ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Thursday, November 11, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း အပိုင်း(၆)

ဆရာကြီးသည် မလာစဘူး အလာထူးသော သူ့တပည့်တို့ကို ကြည့်နေ၏၊ သူတို့ မျက်နှာများမကောင်းကြ၊ နောက်ပြီး တစ်ယောက်မျက်နှာ  တစ်ယောက် ကြည့်နေကြ၏၊ သူပြောနိုး ငါပြောနိုး တွက်နေကြ၏၊ ပြောရမှာ  သူတို့ စိုးရွံ့နေကြဟန်တူ၏ အားနာနေကြဟန် တူ၏၊ ဆရာကြီးသည် သူတို့၏“ အမူအရာကို ”  မြင်၏၊ သို့သော် သူတို့၏ စိတ်ကို တော့ မမြင်မှိချေ။ သည်တိုင်းနေလျှင် သူတို့ စကား စပြောရဲကြမည်မဟုတ်ဟု အထင်ဖြင့်ဆရာကြီးက ဘာများ ပြောစရာစရာရှိလဲ၊ သင်ယူခဲ့တဲ့ ပညာရပ်ထဲကနားမလယ်တာ မရှင်းလင်းတာများ ရှိလို့လားဟု စကားလမ်းကြောင်း စ.ပေးလိုက်၏။ ထိုအခါ သူတို့က မဟုတ်ပါဘူးဆရာကြီး တခြားကိစ္စ  ဆရာကြီးကို ပြောစရာရှိလို့ပါ၊ အဲဒါ ပြောသင့် မပြောသင့် ချင့်ချိန်နေလို့ပါ၊ပြောစရာရှိတာ ပြောပါ၊ ဆရာကြီး၏ ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် သူတို့ပြောလိုက်ကြ၏၊ ( …………..) ပြောချင်တာက အဲဒီ သတင်းပါဆရာကြီး၊ဆရာကြီး ပြုံးနေ၏၊  မဖြစ်နိုင်တဲ့  “ အပုတ်ချ ” သတင်း ဖြစ်မှာပါကွယ်၊ငါ့တပည့် “ အဟိံသက ” ဒီလို စိတ်ထားမျိုး လုံးဝရှိမယ် မထင်ပါဘူး၊ငါတို့ မိသားစုနှင့် အဟိံသက ဟာ မိသားစုဝင်တွေလို နေကြတာပါ။ နောက်ပြီးသူက ကိုယ်ကျင့်ဖြူစင်ပြီး ပညာတော်သူလည်း ဖြစ်တယ်၊ သူကို မနာလို့တဲ့သူကတမင် ဖန်တီးပြီး သတင်းလွှင့်တာ ဖြစ်နိုင်ပါတယ်၊ တပည့်တို့ စိုးရိမ်လို့ ပြောတာတော့ ဆရာကြီး ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ နောက်ဒီသတင်းမျိုး လာမပြောကြနဲ့၊ ကဲ တပည့်တို့ ကိုယ့်ပညာရေးကို ကိုယ်ကြိုးစားကြ၊ ကြားကြလား ၊ဟုတ်ကဲ့ပါ ဆရာကြီး၊ ပထမအုပ်စု ဆရာကြီးထဲမှ ထပြန်လာကြ၏၊ သူတို့ မျက်နှာအမူအရာများ မကောင်းကြ၊ သို့သော်  စိတ်ထဲမှာတော့ သူတို့ “ ပျော် ” နေကြ၏၊သူတို့ ပြောချင်တဲ့ “ လမ်းခင်းစကားဆရာကြီး ကြားသွားခဲ့ပြီး  မဟုတ်ပါလား ။သိပ်မကြာခင်မှာပဲ နောက်ထပ် ကျောင်းသားတစ်စု ဆရာကြီးထံ ရောက်လာ ကြပြန်လေပြီး၊ ဆရာကြီးသည် သူတို့၏ အခြေအနေကို စောင့်ကြည့်နေ၏၊ သူတို့ဆရာကြီးရှေ့ ငြိမ်ငြိမ်လေး ထိုင်နေကြ၏၊ ကုတ်ကုတ်လေး ထိုင်နေကြ၏၊  ဘာစကားမှတော့ သူတို့ မပြောကြ၊ တစ်ခါတစ်လေ စကားမပြောခြင်းသည်ပင် “ပြောခြင်း ”မည်၏တဲ့၊ သူတို့အုပ်စု ယင်းနည်းဗျူဟာကို ကျင့်သုံးနေခြင်းဖြစ်၏၊ အသံတိတ် “ စနစ် ” ကို ကျင့်သုံးနေကြခြင်း ဖြစ်၏။ ဆရာကြီး သဘောပေါက်၏၊ ကဲ မင်းတို့ မပြောလဲ ပြောချင်နေတယ်  ဆိုတာ ဆရာကြီး “ သိ ” တယ်၊ လောကကြီး ဘာဖြစ်နေလို့လဲ ၊ ဘာဖြစ်နေပြီလဲ၊ ဒါမှ မဟုတ်မင်းတို့ချင်း ဘာဖြစ်နေကြတာလဲ၊ လောကကြီးလည်း ဘာမှ မဖြစ်ပါဘူး၊ တပည့်တို့လည်းဘာမှ မဖြစ်ကြပါဘူး ၊ ဖြစ်နေတာက ဆရာကြီး “ အိမ် ” ပါ၊“ ဘာ ? ဆရာကြီးထံမှ တုန်ယင်စွာ ထွက်လာသော အသံဖြစ်၏၊ သို့သော်ယင်းအသံကို ထိုအုပ်စု မကြား၊ ဆရာကြီး၏ ရင်ထဲမှာသာ ဟိန်းထွက်နေသော အသံဖြစ်၏၊ တစ်ယောက်က ဆက်၍ ပြောနေပြန်၏၊ တပည့်တို့လည်း ပြောရကောင်းနိုင်း မပြောရကောင်းနိုး စဉ်းစားရင်း အချိန်နဲနဲ ကြာသွားပါတယ်မပြောပဲ ထားရင်တော့ ဆရာကြီးဂုဏ်သိက္ခာ ထိခိုက့်နိုင်သည့်အပြင် ပညာသင်ကျောင်းတော်ကြီးပါ ဂုဏ်သိက္ခာကျဆင်းပြီး နောင်လာမည့်  မျိုးဆက်သစ်များ “ ခေတ်မှီ ” ပညာရေးစနစ်ကြီး ဆုံးရှုံးသွားမှာကိုလည်းစိုးရိမ်မှိပါတယ်၊ ဟုတ်ပါတယ် ဆရာကြီး၊   ဒီသတင်းဟာ တပည့်တွေအားလုံး “ တီးတိုး တီးတိုး” ပြောနေကြပါပြီး။ဟိုသွားလဲ ဒီသတင်း ဒီနားလဲ ဒီသတင်း ပြောဆိုနေကြပါပြီး၊တပည့်တို့တောင် ဘယ်မှ မသွားရဲလောက်အောင် ဖြစ်နေပြီး၊ ဆရာကြီးအတွက် ဆရာကြီးတို့ မိသားစုအတွက် “ မခံနိုင်လွန်းလို့ ” ပါ ဆရာကြီးရယ်၊ ခက်ချေပြီး၊ ဟိုနေ့ကလည်း တပည့်တစ်စု ဒီအကြောင်းပဲ လာပြောသွားကြသည်၊ခုလည်း ဒီအကြောင်း အင်း စဉ်းစရာတော့ ဖြစ်နေပြီးထင်တယ်ဟု ဆရာကြီးစိတ်ထဲတွေး နေမှိပြန်သည်၊ သို့သော် စကားလွန်လို့ “ စကားကျွန် ” လို့ မဖြစ်သေးပေ၊ ကြမ်းကျွန်လျှင် နှုတ်ရသည် ၊ စကားကျွန်ရင် နှုတ်မရလို့ စကားပုံ ရှိသည် မဟုတ်ပါလား။ ဆရာကြီးကို စိုးရိမ်လို့ သတိပေးတာ ကျေးဇူတင်ပါကွယ် ၊ ကဲ တပည့်တို့ ကိုယ့်နေရာကို ပြန်နိုင်ကြပါပြီး၊ ဆရာကြီး  စကားဖြတ်ပစ်လိုက်သည် ၊ သို့မဟုတ်ပါက မကြားချင်သည့် မကြားလိုသည့် စကားများ ကြားနေရပေအုံးမည်။ ဒုတိယတိုက်ကွက်သည် ဆရာကြီးနှလုံးသားကို “ သံသယ ” မျှားချက်အဖြစ် “ ဒက် ” ခနဲ ထိမှန်သွား တော့သည်၊ တပည့်များ ထပြန်သွားကြ၏၊ တုန့်နှေးတုန့်နှေးနှင့်  ပြန်သွားကြခြင်းဖြစ်၏ စိတ်ထဲမှာတော့ အရိပ်အကဲခပ်၍နေ၏၊သူ့တို့စကား ဆရာကြီးနှုလုံးသား “ ထိ”သွားသည်ကိုတော့  သူတို့ “ သိ ” သွားကြ၏၊  ထို့ ကြောင့် မျက်နှာမှာ ပြုံးရိပ်မထင် သော်လည်း စိတ်ထဲမှာတော့ အပြုံးကိုယ်စီနှင့်ပင်၊“ဆရာကတော်နှင့် အဟိံသက ” တို့အပေါ် ဆရာကြီး၏သံသယကား အဟုန်ပြင်းစွာ စိုက်ဝင် သွားလေပြီး၊
ဒီကရှေ့ “ မျက်လုံးဒေါက်ထောက် ” ကြည့်ရပေအုံးတော့မည်၊(ဆက်ရန်)                                               ကောင်းသစ်



No comments: