ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Thursday, February 10, 2011

ကြောက်ကြီး(၉)လုံး ဆုံးမစာ

၁။ မျက်ကွယ် မျက်မြင်၊ မဆင်ခြင်၊ လူရှင်သိမည်ကြောက်။
၂။ မေတ္တာကုန်ခန်း၊ စိတ်မချမ်း၊ ညှိုးနွမ်းမည်ကိုကြောက်။
၃။ ကိုယ်နှင့်မတန်၊ စကားထန်၊ မင်းဒဏ်သင့်မည်ကြောက်။
၎။ သစ္စာမမြဲ၊ အကျင့်လွဲ၊ ပါယ်ထဲရောက်မည်ကြောက်။
၅။ လွန်ကျူးသမျှ၊ နောက်နောင်တ၊ ရှိရမည်ကိုကြောက်။
၆။ သေနှင်အရက်၊ လူကိုဖျက်၊ အရှက်ရမည်ကြောက်။
၇။ မင်း၏ဥစ္စာ၊ အနည်းသာ၊ ပြစ်ဆာရောက်မည်ကြောက်။
၈။ မဟုတ်မလျား၊ သူလှည့်ဖျား၊ မှောက်မှားမည်ကိုကြောက်။
၉။ ရန်သူငါးချက်၊ အခင်းဖျက်၊ သေပျက်မည်ကိုကြောက်။
                                                       (တွင်းသင်းမင်းကြီး မဟာစည်သူ)

No comments: