပြန်ပြီဖွါးဖွါးရဲ့။ဝယ်ပေးပါအုံးနော်ဖွါးဖွါး၊မြေးမလေးသည်
အဖွါးနားသွားကိုလက်လေးကိုဆုပ်ကိုင်ရင်းပူဆာနေတော့၏၊ အင်း
ငါ့မြေးကလဲအမှတ်မရှိပဲကိုးကွဲ့၊ခုနင်က ရွဲကုန်သယ် ပြောသွားတာ
ငါ့မြေးကိုယ်တိုင်ကြားလိုက်တယ်မဟုတ်လား၊ပဲဝက်တောင်မတန်ဘူးတဲ့၊
ပြောပြောဆိုဆိုခွက်ကိုလွှင့်ပစ်သွားတာလေ။ အဖွါးတို့ကသာ အိမ်က
ပစ္စည်းလေးဆိုပြီးသံယောဇဉ်တပ်နေတာ၊ဟိုကဖြင့်ဂရုတောင်မစိုက်ဘူး၊
ခု ငါ့မြေးက ဘာနှင့်များ ၀ယ်ချင်သေးတာလဲကွယ်။ ဖွါးဖွါးကလည်း လူချင်းတူပေမဲ့ အသက်ရှုချင်း မတူဘူးတဲ့၊ ခုနင်က ရွဲကုန်သည်က ရုပ်ကလည်း ခပ်ဂျစ်ဂျစ်ပုံစံ၊ အပြောအဆိုကလဲကြည့်လေ ဖွါးဖွါးကိုများ
ပြောသွားလိုက်တာ၊အမယ် ကြီးတဲ့၊ ဟွန်းဆင်းရဲတော့နှိမ်ချင်ကြတာလေ
ပြောတာဆိုတာကအစ။အခုရောင်းတဲ့အကိုကြီးကရုပ်လေးကသန့်သန့်
လေး သဘောကောင်းမည့်ပုံရှိတယ်ဖွါးဖွါးရယ်နော် ၀ယ်ပေးပါနော် ဖွါးဖွါး၊
အေးအေးငါ့မြေးကဒီလောက်ပူဆာနေမှာတော့ငါ့မြေးစိတ်ချမ်းသာအောင်
အဖွါးခေါ်ကြည့်ပါအုံးမယ်ကွယ်။ ဟေ့လူလေးလာပါအုံးကွယ်၊ ဒီက
မောင့်နှမလေးကရွဲလိုချင်လို့တဲ့ကွယ်၊အဖွါးတို့ကလည်းဆင်းရဲလွန်းတော့
ငွေကြေးတော့မရှိဘူးကွယ်၊ဒီခွက်လေးပဲရှိတာ။အဲဒါလူလေးက ဒီက
နှမလေးစိတ်ချမ်းသာအောင်ရွဲနဲနဲလောက် ပေးခဲ့ပါလားကွယ်။...အော်
ဟုတ်ကဲ့ပါ ဖွါးဖွါး၊သေရိဝရွဲကုန်သယ်သည် အဖွါးပေးသောခွက်ကို ကြည့်လိုက်၏၊အင်း..ရွှေခွက်နှင့်တူလိုက်တာ၊သေချာအောင်အပ်သွားဖြင့်
ခွက်ကိုခြစ်ကြည့်၏၊တောက်ပသောရွှေရောင် အစင်းကြောင်းလေးများ
ထင်လာ၏၊ဖွါးဖွါး ဖွါးဖွါးတိုခွက်က ရွှေခွက်ကြီး ဖွါးဖွါးရဲ့။ခေတ်ကာလ ပေါက်ဈေးအရအနည်းဆုံးဈေးကိုတစ်သိန်းလောက်တန်တယ် ဖွါးဖွါးရဲ့၊
ကျနော့မှာ အဲဒီလောက်ထိ မပါပါဘူးအဖွါးရယ်။ပြောပြောဆို ရွှေခွက်ကို
တရိုတသေ ပြန်ပေးလိုက်၏၊လူလေးဘုန်းကံကြောင့်တစ်သိန်းတန်
ရွှေခွက်ဖြစ်သွားတယ်ထင်ပါတယ်ကွယ်၊စောစောကလာတဲ့ရွဲကုန်သယ်
ပြောသွားတာကတော့ ပဲဝက်တောင် မတန်ဘူးတဲ့၊  အဲဒီတော့
လူလေးထိုက်လို့လူလေးရတယ်လို့ သဘောထား၊ဟောဒီကဖွါးဖွါးရဲ့မြေး။
မောင့်နှမလေးကိုသာ ရွဲလေးနဲနဲပါးပါး ပေးခဲ့ပါကွယ်၊ဒါဆိုဒီလိုလုပ်ပါလား
ဖွါးဖွါးရယ်၊ ကျနော် ရွဲရောင်းလို့ ရတဲ့ အသပြာငါးရာရယ်။ဟောဒီအသပြာ
ငါးရာတန်တဲ့ရွဲတွေရယ်အားလုံးကိုယူလိုက်ပါ။ကျနော့အတွက်တော့
အပြန်စရိတ်စခအဖြစ်ငွေအသပြာရှစ်ကျပ်ရယ်၊ရွဲထည့်တဲ့ဒီအိပ်လေးရယ်
ဒီက ချိန်ခွင်လေးရယ် အဲဒါလေးတော့ ဖွါးဖွါးပြန်ပေးပါနော်၊ရောင်းသူလဲ ကျေနပ်နေ၏၊၀ယ်သူလည်းကျေနပ်၏၊နှစ်ဦးနှစ်ဖက် ကျေနပ်၍
စိတ်ချမ်းသာ စရာကောင်းလှ၏။မြေးမလေး မျက်နှာလေးသည်
သော်တာလ၀န်းကဲ့သို့တပြုံးပြုံးနှင့်သေရိဝရွဲကုန်သည်ကိုကျေးဇူးတင်
မဆုံးဖြစ်နေတော့၏။သေရိဝ ရွဲကုန်သယ်သည် နီလ၀ါဟမြစ်သို့
တန်းသွား၏၊ မြစ်ဆိပ်၌ အသင့်ရှိနေသောလှေကိုအသပြာရှစ်ကျပ်ပေး၍ 
(အော်ဒါငှားကာ)တစ်ဖက်ကမ်းသို့ ကူးသွားတော့၏။

သေရိဝထွက်သွား၍ခဏအကြာမှာပင်လောလရွဲကုန်သယ်သည်မြေး

အဖွါးအိမ်သို့ပြန်ရောက်လာ၏၊၊အိမ်ထဲဝင်၍အမယ်ကြီးခုနင်ကခွက်စုပ်
ပေး၊ သနားလို့ ရွဲနဲနဲပေးခဲ့မယ်၊ အော် လူလေးက အဖွါးတို့ကိုသနားလို့
ဟုတ်လား၊ ဟုတ်တယ် ဒီကအချိန်သိပ်မရှိဘူး၊ရှေ့ခရီးဆက်စရာ
ရှိသေးတယ်၊ ခုနင်ကခွက်စုပ်သာ မြန်မြန်ပေး၊လူလေးကသာ ခွက်စုပ်လို့ ပြောတယ်၊နောက်မှရောက်လာတဲ့ရွဲကုန်သယ်လေးကတော့ရုပ်ကလည်း
သန့်၊ အပြောကလည်း ချို။ သဘောကလည်း အကောင်းသားကွဲ့။
လူလေးရဲ့သခင်နှင့်တူပါတယ်ကွယ်၊ သူက တစ်သိန်းတန်တယ်
ပြောပါလားကွဲ့။ အဖွါးတို့က ပေးချင်သလောက်သာ ပေးခဲ့ပါဆိုလို့ 
(ပစ္စည်းငွေ စုစုပေါင်းတန်ဘိုး) တစ်ထောင်ပေးပြီး ယူသွားလေရဲ့ကွယ်၊။ ဖွါးဖွါးတို့ကလည်းလောဘ မကြီးပါဘူး၊ သူထိုက်လို့ သူရတာကိုးကွယ့်။
လောရွဲကုန်သယ်သည် စကားကိုပင် ကုန်အောင် နားမထောင်နိုင်တော့၊ တစ်သိန်းတန်ရွေခွက်သူလက်လွတ်ဆုံးရှုံးလိုက်ရပြီးလို့သိလိုက်သည်နှင့်
တစ်ပြိုင်နက် စိတ်မထိမ်းနိုင်တော့။သတိလက်လွတ် ဖြစ်သွားတော့၏၊
ရောင်းရသမျှငွေ၊ ကျန်သမျှ ပုလဲအားလုံးကိုဖျန့်ကျဲပစ်လိုက်တော့၏။
ပုံမှန်စိတ်မဟုတ်တော့၊အ၀တ်အစားများပင်မကပ်တော့။ချိန်ဝင်ရိုးလေး
ကို ဒုတ်လက်နက်သဖွယ်ပြုပြီး သေရိဝသွားရာ မြစ်ဆိပ်သို့ အပြေး
လိုက်လေတော့၏။လောလရွဲကုန်သယ် မြစ်ဆိပ်ရောက်ချိန်၌ သေရိဝ
ရွဲကုန်သယ်တို့လှေသည် မြစ်လယ်သို့ပင်ရောက်ရှိနေပေပြီ၊ လောလ
ရွဲကုန်သယ်သည် လှေကို ဆိပ်ကမ်း ပြန်ကပ်ဖို့ အော်၍ခေါ်နေတော့၏၊
သို့သော် လှေသည်  အသပြာရှစ်ကျပ် (တန်ရာတန်ကျေးထက်ပို) ပေးငှားထားသည်လှေဖြစ်၏၊သေရိဝက အပြတ်ငှားထားသော လှေဖြစ်၍
ရှေ့တစ်ဖက်ကမ်းသို့သာ ဆက်လက်သွားဖို့ ပြောလိုက်၏၊ ဤသို့ဖြင့် သေရိဝ စီးသွားသောလှေသည် ဝေး၍ ဝေး၍ သွားတော့၏။
လောလရွဲကုန်သယ်သည် မတရားလိုချင်သည့်လောဘ၊ တစ်သိန်းတန်
ရွှေခွက်ကိုမရလိုက်ခြင်းကြောင့်ဖြစ်သောသောက၊သေရိဝရွဲကုန်သယ်ကို
မကျေနပ်သည့်ဒေါသ..ယင်းအပူတို့ကြောင့်တောက်လောင်လာသည့်
အပူဒါဏ်ကို နူးညံ့သည့် နှလုံးသားသည် ခံနိုင်ရည် မရှိတော့နှလုံးသား ကွဲအက်ကာသွေးများပင် အန်ထွက်ကျလာတော့၏။သူသည်မိမိ
လောဘကြီးလွန်း၍တစ်သိန်းတန်ရွှေခွက်လက်လွှတ်ဆုံးရှုံးရသည်ကို
မမြင်။သေရိဝရွဲကုန်သည်လူလည်လုပ်သွားသည်ဟုသာ မြင်နေ၏။
ထို့ကြောင် သေရိဝရွဲကုန်သည်ကို မကျေနပ် မုန်းတီးသော စိတ်နှင့်ပင်
အသက်ထွက်သွားတော့၏၊သူ၏ အမုန်းသည် ပင်လယ်ကဲ့သို့နက်ရှိုင်း၏၊
ပင်လယ်ကဲ့သို့ကျယ်ပြန့်၏၊ ဤသည်မှာ အနီးကပ်ဆုံးဥပမာသာဖြစ်ပါ၏။
အမှန်အားဖြင့် သူ၏သေရိဝရွဲကုန်သယ်ပေါ်မုန်းသောအမုန်းတရားသည်
ပင်လယ်ထက်လည်းအဆပေါင်းများစွာနက်ရှိုင်း၏အဆပေါင်းများစွာ
လည်းကျယ်ပြန့်လှပါ၏။သူသည် ယင်းအမုန်းတရားကြောင့် ငါးကမ္ဘာ
တိုင်တိုင်ကြုံရင် ကြုံသလိုသေရိဝရွဲကုန်သည်ကို ရန်ပြုသည်သာ ဖြစ်ပါ၏(လောလရွဲကုန်သယ်သည် အရှင်ဒေ၀ဒတ်အလောင်း ဖြစ်၍
လောလရွဲကုန်သယ်သည် ဘုရားအလောင်းတော်ဖြစ်ပါ၏) 
လောဘ ဒေါသ မောဟဟူသော အတွင်းရန်ကိုမပါယ်သတ်နိုင်သေးသမျှ
ကာလပါတ်လုံးအဆင်မပြေတိုင်းသူ့ကြောင့်ဟုလောကကိုလက်ညှိုးထိုး
နေကြပေအုံးမည်၊အတွင်းရန်ကိုပါယ်သတ်၍သူတစ်ပါးကို လက်ညှိုးထိုး
ရန်ငြိုးဖွဲ့ခြင်းမှကင်းဝေးကြ၍ငြိမ်းချမ်းသောနိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ.…) 
                                        ကောင်းသစ်

Wednesday, January 5, 2011

ဝဋ်ကြွေးကြမ္မာ ..ဇာတ်သိမ်း

ဘုရင်မင်းကြီးအပြုံးကားရန်သူကိုတိတိကျကျမိမိရရသိခွင့်ရသောကြောင့် ပြုံးခြင်းဖြစ်၏။သို့သော်ဝမ်းသာဝမ်းနဲရောနေသောကြောင့် မချိပြုံးသာ
ပြုံးနိုင်၏ လုပ်ကြံသူကို သိခွင့်ရ၍၀မ်းသာရသော်လည်း သွားလေသူ
မိဖုရားခေါင်ကြီးကို သတိယလိုက်ပြန်တော့ ၀မ်းနည်းသွားရပြန်၏၊ အကယ်၍မိဘုရားခေါင်ကြီးသာ ရှိနေလျှင်ရန်သူကို မိသော်လည်း
သိသော်လည်းရန်ကိုရန်ချင်း မတုန့်လျင်းနှင့် ဟု ဓမ္မလမ်းညွှန်ချက်များ
သေချာပေါက်ပေးနေပေလိမ့်ဦးမည်။ ယခုတော့..သြော် မိဖုရာခေါင်ကြီး
အစီအစဉ်ကိုး၊ဒါကြောင့်လည်းမိဖုရားခေါင်ကြီးကိုသိပ်ချစ်ပြီးသိပ်အားကိုး
နေရတာပေါ့။ဒီကရှေ့ဆိုဘာပဲလုပ်လုပ်မိဖုရားခေါင်ကြီးရဲ့အကြံဥာဏ်
ကိုပဲမောင်တော်ယူရတော့မှာပေါ့။အခုလည်းမောင်တော်ဘုရင်မင်းကြီး
ကိုချစ်တဲ့မြတ်နိုးတဲ့မောင်တော်ဘုရင်မင်းကြီးအကျိုးကို အမြဲလိုလားသူ
ဖြစ်တဲ့ဟောဒီကမိဖုရားခေါင်ကြီးကို အထူးဆု ထိုက်ထိုက်တန်တန်
ချီးမြှင့်မယ်၊မိဖုရားခေါင်ကြီးကိုသာမကဆွေတော်မျိုးတော်မှန်သမျှကို
လည်း ထိုက်ထိုက်တန်တန်မောင်တော် ချီးမြှင့်ချင်တယ်၊
ဒါကြောင့်မိဖုရားခေါင်ကြီးရဲ့ဆွေမျိုးမှန်သမျှအကုန်ခေါ်ခဲ့ပါ၊ 
မာဂဏ္ဍီမိဖုရားကြီးသည်ဝမ်းသာလွန်း၍မျက်ရည်များတောင်ကျနေပေ၏၊
သူ့အနေဖြင့်ဝမ်းသာမျက်ရည်ဖြစ်၏၊သို့သော်မကြာခင်ယင်းမျက်ရည်
တို့သည်ဝမ်းအနည်းရဆုံးမျက်ရည်စက်များအဖြစ်ပြောင်းလွဲသွားမည်ကို
သူမသိရှာလေတကား) နန်းတော်ထဲ၌မိဖုရားခေါင်ကြီးမာဂဏ္ဍီနှင့်
ဆွေတော်မျိုးတော်များ အောင်ပွဲခံပျော်ရွှင်နေကြ၏ပန်းနံ့သာအ၀တ် အစားအသောက်ရတနာလိုအပ်တာမှန်သမျှ ဘုရင်မင်းကြီးက
မလိုရအောင်“ဖြည့်ဆည်းပေး”နေ၏၊ ဆွေမျိုးမတော်သူများလည်း..
ယင်းမြင်ကွင်းကိုမြင်တွေ့ရသောအခါအားကျလာ၏၊ဆွေမျိုးတော်စပ်သူ
မဟုတ်ပါပဲသူတို့လည်းမိဖုရားခေါင်ကြီးမာဂဏ္ဍီ၏ ဆွေမျိုးများပါဟု
ဆိုင်ရာလာဘ်ထိုး၍ ဆွေမျိုးအမည်ခံကာ အောင်ပွဲ ပျော်ပွဲပါဝင်ဆင်နွှဲ
နေကြ၏၊ သူတို့ အပျော်ကြီး ပျော်နေကြ၏၊ထိုအချိန်ဘုရင်မင်းကြီးသည် 
“ထင်မှတ်မထားသော အမိန့်တော်တစ်ခု”ချမှတ်လိုက်လေ၏၊
မာဂဏ္ဍီနှင့်တစ်ကွ ဆွေမျိုးအားလုံးကို တစ်ယောက်မကျန် ဖမ်းချုပ်စေ၊ တစ်ချက်လွတ် အမိန့်တော်။မိဖုရားကြီး ထိတ်လန့်သွား၏ ပျော်ခဲ့သမျှ အပျော်မှန်သမျှသည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့၏ 
မောင်တော် နှမတော်ကို“ကြည်စားနေတာ”လား မောင်တော်မင်းကြီး
ဘုရာ့၊ ဥတေနဘုရင်မင်းကြီးသည် မချိပြုံး ပြုံးလိုက်၏၊ 
ကြည်စားနေတာမဟုတ်ဘူး မာဂဏ္ဍီ“ကြေကွဲနေတာဘုရင်မင်းကြီး၏
အသံသည် ဒေါသကြောင့် ဟိန်းထွက်နေ၏။အစထဲကမိဖုရားခေါင်ကြီး
လက်ချက်ဖြစ်မယ်ဆိုတာ မောင်တော် သိပြီးသား ခန့်မှန်းပြီးသား၊
မိဖုရားကြီးက သာမာဝတီအပေါ် မောင်တော်အထင်အမြင်လွဲမှားအောင်
လုပ်ကြံဖန်တီးမှုအတိတ်က အရိပ် ရှိနေတယ်လေ) ဒါပေမဲ့
လက်ပူးလက်ကြပ် သက်သေ အထောက်အထားနှင့် သိချင်လို့ ဖမ်းချင်လို့ ပရိယာယ်ဆင်နေတာ မိဖုရားကြီးကမရိပ်မိပဲကိုး၊  မိဖုရားခေါင်ကြီး သာမာဝတီဟာ အဆင်းရော အချင်းရော ပြည့်စုံတဲ့ မိဖုရားခေါင်ကြီးဖြစ်တယ်၊သူဟာ အဆင်းလှပေမဲ့  မာန်မတက်ဘူး၊ အာဏာရှိပေမဲ့ မမောက်မာဘူး၊ ချမ်းသာပေမဲ့ မမော်ကြွားဘူး၊
သခင်ဖြစ်ပေမဲ့ငယ်သားရံရွှေတော်တွေအပေါ်အကြင်နာမမဲ့ဘူး၊
သူ့နှလုံးသားမှာ ခန္တီ မေတ္တာ အကြင်နာ တရားတွေသာ
အမြဲတန်းကိန်းနေတယ်လေ၊


အဲဒီလို ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံနေတဲ့ မိဖုရားခေါင်ကြီးကို အသင်
မိဖုရားကနန်းမဆောင်ကြီးနှင့် အတူ ရက်ရက်စက်စက် အပေါက်ပိတ်
မီးရှို့သေစေခဲ့တယ်လေ၊မိဖုရားခေါင်ကြီးသာမာဝတီိကိုရှို့လိုက်တဲ့မီးဟာ
မောင်တော်ဘုရင်မင်းရဲ့နှလုံးသားထိလောင်မြိုက်နိုင်တယ်ဆိုတာ
မိဖုရားကြီးမသိဘူးလား မတွက်မိဘူးလား။မောင်တော်ကိုအမှန်တကယ်
ချစ်မြတ်နိုးတယ်ဆိုရင်မောင်တော်ချစ်တဲ့သူအားလုံးကို ချစ်နိုင်ရမှာပေါ့။
ခုတော့.အာဏာသားများသည်မိဖုရားကြီးနှင့်တကွ အားလုံးကို
ဖမ်းဆီးလိုက်လေပြီ၊မိဖုရားကြီး၏ မျက်ဝန်း၌မျက်ရည့်များ စိုနေတော့၏
ဝမ်းသာမှုနေရာ ၀မ်းနည်းမှုက ၀င်ရောက် နေရာယူနေလေပြီ၊ ဘုရင်
မင်းကြီး၏စီရင်ချက်ကိုစောင့်စားနေရုံမှတစ်ပါးသူဘာမှမတတ်နိုင်တော့။
 ဘုရင်မင်းကြီးသည်အမိန့်တော် ချမှတ်လိုက်၏၊ မာဂဏ္ဍီမှတစ်ပါး
သူ့ဆွေတော်မျိုးတော်အားလုံးကို ခါးလောက်နက်သော တွင်းထဲ၌ ထိုင်စေကာမြေမြှုပ်.ထို့နောက်အပေါ်မှကောက်ရိုးများဖုံးအုပ်ကာမီးရှို့စေ
ပြီးလျှင် သံထွန်သွားဖြင့်အားလုံးကို အပိုင်းအပိုင်းပြတ်အောင်တစ်စစီ
တစ်စစီဖြစ်အောင် ထွန်ယက်စေ။မာဂဏ္ဍီအတွက်သီးသန့်အမိန့်တော် 
မာဂဏ္ဍီသည် အားငယ်စွာ နားစွင့်နေရှာ၏မိဖုရားခေါင်ကြီးဖြစ်ခဲ့ဘူးသူမို့
သက်ညှာသောအားဖြင့်သူ့ကိုတော့စီရင်ချက်ချလိမ့်မည်ဟုတွေးနေမှိ၏
သို့သော်...မာဂဏ္ဍီ၏ ခန္ဓာကိုယ် ဆူဖြိုးသောအရပ်မှအသားများကို
ဓားထက်ထက်ဖြင့် ပါးပါးလှီးယူကာမီးဖိုပေါ်တင် ဆီအိုးကင်း၌ ထည့်ကာ
မုံ့ကြော်သလို“ကြော်”စေ၊ယင်းအသားကြော်များကိုမာဂဏ္ဍီကိုပြန်ကြွေး
စေ..တစ်ချက်လွတ် အမိန့်တော်(ဘုရင်မင်းကြီသည်သာမာဝတီအပေါ် 
အချစ်ကြီး၍ လုပ်ကြံသူမာဂဏ္ဍီအပေါ် အမုန်းကြီးသွားခြင်းဖြစ်၏) 
မာဂဏ္ဍီသည်လုံးဝထင်မထားသောအမိန့်တော်ကိုကြားလိုက်ရသော
အခါတုန်လှုပ်သွား၏ အသားများပင်ဆပ်ဆပ်တုန်လာ၏၊ထိုစဉ်မှာပင်
လက်မရွံအာဏာသားများသည်မာဂဏ္ဍီကိုကြမ်းတမ်းစွာ
ဆွဲငင်သွားကြ၏၊ထို့နောက်တော့….။ 

ရဟန်းတော်များသည် ဓမ္မသဘင်၌သာမာဝတီကဲ့သို့ အပြစ်ကင်း၍
ဓမ္မကိန်းသော အမျိုးသမီးတစ်ယောက် မီးလောင်၍သေဆုံးရခြင်းသည် 
မသင့်တော်ဟု ပြောဆိုနေကြ၏တစ်ချို့ရဟန်းတော်များက သနားကြ၏ တစ်ချို့ရဟန်းတော်များက“သံဝေဂ”ဖြစ်တော်မူကြ၏။
ထိုအချိန်ရှင်တော်မြတ်ဘုရား ကြွလာတော်မူ၍“ဘာစကားများ”  
 ပြောနေကြတာလဲ ဟု(စကားစရန်အတွက်)မေးတော်မူလိုက်၏။
ရဟန်းတော်များကသာမ၀တီကဲ့သို့သဒ္ဓါတရားနှင့်ပြည့်စုံ၍ဓမ္မကိန်းသော 
အမျိုးသမီးတစ်ယောက်ယခုကဲ့သို့ မီးလောင်၍သေဆုံးရခြင်းသည်
မသင့်တော်ဟု ပြောဆိုနေကြပါသည်ဘုရားဟု လျှောက်ထားကြ၏ 
ထိုအခါ...ရှင်တော်မြတ်ဘုရားက..  ဤဘ၀တစ်ခုတည်းကွက်ကြည့်လျှင်
တော့မသင့်တော်ဟုထင်နိုင်စရာရှိ၏၊သို့သော်သံသရာကသူတို့ပြုခဲ့သော
“ကံ”အကြောင်းတရားပြန်ကြည့်လျှင်သူတို့ဝဋ်ကြွေးပေးဆပ်ရခြင်းဖြစ်၏
ဟုမိန့်တော်မူ၏၊သတ္တ၀ါတို့သည်သံသရာကျင်လည်စဉ်ကာလ
အတွင်းကောင်းမှုများကိုပြုခဲ့ကြသလိုမကောင်းမှုများ ပြုခဲ့ကြသည်လည်း
ရှိခဲ့ကြ၏၊ထို့ကြောင့် သံသရာ ကျင်လည်သူ မှန်သမျှသည်“ချမ်းသာ
ဆင်းရဲ”ခံစားကြရစမြဲဖြစ်၏၊မဟာကရုဏာရှင်ရှင်တော်မြတ်ဘုရားသည်
ရဟန်းတော်များအား သူ့တို့၏ဘ၀နောက်ကြောင်း(အတိတ်က အရိပ်) 
ကိုပြန်ပြောင်း ဟောပြတော်မူ၏၊

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းထီးနန်းစိုးစံစဉ်က ဖြစ်၏ဘုရင်မင်းကြီး၏
ပင့်လျှောက်ချက်အရပစ္စေကဗုဒ္ဓအရှင်မြတ်(၈)ပါးတို့သည် 
မင်းနန်းတော်သို့ အမြဲဆွမ်းဘုဉ်းပေးကြွတော်မူ၏ ၊မိဖုရားနှင့်ရံရွှေတော်
ငါးရာတို့ကဂရုစိုက်၍ဆွမ်းဘောဇဉ်များပြင်ဆင်ဆက်ကပ်လှူဒါန်းကြရ၏၊
 တစ်နေ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်-၇-ပါးတို့သည် မိမိတို့ အမြဲသတင်းသုံးရာ
ဟိမ၀န္တာသို့ ပြန်ကြွတော်မူကြ၏၊ ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးသည် မြစ်ကမ်းနဘေး“ခြုံပုတ်”တစ်ခု၌ ၀င်ရောက်သီတင်းသုံးလျှက်
“ဈာန်သမာပါတ်”၀င်စားတော် မူနေ၏၊ဗြဟ္မဒတ်မင်းကြီးသည်
ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ပြန်ကြွသွားကြပြီးဖြစ်၍ မိဖုရားအခြံအရံ
ငါးရာကို ခေါ်၍ မြစ်ထဲ၌“ရေပက်တမ်း”ကစားကြ၏၊ မိဖုရားများသည်
အချိန်လည်းကြာ ချမ်းလှပြီလည်းဖြစ်၍ မြစ်ကမ်းပေါ်သို့ တက်၍
အအေးဒါဏ်ကာကွယ်ရန်မီးဖိုဖို့ ထင်းခြောက် မျက်ခြောက်များကို
ဟိုဟို ဒီဒီ ကြည့်ရှုရှာဖွေကြ၏၊ ထိုအခါ မြစ်ခြောက်ခြုံပုတ်တစ်ခု
မြင်တွေ့ရ၍အအေးဒါဏ်ကာကွယ်ရန်“မီးရှို့”လိုက်ကြ၏။
မျက်ခြောက်များ မီးလောင်ပြီးသောအခါ အရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို မီးလောင်ပြင်ထဲ“ဘွားကနဲ”တွေ့မြင်ရတော့၏၊ ထိုအခါ သူတို့
ကြောက်လန့်သွားကြ၏၊မင်းကြီးများ ဒီကိစ္စ အကယ်၍သိသွားလျှင်
.. သူတို့ ဆက်မတွေးဝံ့ကြ၊ အကြောက်လွန်၍ သူတို့အားလုံး
“မလုပ်သင့်သည်ကို လုပ်လိုက်ကြ၏၊”၊ ထင်းခြောက်များ ထပ်ရှာ၍ 
အရှင်မြတ်အပေါ်သို့ စုပုံလိုက်ကြ၏၊အရှင်မြတ်ကို အမြစ်ပြတ်မီးရှို့
လိုက်ကြခြင်းဖြစ်၏၊ ထို့နောက် သူတို့ ထွက်ခွါသွားကြတော့၏၊
“ကံ- ဟူသည်မှာ စေတနာကို ခေါ်ဆိုခြင်းဖြစ်၏၊  ...သူတို့ပထမ
မြက်ခြောက်ခြုံပုတ်ထင်ကာမီးရှို့စဉ်ကစေတနာမပါ၍“ကံ”မမြောက်ပေ၊ 
သို့သော် ပစ္စေဗုဒ္ဓါအရှင်မြတ်ကိုမြင်တွေ့သောအခါ မိမိတို့ကို  ဘုရင်
မင်းကြီးကပြစ်ဒါဏ်စီရင်မည့်အရေးမျှော်တွေးကြောက်လန့်ကာ
မီးလောင်စေလိုသောစေတနာခြင့် ကြောင့်ကြစိုက်၍
အားထုတ်မိခြင်းကြောင့်“ကံ”မြောက်သွားလေတော့၏၊
သမာပါတ်ဝင်စားစဉ်ကာလအတွင်း ထင်းအစည်းပေါင်း တစ်သိန်းမျှ
မီးတင်ရှို့သော်လည်းအရှင်မြတ်ကိုအခိုးမျှတောင်ဟပ်နိုင်မည်မဟုတ်ပေ၊
(ဤသည်မှာ သမာပါတ်၏ ထူးခြားမှု စွမ်းရည်ပင်ဖြစ်၏၊) 
ပစ္စေကဗုဒ္ဓါအရှင်မြတ်သည်-၇- ရက်မြောက်သောနေ့၌ သမာပါတ်မှ ထတော်မူ၍ချမ်းသာစွာပင်(ဟိမ၀န္တာသို့) ကြွသွားတော်မူလေ၏၊
မိဖုရားနှင့်အခြံအရံအမျိုးသမီးငါးရာတို့သည် ထိုစေတနာပါသော
“အကုသိုလ်ကံ”တရားကို ပြုမှားခဲ့ခြင်းကြောင့် အနှစ်တစ်သိန်း
ငရဲ၌ ခံစားကြရ၏၊ ငရဲမှလွတ်လာသောအခါ ကံကြွင်း အနေအားဖြင့်
ဘ၀ငါးရာမီးဘေးသင့်၍ ဘ၀ကူးကြရ၏၊ ဤသည်မှာသူတို့ပြုခဲ့သော
အတိတ်က အကုသိုလ်ကံပင်ဖြစ်၏ မျက်မြင်အားဖြင့် သာမာဝတီ
မိဖုရားခေါင်ကြီးနှင့်ရံရွှေတော်ငါးရာတို့ကို မာဂဏ္ဍီမိဖုရားကြီးက
မီးရှို့သည်ဟု မြင်ရ၏၊ သူတို့သည် ဘ၀၏“ဓါးစာခံ”အဖြစ် ကြားဝင်
သရုပ်ဆောင်လိုက်ကြရခြင်း ဖြစ်၏၊အမှန်အားဖြင့် သာမာဝတီတို့၏
အတိတ်က ပြုခဲ့သော“အကုသိုလ်ကံကြမ္မာ၏”၀ဋ်ကြွေးကိုသူတို့
ပြန်လည်ပေးဆပ်ရခြင်းသာ ဖြစ်ပါ၏၊၀ဋ်ကြွေးကြမ္မာဟူသည်
ပြေး၍ လွတ်ရိုးထုံးစံ မရှိချေတကား


                     ပြီးပါပြီ။  ကောင်းသစ်

ဝဋ်ကြွေးကြမ္မာ..အပိုင်း(၅)

ထိုအခါ ...ဒေါသအဟုန် လေးညှို့အဟုန်တို့ကြောင့် အရှိန်ပြင်းစွာ
“တာ”ထွက်လာသော မျှားအဟုန်သည်လည်း အရှိန်ပြင်းလှ၏၊
လူကို မဆိုထားဘိ အင်အားကြီး ဆင်ကိုလည်း ဘုန်းကနဲ လဲကျစေနိုင်၏၊ သားသမင်ကိုလည်း ဘိုင်းကနဲ လဲကျစေနိုင်၏၊ အလွန်မာကျောသည့် ကျောက်စိုင်ကျောက်သားကိုသော်မှထိုးဖေါက်နိုင်

စွမ်းရှိ၏၊သို့သော်ဒေါသအရှိန် လေးညှို့အရှိန်ကြောင့်အရှိန်ပြင်းစွာ
မောင်းတင်လာသော အဆိပ်လူးမျှား သည် သာမာတီနှင့်ရံရွှေတော်
ငါးရာတို့၏နှလုံးသားကိုမထိုးဖေါက်နိုင်ချေ၊ဤသည်မှာသူတို့၏စူးရှသော
မေတ္တာတံတိုင်းကြောင့်ဖြစ်၏၊မေတ္တာတရားသည်ရန်သူကိုကာကွယ်ရာ၌
ကျောက်စိုင်ကျောက်သားထက်မာကျောသည့်သဘောတရားကို
ဤနေရာ၌ တွေ့မြင်ရပါ၏ အရှိန်ဖြင့်ကန်လွှတ်လိုက်သော“ဘော်လုံး”
သည်မာကျောသည့်နံရံကိုထိမှန်သည့်အခါနောက်သို့အရှိန်ဖြင့်ပြန်လည်
တွန်းကန်လာသလို ဘုရင်ဥတေန ပစ်လွှတ်လိုက်သည့် အရှိန်ပြင်းစွာ ပြေးဝင်လာသောအဆိပ်လူးမျှားသည်လည်း မိဖုရားခေါင်ကြီး
သာမာဝတီနှင့်ရံရွှေတော်ငါးရာတို့၏ဘုရင်-မာဂဏ္ဍီ-မိမိသုံးဦးကို
တစ်ပြေးညီ ပို့လွှတ်နေသောမေတ္တာတံတိုင်းကို ထိမှန်သည့်အခါ
အရှိန်ဖြင့်ပင် မျှားပစ်သူဥတေနရင်ဝဆီသို့ မျှားဦး ပြန်လှည့်လာတော့၏

ဘုရင်ကြီးသည် ထိန်လန့်ခြင်း တုန်လှုပ်ခြင်းအတူ အံအားသင့်သွား၏ ထိုနောက်တော့အံသြသွား၏သူတစ်သက်နှင့်တစ်ကိုယ်မကြုံဘူးသည်ကို
ကြုံနေရ၏၊မမြင်ဘူးသည်ကိုမြင်နေရ၏။သူ့အတွက်တော့
မျက်လှည့်ပြပွဲ

ကြည့်လိုက်ရသလို ဖြစ်နေ၏။သွေးသားနှင့်တည်ဆောင်ထားသည့်
ခန္ဓာကိုယ်မဆိုထားဘိ၊သွေးသားမဲ့ကျောက်စိုင်ကျောက်ခဲကိုသော်မှ
လည်းသူ၏ အဆိပ်လူးမျှားသည် ထိုးဖေါက် နိုင်စွမ်းရှိ၏ယခုတော့ မျှားဦးသည် ပစ်မှတ်သို့မသွား ပစ်သူသို့သာ တဖန်ပြန်လာနေ၏
သက်မဲ့ဖြစ်သော မျှားသည် မိဖုရားကြီးတို့၏ဂုဏ်ကျေးဇူးကို သိပါလျှက် 

သက်ရှိဖြစ်သောငါသည်ကား မိဖုရားခေါင်ကြီး၏ကျေးဇူးဂုဏ်ကိုမသိသူ ဖြစ်ခဲ့ချေပြီးတကား၊သူ၏ အသိဥာဏ်သည် လိုက်မမှီတော့
တွေဝေသွားတော့၏၊ အသိဥာဏ်အမြင်သာမက မျက်လုံးအမြင်ပါ မကြည်လင်တော့သည့်အတွက်အရပ်မျက်နှာတို့သည်လည်းမှုန်ဝါးသွား
ပေပြီ၊မသဲကွဲတော့၊ သူသည် အမှောင်ထုထဲရောက်နေသူပမာသဲကွာစွာ
ဘာမှမမြင်ရတော့၊လေးကိုအသာအယာအောက်သို့ချလိုက်၏၊
ထို့နောက်တော့ မှုန်ဝါးဝါး မြင်နေရသည့် မိဖုရားခေါင်ကြီး သာမ၀တီ၏ ရှေ့နားတိုးကာ ဆောင့်ကြောင့်ထိုင်လျှက်အသင်မိဖုရားခေါင်ကြီးသည် ကျွနုပ် ဥတေန ဘုရင်၏ ကိုးကွယ်ရာ ဖြစ်ပါတော့ ဟု လက်အုပ်ချီ၍ပင် တောင်းပန် လေတော့၏၊

ထိုအခါသာမာဝတီမိဖုရားခေါင်ကြီးသည်မေတ္တာကွန်ယက်ဖြန့်ကျက်ခြင်း

ကိုရပ်နားလိုက်၍ ဘုရင်မင်းကြီးနှမတော်ကိုးကွယ်ရာသို့သာကိုးကွယ်ပါ
 ဟု မေတ္တာလည်းဖက် အကြင်နာလည်းစွက်သည့် သာယာချိုမြိန်သော စကားသံဖြင့်ကိုးကွယ်ရာအမှန်ကို ညွှန်ပြလေ၏၊တစ်ကြိမ်. နှစ်ကြိမ်.
သုံးကြိမ်သို့ပင် ရောက်ခဲ့ပေပြီး၊ ထိုအခါ ဘုရင်ဥတေနမင်းကြီးသည်
အသင်မိဖုရားခေါင်ကြီးကိုလည်း ကိုးကွယ်ရာလို့ သိမှတ်မယ်၊ အသင်မိဖုရားခေါင်ကြီး ကိုးကွယ်နေသည့်အနုတ္တရ-ဗုဒ္ဓ ကိုလည်း ကိုးကွယ်ရာလို့ သိမှတ်မယ်၊ နောက်ပြီး အသင်မိဖုရားခေါင်ကြီး လိုသော
ဆုလာဘ်”ကိုလည်းပေးပါမယ်ဟုအာမခံလေတော့၏။မာဂဏ္ဍီမိဖုရား
သည်သာမာဝတီကိုပျက်စီးစေရန်ကြံ၏..သို့သော်သာမာဝတီအဖို့မှာ
တော့“စုတ်ရော လာဘ်ရော” ပြိုင်တူဝင်လာသလို ဖြစ်နေတော့၏။
ယနေ့ရွှေနန်းတော်၌သင်္ကန်းရောင်တပြောင်ပြောင်နှင့်သာသနာ့အရောင်
ထွန်းပြောင်နေလေပြီဘုရင်ဥတေနမင်းကြီးကိုယ်တိုင်ကြပ်ကြပ်မတ်မတ်

ဦးစီး၍ ဘုရားအမှုးရှိသော သံဃာတော်အရှင်မြတ်တို့ကို ဆွမ်းဆက်ကပ်
နေခြင်းဖြစ်၏၊ တစ်ရက်မက နှစ်ရက်မက ခုနှစ်ရက်တိတိပင်ဖြစ်၏။
ခုနှစ်ရက်မြောက်နေ့၌သာမာဝတီမိဖုရားခေါင်ကြီး“လိုအပ်သော ဆု”
တောင်းရန် ပြောလေတော့၏၊ထိုအခါ သာမာဝတီမိဖုရားခေါင်ကြီးက 
သူသည် ရွှေ ငွေ ဂုဏ်ပကာသန ဘာတစ်ခုမျှ မတောင်းဆိုလိုပါ၊
ဘုရားအမှူးရှိသော သံဃာတော်ငါးရာ နေ့စဉ် နန်းတော်သို့ ကြွ၍ ဆွမ်းဘုဉ်းပေးရန်သာ ပင့်လျှောက်ပေးပါ။နှမတော်လိုချင်သောဆုသည်
ဤဆုသာဖြစ်ပါသည်၊ဘုရင်ဥတေနသည်အတုလဗုဒ္ဓဖြစ်တော်မူသော
ရှင်တော်မြတ်ဘုရားကို အမြဲနန်းတော်ကြွ ဆွမ်းဘုဉ်းပေးတော်မူရန် သာမာဝတီကိုယ်စား လျှောက်ထားလေ၏ ရှင်တော်မြတ်ဘုရားသည်
မဟာရာဇဘုရားရှင်တို့မည်သည်တစ်နေရာတည်းအမြဲကြွရိုးထုံးစံမရှိပေ
လူအများသည်ဘုရားရှင်ကြွလာတော်မူခြင်းကိုအလိုရှိကြသည်သာဖြစ်၏
ဟု မိန့်တော်မူရင်း ပင့်လျှောက်ခြင်းကို ပယ်မြစ်တော်မူလိုက်၏
ရှင်တော်ဘုရား မကြွနိုင်လျှင် ကိုယ်စားရဟန်းတော်များ  ကြွစေတော်မူပါ
ဘုရားဟုထပ်မံလျှောက်ထားပြန်လေ၏ထိုအခါရှင်တော်မြတ်ဘုရားသည်
“အရှင်အာနန္ဒာကို တာဝန်ပေးတော်မူလိုက်၏ သာမာဝတီအတွက်တော့
ရတနာသိုက်ကြီးရလိုက်ခြင်းဖြစ်၏သူတို့အတွက်ဘာသာရေးရွှေတံခါး

ကြီး အချိန်ပြည့် ပွင့်ပေပြီ၊ ပွင့်လေပြီ၊ပွင့်နေပြီ၊ ထို့ကြောင့် သာမာဝတီ မိဖုရားခေါင်ကြီးတို့အုပ်စုသည် အပျော်ကြီးပျော်နေကြ၏
သူတို့ပျော်သလောက် မပျော်နိုင်သူကတော့မာဂဏ္ဍီမိဖုရားကြီးပင်ဖြစ်၏
လွတ်လွတ်လပ်လပ် ဘုရားရှင်ကို ရှိခိုးခွင့် ပူဇော်ခွင့်ရသည့်အပြင် တရားတော်များကို တိုက်ရိုက်နာကြားခွင့်ရသောကြောင့်ဖြစ်၏
သူတို့အားလုံး ဖူးမဝ နာမဝ လှူမဝ ဖြစ်နေကြ၏..
 

အရှင်အာနန္ဒာသည် ရဟန်းတော်ငါးရာနှင့်အတူ မင်းနန်းတော်သို့
ကြွတော်မူလာ၍ ဆွမ်းဘုဉ်းပေးပြီးတိုင်း အနုမောဒနာ တရား ဟောကြား
တော်မူ၏ ရံဖန်ရံခါ သာမာဝတီတို့ မေးလျှောက်သည့် ဘာသာရေးပုစ္ဆာ
များကိုလည်း စိတ်ရှည်စွာ ရှင်းရှင်းလင်းလင်း သိသည်အထိ
ဖြေကြားတော်မူ၏။ အရှင်အာနန္ဒာဟူသည် သာသနာတော်၌ဧတဒဂ်ငါးခု
ဆွတ်ခူးရရှိတော်မူသည့်ဧတဒဂ်အများဆုံးအထေရ်မြတ်ဖြစ်၏။ဤသို့ဖြင့်
သာမာဝတီနှင့်ရံရွှေတော်များအဖို့ ဒါန သီလ ဘာဝနာ ကုသိုလ်များ
နေ့စဉ်တိုးပွားနေပေတော့၏ မာဂဏ္ဍီ မိဖုရားကြီးသည်သူမမြင်လိုသည့်

“သမဏ”များကို မမြင်ချင်အဆုံး မြင်နေရ၏၊ယင်းသို့ မြင်နေရခြင်းသည် သမဏတွေအပေါ် ထားရှိသည့်“သူ့အမုန်း”ကိုဆွပေးသည်နှင့် တူနေ၏၊ လောင်စာဆီမြှင့်ပေးသလိုဖြစ်နေ၏တစ်ဖက်မှာ ကုသိုလ်များသလောက်
သူ့အတွက်တော့ အကုသိုလ်ပွားနေ၏ အာဃာတ ရန်ငြိုးကြောင
ဖြစ်ပေါ်နေသောသူ့အမုန်းတရားသည် နေမြင့်လေ အရူးရင့်လေ
ဆိုသလို ကြာလေ ဆိုးလေ တိုးလေ ဖြစ်နေတော့၏သာမာဝတီတို့ကို
ဘုရင်မင်းအသုံးချပြီး လုပ်ကြံဖို့ မလွယ်ကူမှန်း သူလက်တွေ့သိသွားပြီ ဖြစ်၏၊ထို့ကြောင့်ဟာကွက်ကိုရှာ၏၊ပျော့ကွက်ကိုကြည့်၏အခြေအနေနှင့်
အချိန်အခါကို မလွတ်တန်းအမြဲ စောင့်ကြည့်နေ၏တစ်နေ့ဘုရင်ဥတေန
တောကစားထွက်မည့်အကြောင်းသူ သိသွား၏သူ့ဦးလေးကို
ကြိုတင်အစီအစဉ်လုပ်ခိုင်းထား၏ဘုရင်မင်းကြီးတောကစားထွက်သည်
နှင့်တစ်ပြိုင်သူတို့လုပ်ငန်းစကြ၏၊သူတို့လက်ချက်ကြောင့်သာမာဝတီတို့
အားလုံး နန်းမဆောင်နှင့်အတူပြာပုံဘ၀ ရောက်သွား၏၊ပူလောင်သော
မီးတောက် မီးညွှန့်တို့သည်မာဂဏ္ဍီ၏ ရင်ကို အေးမြစေ၏၊ သူဖြစ်ချင်တာ
ယနေ့ ဖြစ်ရပြီး မဟုတ်ပါလား၊သူမြင်ချင်သော သူတို့၏ ပျက်စီးခြင်းကို ယနေ့ သူမြင်တွေ့နေရပြီး မဟုတ်ပါလား၊
 

အတိတ် အရိပ်သည် သူ့ရင်မှာအမြဲထင်ဟပ်နေ၏ယခုဘုရင်မင်းကြီးက
ပြောနေပြန်ပြီ၊ သာမာဝတီတို့ ရှိတုန်းကသူအထိတ်တလန့်နှင့်အချိန်တွေ

ကုန်လွန်ခဲ့ရတယ်တဲ့၊ ယခုမှ သူ့ဘ၀ဟာ ကျော့ကွင်းလွတ်သမင်-
ပိုက်ကွန်လွတ်ငှက်လို လွတ်လပ်မှုချမ်းသာ အပြည့်ရှိတော့တယ်တဲ့။ 
ဒါဆို သူအရင်က သာမာဝတီအပေါ် လိုက်လျောခဲ့တာတွေဟာ စိတ်ပါလို့မဟုတ်ပဲ ဝတ်ကျေတမ်းကျေ အနေနှင့်သာ လိုက်လျောခဲ့တာ 
ဖြစ်မယ် သာမာဝတီတို့အုပ်စုကိုလုပ်ကြံသူဟာသူ့ကို အမှန်တကယ်
ချစ်မြတ်နိုးသူသူ့အကျိုးကိုအမှန်တကယ်လိုလားသူသာဖြစ်လိမ့်မယ်တဲ့
လေ။ဒီနေ့ဟာ ငါ့အတွက် အောင်မြင်မှု သရဖူဆောင်းတဲ့နေပဲ 
သူအောင်မြင်သည် ထင်သောနေ့သည် သူ့ဘဝနှင့် သူ့အသိုင်းအဝိုင်း တစ်ခုလုံးကျဆုံးသည့်နေ့ဖြစ်နေလိမ့်မယ်ဆိုတာကိုတော့သူ
မသိရှာသေးပေ။ထို့ကြောင့်သူသည်အောင်မြင်သူတို့ဟန်
အောင်မြင်သူတို့မာန်ဖြင့်ဝင့်ဝင့်ကြွားကြွား ဘုရင် မင်းတြားကို
လျှောက်ထားတော့၏လုပ်ကြံသူဟာ ဘယ်သူဖြစ်မလဲ နှမတော့ပေါ့၊
ဟောဒီက နှမတော်လေးမာဂဏ္ဍီလေ မောင်တော်မင်းကြီးရဲ့၊
တစ်ခြားသူ ဘယ်လူ ဒီလိုလုပ်ရဲပါ့မလဲလုပ်ရဲတဲ့သတ္တိရှိပါ့မလား၊
သူသည်သူကြံစည်ခဲ့ပုံများကို အစအဆုံး စိတ်ပါလက်ပါဘုရင်မင်းကြီးကို
ပြောကြားနေတော့၏၊ဘုရင်မင်းကြီး ပြုံးနေ၏၊မိဖုရားကြီးလည်း
ပြုံးနေ၏သို့သော်“အပြုံးချင်းတော့ မတူကြပေ မိဖုရားကြီးအပြုံးကား အောင်နိုင်သူတို့၏အပြုံး၊ ဘုရင်မင်းကြီး၏ အပြုံးကား --
  ( ဆက်ရန် )
                                                         ကောင်းသစ်