ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Tuesday, November 9, 2010

ကြမ်းတမ်းခြင်းမှ ကြင်နာခြင်း အပိုင်း(၅)

               
ဤသည်မှာ“မုဒိတာ”မပွါးတတ်သော“ဣဿာ”သမားတို့၏ ဖြစ်ရိုးဖြစ်စဉ်မြင်ရိုးမြင်စဉ်ဖြစ်၏၊မသူတော်တို့၏လမ်းဟောင်းဖြစ်၏
ကောင်းသောလမ်းကြောင်းတော့မဟုတ်၊လျှောက်သင့်သောလမ်းတော့
မဟုတ်၊သို့သော်သူတို့လျှောက်နေကြသည်၊ဆက်လည်း
လျှောက်ကြပေလိမ့်အုံးမည်၊သူတို့အုပ်စုတိုင်ပင်နေကြသည်၊
အကောင်းတိုင်ပင်ခြင်းတော့မဟုတ်၊အဟိံသက”အပေါ် ဆရာကြီးအထင်လွဲသွားစေရန် အထင်လွဲမှားစေရန် တိုင်ပင်နေကြခြင်းဖြစ်သည်၊ခေတ်ပြောပြောရလျှင်“လုပ်ဇာတ်
ဖန်နေကြခြင်းဖြစ်၏၊ပညာရေး“ဟာ”ကွက်ကိုကြည့်၏သူသည်
အားလုံးတို့ထက်အမြဲသာနေ၏အပြစ်ရှာမရ၊ကျင့်ဝတ်ကိုကြည့်၏၊
ချွတ်ယွင်းချက်”မတွေ့၊ အမျိုးဇာတ်ကိုကြည့်၏မြင့်မြတ်နေပြန်၏၊

(ယင်းခေတ်အခါကမင်းမျိုးနှင့်ပုဏ္ဏားမျိုးကိုဇာတ်မြင့်သူ”ဟု
အယူသည်းကြ၏၊အဟိ.ံသကသည်ပုဏ္ဏားမျိုးဖြစ်နေ၏၊) 
“ဆီ”လိုအပေါက်ရှာသော်လည်းသူ၏“အပြစ်အနာအဆာ”ကို
လုံးဝမတွေ့ရပဲဖြစ်နေ၏။တစ်ယောက်အပြစ်ကိုအများဝိုင်းရှာသော်လည်း
ရှာမတွေ့ကြ၊သူသည်အဲဒီအချိန်က အဲဒီလောက်ထိ ကိုယ်ကျင့်ဖြူ၍ပညာမြင့်သူဖြစ်၏၊“ပိသုဏ”အက္ခရာသုံးလုံး၊
အဏုမြူဗုံးသုံးလုံးထက်ပင်ကြောက်စရာကောင်း၏၊စွမ်းအားပြင်းထန်၏၊ 
သုံးဦးသုံးဖလှယ်အထိနာတတ်၏၊နီးစပ်ရာသူများအထိ
စက်ကွင်းမိတတ်၏၊ဒီဘ၀တွင်မကသံသရာအထိထိမှန်၏၊
ယင်းကိုသူတို့သုံးရန်နည်းလမ်းရှာနေကြ၏၊ ပိသုဏ-ဟူသည် အတိုကောက်စားလုံးဖြစ်၏၊အပြည့်အစုံအားဖြင့်“ပိယ သုည ကရဏ”ဖြစ်၏၊ ချစ်ခင်မှုစည်းလုံးမှုညီညွတ်မှုကို“မြူမှုံမျှ”မကျန်ရအောင်
ကြိတ်ချေနိုင်သော“လက်နက်စွမ်း”ဖြစ်၏၊ချစ်ခင် စည်းလုံး ညီညွတ်မှု ၁၀၀ရာခိုင်နှုံးမှသည်“၁”ပျောက်၍သုညဒီဂရီအဖြစ်ရောက်သွားအောင်ထိ ပြုမူနိုင်၏၊ရှေးခေတ်ကရန်သူတိုက်ခိုက်ရာ၌“ဘေဒဥပါယ်”ကို
နည်းဗျူဟာကောင်းတစ်ခု အဖြစ်အသုံးပြု၏၊ ဝေသာလီစစ်ဆင်ရေး၌ “၀ဿာကာရ“ပုဏ္ဏားကြီးအသုံးပြုဘူး၏။အမှန်အားဖြင
 ပိသုဏနှင့်ဘေဒဥပါယ်ဟူသည်စကားလုံးမတူသော်လည်း အဓိပ္ပါယ် ဦးတည်ချက်တူညီသည်သာ ဖြစ်၏။သို့သော်ပိသုဏသည်သူုတို့နှစ်ဦးကွဲပြားသွားစေရုံသက်သက်နှင့် မိမိကို အချစ်ပိုလာစေရန်”ရည်ရွယ်၏၊ဘေဒဥပါယ်ကမူ သူတို့ကိုကွဲအောင်ခွဲ၍ မိမိကအောင်နိုင်သူအဖြစ် ရပ်တည်နိုင်ရန်ဖြစ်၏၊ ဦးတည်ချက်အနေအားဖြင့် အချင်းချင်း“ကွဲ”အောင်“ခွဲ”ချင်းအားဖြင့် တူညီသည်သာဖြစ်၏၊အဟိသကသည်ဆရာကတော်နှင့်ရင်းနှီးသည်ကို
သူတို့သိကြ၏မြင်ကြ၏၊အမှန်အားဖြင့်မိသားစုအပေါ်ဝတ်ကျေ
အလိုက်သိသည့်အပြင်ပညာတော်၍မိသားစုစိတ်ဓါတ်ဖြင့် ရင်းနှီးခြင်းဖြစ်၏ ထို့ကြောင့် ယင်းနှီးမှုသည်“ဖြူစင်”၏.သန့်ရှင်း၏ အပြစ်ကင်း၏၊ မှဲ့တစ်ပျောက်စာမျှပင်အနာအဆာမရှိ၊ဆရာကြီးသည်
ဆရာကတော်ကိုအလွန်ချစ်၏တာနောယက္ခထဲကစကားလုံးကို
ယူသုံးရလျှင်“ငုံ“ထားမလောက်ပင်အချစ်ကြီးသူဖြစ်၏၊ချစ်၍လည်း
ယုံသည်၊ယုံ၍လည်းအရာအားလုံးကို“ပုံ”အပ်ထားသူဖြစ်၏
ဆရာကြီးသည်“ပညာသင်ကြားရေး”ဘက်၌သာစီမံ၏၊ ကျန်အိမ်မှုကိစ္စ လူမှုရေးကိစ္စဘာသာရေးကိစ္စငွေကြေးကိစ္စစသည်တို့ကို
ဆရာကတော်ကိုသာ အားလုံး ပုံအပ်ထားပြီးသားဖြစ်၏၊ အ၀တ်အစားအစားအသောက်ကအစ..ဆရာကတော်စိတ်တိုင်းကြ
စီမံခွင့်ပြုထားသူဖြစ်၏ဆရာကတော်ပြုသမျှ“နု”နေသူသာဖြစ်၏၊ ဆရာကြီးသည် အဲဒီလောက်ထိ အချစ်ကြီးသူဖြစ်၏ တစ်ခါတလေအချစ်ကြီးရင်“သံသယ”ပါကြီးလာတတ်၏၊
သံသယသည်ဖွဲမီးကဲ့သို့တမြေ့မြေ့လောင်ကျွမ်း၏၊
ရှားမီးကဲ့သို့လည်းပူပြင်းလှ၏။ထို့နောက်စိုးရိမ်မှုသောကမီးတောက်တို့ပါ
ကူးစက်လာတတ်၏။ယင်းဖြစ်တတ်သည့်သဘာဝတရားကိုသူတို့အားလုံး
သိကြ၏၊ယင်းအချက်ဖြင့်ဆရာကြီးကိုကိုင်တွယ်ရလျှင်“ထိ”နိုင်သည်ဟု
သူတို့တထစ်ချကြိုတင်တွက်ဆထားကြ၏၊.မကောင်းဥာဏ်
အကောက်ဥာဏ်သုံးရာ၌လောကရှိလူမိုက်အားလုံးက“ဆရာတင်ရမည့်”
အုပ်စုဖြစ်၏၊“မယားထိဓါးကြည့်”ယင်းဗျူဟာနည်းသူတို့အသုံးပြုရန်
တိုင်ပင်ကြ၏ဆရာကတော်နှင့်အဟိံသကတို့၏ဖြူစင်မှုသန့်ရှင်းမှု
အပြစ်ကင်းမှုကိုပြောင်းပြန်ဖြစ်သွားအောင်..
(အထင်အမြင်လုံးဝလွဲမှားသွားအောင်) သူတို့သုံးအုပ်စု ခွဲ၍ 
တိုက်ကွက်ဆင်ကြမည်။တိုက်ကွက်ဆင်ကြသည်၊
ယင်းတိုက်ကွက်ကြောင့်“အဟိံသကနှင့်ဆရာကတော်ဆရာကြီး”
သာမက တခြားလူအများပါ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးကြရသည်၊ ရွာသိမ်ရွာငယ်နှင့်စည်ကားနေသည့် ရွာကြီး မြို့ငယ် မြို့နယ်များပါ ပျက်စီးကြရသည်၊သည်အထိ နစ်နာကြတော့မည်ကို 
မသမာသူထိုအုပ်စု ကြိုတင်၍မတွက်ဆမှိကြချေ၊ သူတို့ဖြစ်ချင်တာ
သူတို့လုပ်ချင်တာကိုသာ စိတ်လောနေကြ၏၊စိတ်စောနေကြ၏၊
ဆရာကြီးတို့မိသားစုသူတို့ကိုပြန်လည်ချစ်ခင်
အရေးပေး လာစေလိုမှု“လောဘအမိုက်”အဟိသကကိုမကျေနပ်မှု “ဒေါသအမိုက်”ဖြစ်ပွါးလာမည့်အကျိုးဆက်တို့ကိုမသိမှု“မောဟအမိုက်” ယင်းအမိုက်တောထဲသူတို့တစ်စုရောက်နေကြသည်၊
ထို့ကြောင့်သူတို့ဘာမှမမြင်ရတော့၊ယင်း“မမြင်ခြင်း”ကိုပင်သူတို့က
“မြင်ခြင်း”ဟုအထင်မှားနေကြလေပြီ၊“မိုက်လေစွ”၊မိုက်လို့လည်း“
ရိုက်ကွက်”ထွင်နေကြခြင်းဖြစ်၏၊“တိုက်ကွက်”ဆင်နေကြခြင်းဖြစ်၏၊
ကျွဲနှစ်ကောင်“ခတ်သည့်အရေး”မြေဇာမြက်များ
“အသက်ပေး”ကြရပေအုံးတော့မည်။မသမာသူလူတစ်စုကား
အရှက်အကြောက်ကင်းစွာသူတို့ကြိုတင်အကွက်ဆင်ထားသည့်“
ပိသုဏ-ဘေဒဥပါယ်တိုက်ကွက်ကို”စတင်ပါလေပြီ (ဆက်ရန်)
                ကောင်းသစ်



No comments: