ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Sunday, November 14, 2010

အမေ...



အစဉ်အလာအားဖြင့်
( သားသမီးအပေါ် )
အကြဉ်နာထားတာ “အမေ”


ကိုယ်တိုင်မူအရိုးစား 
သမီးသားကို အသားကြွေး
စားရေးအတွက် အပြစ်မရှာ
အနစ်နာခံတာ “အမေ”

ရသမျှ - ရှိသမျှ
သိသမျှ
ပိုင်ဆိုင်မှု မှန်သမျှ
သမီးသားအတွက် သုံး
အမြဲတန်း ပြုံးနေတာ “အမေ”


အမုန်းကို မတေး
အရှုံုးကို မတွေး
အလုံးစုံး ပေးနေတာ “အမေ”

သားမထိနဲ့ - သမီးမထိနဲ့
ရှိသမျှ ခွန်အား
ရန်သူကို တွန်းတားတာ “အမေ”


အကြင်နာတေး သီ
ရင်မှာအေး သည်
မယှဉ်သာ ဖေးသည်ကား “အမေ”


အမေဟာ ဗြဟ္မာ
အမေဟာ မာတာ
အမေဟာ
(သားသမီးတို့အတွက်)
ထာဝရမှီခိုရာ“သီရိဂေဟာ”ကြီးတစ်ခုပါပဲ။
သစ်လွင်

No comments: