အဟိ.ံသကသည်ဤမြေကိုချစ်၏ဤရေကိုချစ်၏
မိဘညီအစ်ကိုမောင်နှမအသိုင်းအ၀ိုင်းတွေကိုချစ်၏မိတ်ဆွေ
အပေါင်းအသင်းတွေကိုချစ်၏၊ထို့ပြင် တိုင်းပြည်ကိုလည်း အလွန်ပင် ချစ်ပါ၏၊သို့သော်အခိုက်အတန့်အားဖြင့်မခွဲချင်လည်းခွဲရပေအုံးမည်၊ မိဘညီအကိုမောင်နှမမိတ်ဆွေသူငယ်ချင်းတွေနဲ့ခွဲခွါရမှာဆိုတော့ရင်ထဲမှာ“ဟာသလိုလို”တစ်ခုခု“ဆာသလိုလို”ပြောမပြတတ်သော
“ဝေဒနာ” တစ်မျိုး ခံစားရပြန်၏ဒါတွေ တွေးပြီး ဆွေးနေလို့ မပြီးသေး၊ဘ၀ရှေ့ရေး ရှိသေးသည်မဟုတ်ပါလား၊“ပညာရဲရင့် ပွဲလယ်တင့်”တဲ့၊ခေတ်အဆက်ဆက်ကို သုံးသပ်ပြီး ပညာရှင်တွေ သုံးကြတဲ့“ဆုံးမ”စကားမှန်၏၊တိုင်းပြည်တိုးတက်အောင်
ပညာရှင်တွေသာ ဦးဆောင်နိုင်ကြသည်၊ဦးဆောင်ခဲ့ကြသည် မဟုတ်ပါလား။ပညာရှင်တွေကိုပညာရှိအဆက်ဆက်က
“ပြည့်မျက်လုံး”ဟုတင်စားခေါ်ဝေါခဲ့ကြပါသည်။
ပြည့်မျက်လုံးများသည်အမြင်စူးရှဘို့လို၏ ထက်မြက်ဘို့လို၏ ကြည်လင် ပြတ်သားဘို့လို၏အမြင်မှန်ဘို့ အမှန်မြင်ဘို့လည်း လို၏၊ ရှေ့ရေးအထိကြိုတင်မျှော်“မြင်”ဘို့လည်းအထူးပင်လိုအပ်ပါ၏။
(မျက်မှန်တပ်လျှင်အရောင်ကိုပြောင်းလွဲမြင်စေ၏မျက်ဝတ် မျက်ချေးများလျှင် အမြင်မှုန်ဝါးတတ်၏ - ထို့အတူ အကြောင်းတစ်ခုခုကြောင့် ဘ၀င်မြင့်“ ဘ၀မေ့ ”ရောဂါ စွဲကပ်လာလျှင် လောကကို တစ်မျိုးမြင်တတ်၏အမြင်စောင်း၏၊ လောဘ ဒေါသ အာဃာတ အတ္တ မာန လွန်ကဲလာလျှင်လည်း လောကအပေါ် အမှန်အတိုင်းမမြင် အမြင်မှုံဝါးသွားတတ်ပြန်၏ ၊သူ့ဘက် ကိုယ့်ဘက် မျှမျှတတ မမြင်တတ်တော့၊ ထိုအခါ “သူနှင့်လောက”သဟဇာတ မဖြစ်တော့ အချိတ်အဆက် မမိတော့၊ ထိုသို့ဖြစ်လျှင် ငြိမ်းချမ်းသော ညီညွတ်သော စည်းလုံးသော လောကကို အဘယ်သို့ တည်ဆောက်နိုင်ပါတော့အံ့နည်း)
မျက်မမြင်အတွက် ကမ္ဘာလောကကြီးသည်“မှောင်”နေ၏၊ ပညာမဲ့သူအတွက် အရာအားလုံးသည် မှောင်နေမည်သာတည်း။
“အမှောင်လောက”သည် ကြောက်စရာကောင်း၏၊ ထို့ထက်
“အမှောင်လူသား”သည်ပို၍ သာ၍ ကြောက်စရာကောင်းတော့၏။
“အမှောင်လောက”သည် ကြောက်စရာကောင်း၏၊ ထို့ထက်
“အမှောင်လူသား”သည်ပို၍ သာ၍ ကြောက်စရာကောင်းတော့၏။
ထို့ကြောင့် မိဘများသည် သားလေးကို အမှောင်လူသား ဖြစ်သွားမှာကြောက်၏ လောက၏လက်ညှိုးထိုး အပြောခံရမှာကို ကြောက်၏အထူးအားဖြင့်ပညာမဲ့သား(မဆင်မခြင်ပြုမှားခြင်း)
ကြောင့် လောကကြီး ဆင်းရဲဒုက္ခ ရောက် သွားမှာကို အကြောက်ဆုံးဖြစ်၏၊ ထို့ပြင် မိဘ၀တ္တရား အနေအားဖြင့် “ မကောင်း မြစ်ထာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ ဟူသော ကျင့်ဝတ်တရားကလည်း ရှိနေပြန်၏ သွားခါနီး အပေါင်းအသင်းမမှားဘို့ ကောင်းကောင်းနေဘို့ ဆရာ့အပေါ် ၀တ္တရားကျေဘို့ ပညာကို ကြိုးစားပြီး သင်ယူဘို့ကိုလည်း အထပ်ထပ် မှားကြားရပြန်၏ သားပညာတော်သင် သွားခြင်းသည် သားအတွက် မိဘအတွက်မိတ်ဆွေအသိုင်း အ၀ိုင်းအတွက်သာမက၊ လူမျိုးအတွက် တိုင်းပြည်အတွက် နိုင်ငံအတွက်
ဖြစ်သည်ကိုလည်း သားလေးနားလည်အောင် မိဘတို့က ပြောပြရပြန်၏။ကျန်းမာရေးကအစအစစအရာရာ
သတိဝိရီယရှိဘို့လည်း“ခရားရေလွှတ်”သလို တတွတ်တွတ် မှာရပြန်၏။အဟိံသက သည်၊ မိဘတွေကို ရှိခိုး၏ကန်တော့၏၊ ညီအကို မောင်နှမတွေကို နှုတ်ဆက်၏။သူငယ်ချင်းတွေကို နှုတ်ဆက်၏၊ ထို့နောက်တော့ မိဘတွေအသင့်ပြင် ပေးထားသော ( လမ်းစာရိက္ခာ အ၀တ်အစားအပြည့်စုံ)ကျောပိုးအိပ်ကိုလွယ်ကာ အားလုံးကို လက်ပြနှုတ်ဆက်ရင်း
“ပညာတတ်ကြီး ဖြစ်လို့ အမိမြေ အမိပြေ”ကို ပြန်လာတဲ့အခါ အောင်သပြေပန်းနှင့် လက်ကမ်း ကြိုကြဘို့ မှာကြားရင်း တရွေ့ရွေ့သော ခြေလှမ်းတို့ဖြင့် (ထိုစဉ်က အဆင့်မြင့် ပညာရေး သင်ကြားပို့ချပေးရာ၌ နာမည်ရ)တက္ကသီလာ ဒိသာပါမောက္ခ ဆရာကြီး ရှိရာသို့ ဦးတည်၍ လျှောက်လှမ်းနေမိတော့သည် ။
ငါ၏ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းသည်......
ငါ့အတွက် မိဘအတွက် မိတ်ဆွေအသိုင်းအ၀ိုင်းအတွက်သာမက “ ငါ့မြေ ငါ့ပြေ ငါ့တိုင်းပြည် ငါ့လူမျိုးအားလုံးအတွက် ” ဖြစ်စေရမယ်လို့ စိတ်ထဲမှာ သန္နိဋ္ဌာန်ချရင်း …. ( ဆက်ရန် )ကောင်းသစ်
No comments:
Post a Comment