လမင်းနှင့်လူသား အကြား တိမ်တိုက်အခြားမရှိ၍ လ၏အလှကို“ကြည့်ခွင့်” ရှိ၏ လရောင်၏အတွေ့ကို “ ထိခွင့်”ရှိ၏၊ လ၏ငြိမ်းအေးမှု ရသကို“သိခွင့်”ရှိ၏၊ပါရမီဖြည့်ဘက် ဘ၀လက်တွဲဖေါ်ဖြစ်တဲ့“စန္ဒပဘာ”နှင့် ငါ့အကြားမှာတော့အဟိံသကနှင့်ပါတ်သက်ပြီး“သံသယ”တိမ်တိုက် ခြားနေတဲ့အတွက် ဒီလ ဒီည ဒီအလှမျိုးကို ခံစားခွင့် မရပါလားကွယ်၊အဖေါ်ရှိလျှက် အထီးကျန်ဖြစ်နေရတဲ့ င့ါဘ၀၊ အခြွေအရံရှိလျှက် တစ်ကောင်ကြွက်ဖြစ်နေရတဲ့ ငါ့ဘ၀၊ ဥစ္စာရှိလျှက် စိတ်ဆင်းရဲနေရတဲ့ ငါ့ဘ၀.. ဒါတွေ အားလုံးဟာ သူ့ကြောင့် ဟုတ်တယ် အဟိံသကဆိုတဲ့ သူ့ကြောင့်ပဲ၊ သူဟာ င့ါအတွက် တိမ်တိုက်၊ သူ့ဟာ ငါ့အတွက် သံသယ ၊သူဟာအင့ါအတွက် မီးတောင်၊ သူဟာ င့ါအတွက် သောကဆူး၊ သူဟာ င့ါအတွက်“မာရ်နတ်”၊ သူမရှိမှ င့ါဘ၀ဟ အပြစ်ကင်းတဲ့လလို အပြစ်ကင်းတဲ့ ညလို သာယာနိုင်မှာ၊ ပျော်ရွှင်နိုင်မှာ အေးချမ်းနိုင်မှာ၊
ဟုတ်ပြီး … သူ့ကို အဆင့်မြင့်ဆုံးပညာရပ်ရဲ့ “ဥပစာရပဲ”လို့ မုသားစကားလုံး အသုံးပြုပြီး လူတွေရဲ့လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ယူခဲ့ခိုင်းရမယ်၊အရှင်လတ်လတ် လူရဲ့ လက်ညှိုးပဲဖြစ်ရမယ်၊ ဒါအရေးကြီးဆုံးပဲ၊ဒါဟာတပည့်ကောင်းစားဖို့အတွက်၊တပည့်လူမျိုးတပည့်နိုင်ငံကောင်းစားဖို့အတွက်ပဲလို့
ခပ်ပိုပိုလေး ပြောရမယ် ၊သူ့ဟာသနားတတ်တယ်ကြင်နာတတ်တယ်၊ရိုင်းပင်းကူညီတတ်တယ်၊သူ့အတွက်ဆို သူလုပ်ချင်မှ လုပ်မည်၊“နိုင်ငံနှင့်လူမျိုး”သည်အတွက်ဆို သူမုချလုပ်လိမ့်မည်၊ သူသည် သူ့လူမျိုးကို ချစ်၏၊ သူ့နိုင်ငံကိုချစ်၏၊ တစ်ခြားနိုင်ငံ တခြားတိုင်းပြည်များနှင့် ရင်ဘောင်တန်းနိုင်အောင် သူ့ပညာဖြင့် နိုင်ငံနှင့်လူမျိုးကို မြှင့်မည်ဟု ကြုံးဝါးနေသူဖြစ်၏၊
ငါသည် အတွေးဖြင့်မဟုတ် ၊ အရေးဖြင့်မဟုတ် ၊ အပြောဖြင့်မဟုတ်၊“အလုပ်ဖြင့် သက်သေပြမည်”ဟု ခိုင်မြဲစွာခံယူထားသူလည်းဖြစ်၏၊သူသည်ဆရာကို“ကျောက်ထီးတန္တု”အလေးပြုသူလည်းဖြစ်၏။
ဆရာ့စကားကိုမြေ၀ယ်မကျနားထောင်သူလည်းဖြစ်၏၊ထို့ကြောင့်သူသည်အဆင့်မြင့်ပညာ
တတ်မြောက်ရေးအတွက် လူကိုသတ်၍ လက်ညှိုးကို ဖြတ်လိမ့်မည်၊ ထိုအခါတစ်စုံတစ်ရောက်၏ လက်ချက်ဖြင့် သူ အသက်ဆုံးရှုံးရမည်၊ထိုအခါ လောကကြီ၌ သူမရှိတော့၊သူမရှိလျှင်“စန္ဒပဘာ”နှင့် ငါ့အကြားသောကတိမ်တိုက်လည်း ရှိတော့မည် မဟုတ်၊ပေါက်ကွဲ ပူလောင်တတ်တဲ့ မီးတောင်လည်း ရှိတော့မည်မဟုတ်၊ထို့အခါင့ါဘ၀သည်တိမ်ကင်းသောလမင်းကဲ့သို့သာယာခြင်းရှိပေတော့မည်။အေးချမ်းခြင်းရှိနေတော့မည်၊
(အမှန်အားဖြင့် လူသတ်လက်ညှိးဖြတ်ခြင်းသည် ပညာရပ်နှင့်လုံးဝ မဆိုင်ပေ၊ ဆရာကြီးက သူ့တပည့်အပေါ် သက်သက်အကောက်ဥာဏ် ကြံခြင်းသာဖြစ်၏)ဆရာကြီးသည်“အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ” မှ သွေဖယ်လေပြီး၊ဆရာကြီးသည် တစ်ပည့်မိုက်တို့၏စကားကို“ယုံစား”မှိ၏၊ ဆရာကြီး၏စကားကိုလည်း အဟိံသက“ယုံမှား”မှိပေတော့မည်၊ ဒီအကြံကို ငါ့လက်တွေ့အကောင်အထည်ဖေါ်ရမယ် ၊ဒီညပဲစမယ်၊ အော် အခုပဲစတာကောင်းပါတယ်လေ၊ အချိန်ဆွဲနေရင်အခြေအနေဆိုတာ ပြောင်းလွဲသွားတတ်တယ်၊ သူ့ကြောင့် ငါ့ဘ၀ ပြောင်းလွဲသွားသလို
( ဤသည်မှာ ဆရာကြီး၏ အထင်မျှသာ ) င့ါကြောင့် သူ့ဘ၀လည်း ပြောင်းလွဲသွားစေရမယ်၊ လုံးဝကို ပြောင်းလွဲသွားစေရမယ်၊“ဆရာကြီး”၊အသံသည်တိုးတိုးလေးသာ၊သို့သော်ဆရာကြီးနားထဲမှာတော့
“ဟိန်း”နေ၏၊ သူ့အနားအဟိံသက ရောက်လာသည်ကိုပင် ဆရာကြီး မသိလိုက်၊ အိမ်ထဲ ဆရာကြီး မတွေ့လို့ လိုက်ရှာတာ ဆရာကြီးက ဒီရောက်နေတာကို၊ အေးချမ်းတဲ့ညနှင့်သာနေတဲ့ လရဲ့ အရသာကို ဆရာကြီး ခံစားနေတယ် ထင်တယ်၊ တပည့်ရောက်နေတာ ကြာပြီး၊ ဆရာကြီး အတွေးပျက်မှာ စိုးတာနဲ့ အသံမပြုပဲနေတာ၊ ညဥ့်နက်တော့ အေးလာပြီး ဆရာကြီး၊ ဒီ အနွေးထည်လေး ဆရာကြီး ၀တ်လိုက်ပါအုံး၊ တော်ကြာ ဆရာကြီး အအေးပါတ်နေလို့ တပည့်တွေကို“ပညာ”သင်မပေးနိုင်ပဲ ဖြစ်နေအုံးမယ်။ ဆရာကြီးမဟုတ်ပါလား၊အေးင့ါတပည့်အတွက်ဆရာစဉ်းစားနေတာ၊အခုတပည့်ဒီရောက်လာတာ
နှစ်အတော်ကြာသွားပြီး၊ ပညာလည်း စုံသလောက် ကုန်သလောက် ရှိသွားပြီး၊ အခု လက်ရှိသင်ကြားနေတဲ့ နောက်ဆုံး အဆင့်မြင့်ပညာရပ်“အထွဋ်အထိပ်”ရောက်ဖို့ ငါ့တပည့်အလုပ်တစ်ခု လုပ်ရမယ် ၊ အဲဒါ သင်ကြားဆဲ ပညာရပ်ရဲ့“ဥပစာရ”ပဲ၊ အိမ်တစ်အိမ် ၀င်ရောက်တဲ့အခါ အိမ့် ဥပစာကို ဖြတ်ကျော်ပြီးမှ အိမ်ထဲ ၀င်ရောက်နိုင်သလို အတတ်ပညာရဲ့“ဥပစာရ”ကို ပြုလုပ်ပြီးမှသာ အတတ်ပညာ အထွဋ်အထိပ်ရောက်မယ်၊ ပညာကို အသုံးပြုလို့ ရမယ်၊ အဲဒါတပည့်အချိန်ဆွဲနေလို့ မဖြစ်ဘူး၊ မနက်ဖန် စလုပ်ရမယ် …မနက်ဖန် ဟုတ်လား ဆရာကြီး … ( ဆက်ရန် )
ကောင်းသစ်
No comments:
Post a Comment