ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Sunday, November 7, 2010

ကြမ်းတမ်းခြင်းမှ ကြင်နာခြင်း (၂)

                                              

စက္ကန့် မိနစ် နာရီတို့သည်သာ တလှုပ်လှုပ်ရွေ့လျှားနေသည်မဟုတ်၊ နေ လ နက္ခတ် တာရာတို့သည်လည်း တဖြည်းဖြည်းရွေ့သွားနေပေ၏၊ ဤသို့နှင့် တစ်နေ၀င် တစ်နေထွက်၊ ရက်မှသည် လ၊ လမှသည်နှစ်၊နွေ မိုး ဆောင်း ဥတု ရာသီတွေပင် အလီလီပြောင်းခဲ့ပေပြီ၊“အဟိံသက” 
သည်လည်း လူလားမြောက်၍ အားကေင်းမောင်းသန် အရွယ်သို့ပင် ရောက်ခဲ့ပေပြီ။ခွန်အားနှင့်ပတ်သက်လာလျှင်..ယှဉ်နိုင်သူ..
ယှဉ်ပြိုင်သူပင်မရှိ ဆင်ပြောင်ခုနှစ်စီးအားမာန်နှင့်ညီမျှသော ခွန့်အားကို ပိုင်ဆိုင်သူအဖြစ်ထင်ရှား၏၊ ကျော်ကြား၏လူသိများ၏၊ ခွန်အားခြင်း မည်သူမျှမစမ်းရဲ၊ သို့သော် သူသည် စိတ်ထားကောင်း၏ ဖေါ်ရွေ၏ ကူညီတတ်၏၊ဗလအားကိုးပြီး သူတစ်ပါးကိုအနိုင်ကျင့်ခြင်း လုံးဝမရှိ၊ ဤသည်မှာသူ၏(လောဘ ဒေါသ မောဟ အတ္တ မာန အရောင်ချယ်မခံရသေးသော)မွေးရာပါ စိတ်ဓါတ်ဖြစ်၏ အကျိုးတရားတိုင်းသည် အကြောင်းတရားနှင့်ကင်းရိုးထုံးစံမရှိ၊ အရာဝတ္ထုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိ၏၊ ဤသည်မှာ မည်သူမျှ ငြင်းချက်မထုတ်နိုင်သော လောကနိယာမ သဘာဝ
အမှန်တရားပင်ဖြစ်၏။ မှန်၏၊ အဟိံသက- ယင်းသို့
ခွန်အားကောင်းခြင်းသည် အကြောင်းမဲ့မဟုတ်၊ နှောင်းအတိတ်က ကြောင်းအရိပ်ရှိခဲ့သောကြောင့်ဖြစ်၏၊(လောက၌ သမ္မာသမ္ဗုဒ္ဓ
ဘုရားပွင့်ချိန် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ပွင့်ထွန်းရိုးထုံးစံမရှိချေ) ခေတ်အခြေအနေအားဖြင့် သာသနာပအချိန်ကာလဖြစ်၏၊ သာသနာပ ကာလ၌သာ ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ပွင့်ထွန်းပေါ်ပေါက်ရိုးဖြစ်၏၊
တစ်ဆူမက နှစ်ဆူမက ငါးရာ တစ်ထောင် ထို့ထက်အလွန်လည်း ပွင့်ထွန်းနိုင်၏ ၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကဲ့သို့“တစ်ဆူတည်းသာ” ဟူသော စံနှုန်းသတ်မှတ်ချက်မရှိပေ၊ထိုခေတ် ထိုအချိန်က
အဟိံသကသည် ၊တောင်သူလယ်သမားကြီးတစ်ဦးဖြစ်၏၊ မိုးရေတို့ဖြင့် တစ်ကိုယ်လုံးစိုရွှဲသည်ဖြစ်၍ အအေးလောကဓံ၏
နှိပ်စက်ခြင်းကို ခံနေရသော ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးသည် သူ၏လယ်တောသို့ ကြွလာ၏။ မုတ်ဆိတ်ပျားစွဲ စိုင်ကော်လို့ ချုံပေါ်ရောက်သည့် ကိန်းတော့ ဆိုက်လေပြီး၊ ငါ့ရှေ့မှာ ရွှေတောင်ကြီး ပေါက်သလို ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါး ကြွရောက်၍ လာချေပြီ၊ လသာတုန်း ဗိုင်းငင့်၊ မိုးရွာတုန်း ရေခံဆိုသလို ရလာသည့် အခွင့်အရေး လက်နှေးလို့ မဖြစ်ဟု နှလုံးပိုက်ကာ အအေးဒါဏ်ကာကွယ်နိုင်ရန် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ထင်းခြောက်များကိုစုပုံကာ“မီးဖို၍အပူဓါတ်”
ပေးလှူလေသည်၊အရှင်မြတ်သည်လည်း အအေးဒါဏ်ချက်မှ လွတ်မြောက်ရသည့်အပြင် သင်္ကန်းများလည်း“စို”ရာမှ“ခြောက်သွေ့”လာပေပြီ၊ အအေးရပ်၍အနွေးဓါတ်များရပေပြီအဟိံသက
သည်လည်းလိုနေချိန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ရ၍
ကျေနပ်ခြင်းကြည်နူးခြင်းများနှင့်အတူကြက်သီးမွေးညှင်း
ထလောက်အောင်အထိ“ပီတိ ပါမောဇ္ဇ”များ တဖွါးဖွါးဖြစ်ပွါး၍ လာပေသည်၊ထိုအချိန်မှစ၍ ဖြစ်လေရာရာ အားကောင်းခြင်း အလွန်လျှင်မြန်ခြင်းဆိုတဲ့ အကျိုးတရားသည်လည်း သူ့နောက်သို့ အရိပ်ပမာ ကပ်၍ ကပ်၍သာ ပါလာလေတော့သည်၊ ဤသည်မှာ
အဟိံသက၏ နှောင်းအတိတ်က သူပြုခဲ့သည် (ပျက်ပြယ်သွားခြင်းမရှိသော)ကြောင်းအရိပ်ပင် ဖြစ်ပေတော့သည်၊ ရှေးခေတ် ဓလေ့ထုံးစံအရမိမိတို့၏သားတော်များကိုပညာသင်ကြားရာ၌
ထင်ရှားသော အခြားနိုင်ငံသို့သာ ပညာသင်စေလွှတ်လေ့ရှိ၏ ဤသည်မှာလည်း ရည်ရွက်ချက်ရှိ၏ မိဘအားကိုးနှင့် မိုက်တွင်းနက်နေသူများ မာနကျစေရန်နှင့်(နယ်လွန်သွားလျှင် မိဘအားကိုးနှင့်မိုက်၍မရ)အပေါင်းအသင်း မိတ်ဆွေများစေရန်၊ တစ်ခြားနိုင်ငံ၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုစသည့် ဒေသန္တရ ဗဟုသုတများ ရရှိစေရန်ဖြစ်၏၊အဟိံသက သည်လည်း
အရွယ်ရောက်လာပြီး ဖြစ်၍“ပညာရေး ခေတ်မှီရမည်”ဟူသော လက်သုံးစကား အလေးထားသော ပညာရှင် သူ့မိဘတို့ကထင်ရှားသော
တက္ကသိုလ်တစ်ခုခုသို့ ပညာသင်လွှတ်ရန် စီစဉ်ရလေတော့သည်၊
                                                                              (ဆက်ရန်
                                      ကောင်းသစ်

No comments: