ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Wednesday, November 17, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၉)

မနက်ဖန် ဟုတ်လားဆရာကြီး …အေး မနက်ဖန်ကစပြီး အဆင့်မြင့်အတတ်ပညာရဲ့“အထွဋ်အထိပ်”ရောက်ဖို့ ပညာရဲ့“ဥပစာရ”ကို စပြီးလုပ်ရမယ်၊ အကောင်ထည် ဖေါ်ရမယ်၊ဥပစာရ-ဆိုတာ-ဘာလဲ ဆရာကြီး၊ဥပစာရ-ဆိုတာ လူအရှင်ရဲ့လက်ညှိုးကို ဖြတ်ယူရမယ်၊ အဲဒါ လတ်ဆပ်သော“လက်ချောင်းများ”ဖြစ်ဖို့လိုတယ်လက်ညှိုးပေါင်း တစ်ထောင်ပြည့်ရင်ရပြီး၊ခင်ဗျာ၊တပည့်-လက်ညှိုးတစ်ထောင် ဖြတ်ရမယ်ဟုတ်လားဆရာကြီး၊အေးဟုတ်တယ်လေ၊
ဘာဖြစ်လို့လဲတပည့်တို့မျိုးနွယ်စုဟာ“အကြင်နာတရားနှင့်ပြည့်စုံ”တဲ့ မျိုးနွယ်ပါ၊ဘိုးဆင်ဘောင်ဆက် လောကကိုအကြင်နာတရာနှင့်ပြုမူ ပြောဆိုခဲ့တာအခုချိန်ထိပါ၊တပည့်ကိုတောင်မှ မျိုးနွယ်စုရဲ့ဂုဏ်ကို ဆက်လက်ထိမ်းသိမ်းနိုင်အောင်“အဟိံသက”မောင်ကြင်နာ(ခ) သနားတတ်သူလို့နာမည်ပေးခဲ့တာပါ၊

ဖေဖေဟာ သက်တော်ရှည် မင်းတိုင်ပင်အမတ်ကြီးဖြစ်ပေမဲ့ ပြည်သူတွေအပေါ် ယဉ်ယဉ်ကြေးကြေးပဲ ပြောဆိုဆက်ဆံခဲ့ပါတယ်၊ ပြည်သူတွေ ဒုက္ခရောက်မည့် အကြံ ဘယ်တုန်းကမှမတင်ပြခဲ့ပါဘူး၊ ပြည်သူ့ဘ၀ လုံခြုံမှုရှိဖို့နှင့် ပြည်သူ့စားဝတ်နေရေး
အဆင်ပြေဖို့နည်းလမ်းများကိုသာ စဉ်းစားပြီး ဘုရင်မင်းမြတ်ကြီးကို အကြံပြုတင်ပြခဲ့တာပါ၊စေတီဘုရား တည်ထားကောင်းလျှက် ညောင်ပင်ဖျက်၊“တိုင်းပြည်အရှင် မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်”ဆိုတဲ့အထဲမှာ ဖေဖေမပါပါဘူး၊ မင်းနှင့်ပြည်သူ အမြင်ချင်းမတူရင်တောင်မှဖေဖေက နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် အမြင်များကိုညှိနှိုင်းပေးခဲ့ပါတယ်၊  ဒါကြောင့်မင်းနှင့်ပြည်သူဟာ
ခုချိန်ထိကြီးမားတဲ့“၀ိရောဓိ”ဆိုတာမရှိပါဘူး၊
ဖေဖေဟာ“အမှန်တရားနှင့်အကျိုးရှိမှု”ဆိုတဲ့ မူဝါဒကို ခိုင်ခိုင်မြဲမြဲ လက်ကိုင် ကျင့်သုံးသူဖြစ်ပါတယ်၊ဒါကြောင့် ဘုရင်မင်းရောပြည်သူပါ လေးစားတဲ့အလေးထားတဲ့မင်းတိုင်ပင်ခံ သက်တော်ရှည်အမတ်ကြီးပါ။

ဒါကြောင့် အတတ်ပညာပြီးမြောက်ဖို့ “လက်ညှိုးတစ်ထောင်ဖြတ်ရမယ်”ဆိုတာ မျိုးနွယ်အနေနှင့်ကြည့်ရင်လဲ မသင့်တော်ပါဘူး၊ဓမ္မလမ်းကြောင်းနှင့်ကြည့်ပြန်တော့လည်း
“သတ်ဖြတ်မှုနှင့် ညှဉ်းဆဲမှု”နှစ်မှု နှစ်ပြစ် မကောင်းမှုဖြစ်နိုင်ပါတယ်၊
ဒါဆို အဓမ္မ(အောက်လမ်းနည်း)ကျင့်သုံးရာရောက်သွားပါလိမ့်မည်။ ဒါကြောင့်ဒီ အတတ်ပညာရဲ့ရှေ့ပြေး“ဥပစာရ”ကိုမပြုပါရစေနဲ့တစ်ခြားနည်းကိုသာ ပြောပါဆရာကြီး၊အင်း ခက်တယ်ကွယ်၊ ဆရာကြီးလဲ ဒီလို ဘယ်လုပ်စေချင်ပါ့မလဲ၊ ဒါပေမဲ့ဒီအတတ်ရဲ့“ဥပစာရ”က တစ်ခြားနည်းလမ်းမရှိဘူး၊ ဒီတစ်နည်းပဲ ရှိတာမို့ငါ့တပည့်ကိုပြောရတာပါ၊ ဆရာကြီးဟာ ငါ့တပည့်ကောင်းစားဖို့ ပညာတွင်“ယှဉ်ဘက်မရှိ”အောင်လို့သာ စေတနာဖြင့် ပြောတာပါ၊

 (စေတနာကောင်းဖြင့်  ငရဲသို့သွားမည့် လမ်းကိုညွှန်ပြပါ၏-ဟူသော ဒဿနသည် ဤစေတနာမျိုးကိုဆိုလိုဟန်တူပါ၏)ဘယ်တုန်းကများ ဆရာဟာ ငါ့တပည့်ရဲ့အကျိုးမဲ့ကိုပြုဘူးခဲ့လို့်လဲ၊ ငါ့တပည့် စဉ်းစားစေချင်ပါတယ်၊ နောက်ပြီးတော့ အဆင့်မြင့်ယှဉ်ဘက်မရှိတဲ့ ပညာရပ်ကြီး တတ်မြောက်သွားရင် ငါ့တပည့်အတွက်တင်မဟုတ်၊ ငါ့တပည့်ရဲ့ တိုင်းပြည်နှင့်လူမျိုးအတွက်ပါဆိုတာ ငါ့တပည့် သိထားစေချင်တယ်၊နောက်ပြီး  ငါ့တပည့်မကြာမကြာပြောနေတဲ့ စကားလေးကိုလည်း သတိယစေချင်တယ်၊ ဘာတဲ့-ငါတတ်မြောက်ထားသော အဆင့်မြင့်ပညာဖြင့် တိုင်းပြည့်နှင့်လူမျိုးကို
“မြှင့်တင်ပါအံ့”ဆိုတာလေ၊“တစ်မိပေါက် တစ်ရောက်ထွန်း”ဆိုတာလို ဒီပညာရပ်ဟာ တပည့်တိုင်းသင်ယူခွင့်ရှိတာမဟုတ်ဘူး၊ငါတပည့်သာ ဥာဏ်လည်းထက် ဆရာတို့မိသားစုအပေါ်လည်းကျေးဇူးများတဲ့အပြင် စိတ်နေစိတ်ထားလဲ အားလုံးအပေါ်ဖြူစင်သူတစ်ယောက်မို့ ဆရာကသီးသန့်သင်ပေးတာပါ၊ သီးသန့် သင်ခွင့်ပြုတာပါ၊
အမှန်ပြောရရင်င့ါတပည့်ကို“ကျေးဇူးဆပ်”တာလဲတစ်ကြောင်းပါပါတယ်၊
ဆရာကြီးရဲ့ စေတနာနှင့်ကျေးဇူးပြုမှုကို င့ါတပည့် အသိအမှတ်ပြုစေချင်ပါတယ်အသိအမှတ်ပြုမယ်လို့လည်း
ဆရာကြီး တစ်ထစ်ချယုံကြည်ပါတယ် 

(ဤစကားသည် အဟိံသကကို အပိုင်ကိုင်လိုက်ခြင်းသာဖြစ်သည်၊)ဒါဟာ ငါ့တပည့်အပေါ် နောက်ဆုံးအနေနှင့် တိုက်တွန်းခြင်းလည်းဟုတ် တောင်းပန်ခြင်းလည်းဟုတ်ပါတယ်ကွယ်၊ ငါ့တပည့် ငြင်းလည်း မငြင်းပါနဲ့ ငြင်းဖို့လည်း စိတ်မကူးပါနဲ့ကွယ်၊ ငါ့တပည့်ဟာ ဆရာကြီးရဲ့
“တစ်ယောက်တည်းသော”မျှော်လင့်ချက်ပါ၊ငါ့တပည့်မှတစ်ပါး အခြားမရှိပါဘူးကွယ်၊အဟိံသက-စဉ်းစားရလေပြီ၊အကယ်၍ ပညာရဲ့ရှေ့ပြေး“ဥပစာရ”ကိုမပြုလုပ်ဟု ယတိပြတ်ငြင်းလိုက်လျှင် ဆရာ့စေတနာကို စော်ကားရာများကြလေမလား၊ ဆရာ့စကားကို ပယ်ပြီး ဆရာကိုခွါရာတိုင်းသူဟု အများကပြောစရာများဖြစ်လေမလား၊ ပညာစုံ ကုန်အောင်မသင်ခဲ့ဘူးဟု-မိဘများက အပြစ်တင်စကားများ ပြောလေမလားစသည်ဖြင့်“လား”ပေါင်းများစွာသည်
သူ့ဥဏှောက်ထဲသို့ ပျံသန်းနေလေပြီးပညာမစုံခဲ့ရင် ငါဟာ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ပညာဖြင့်အကျိုးပြုနိုင်တော့မှာမဟုတ်ဟု သူတွေးမှိလေသည်၊သူဆုံးဖြတ်ချက်ချလိုက်၏၊ ဆရာ့စကားကို မပယ်ရှားတော့ပါဟု-(ဆရာ့စကားယုံစား၍ လူမိုက်ဖြစ်ရသူတို့တွင် သူလည်း တစ်ယောက်အပါအ၀င် ဖြစ်သွားရလေပြီ၊)(ဆက်ရန်)
                                                         ကောင်းသစ်

No comments: