ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Saturday, November 6, 2010

ကြမ်းတမ်းခြင်းမှ ကြင်နာခြင်း

                                       

အောင်ချင်သူများအတွက် အောင်ကြောင်းနည်းလမ်းများကို စဉ်းစားရင်း 
စဉ်းစားရင်း အောင်ခြင်းရှစ်ပါး အကြောင်းကို အမှတ်ရလာမိသည်။...
 အတွေးထဲမှာ ရေးရေးပေါ်လာတာက ငယ်စဉ်က သင်ယူခဲ့ရသော အတွင်းအောင်ခြင်းရှစ်ပါး အပြင်အောင်ခြင်း ရှစ်ပါးဖြစ်ပေသည်၊ အပြင်အောင်ခြင်း ရှစ်ပါးထဲ၌ ထူးထူးဆန်းဆန်း
“ကြမ်းတမ်းခြင်းမှ ကြင်နာခြင်း“အဖြစ်သို့ ရောက်ရှိသွားသော ရဟန်းတော်တစ်ပါး အကြောင်းကိုတရေးရေး မြင်ယောင်လာမိသည်။
ယင်းရဟန်းတော် မွေးဖွားစဉ်က ထူးထူးဆန်းဆန်း အတိတ်နိမိတ်များ ထင်ထင်ရှားရှားပင် ဖြစ်ပေါ်ခဲ့ပေသည်။ ညဥ့်သည် နက်သထက် နက်လာ၏၊ အမှောင်တို့သည်လည်း မှောင်သထက်မှောင်လာ၏၊  ထိုအချိန်မှာပင်သာဝတ္ထိပြည်ပုရောဟိတ်ကြီးအိမ်၌
သားကလေးတစ်ယောက် ဖွါးမြင်လာသည်၊ မွေးဖွါးသည်နှင့်
တစ်ပြိုင်နက်မှာပင် သာဝတ္ထိတစ်မြို့လုံးရှိလက်နက်များ သူ့အလိုလို အရောင်တလက်လက် ထွက်ကုန်၏၊ ကောသလဘုရင်မင်း၏ မင်္ဂလာအိပ်ရာ၌အသင့်ဆောင်ထားသော သန်လျှက်သည်လည်း အရောင်တဖျပ်ဖျပ် ထွက်လာ၏ ဘုရင်မင်းကြီးလည်း သန်လျှက်အရောင်ကြောင့်လန့်နိုးလာ၏ ဆက်အိပ်၍ပင်မရတော့ပေ၊
ပုရောဟိတ်ကြီးသည် ဗေဒင်အရာမှာ တစ်ဘက်ကမ်းခတ်တတ်သော ပုဏ္ဏားကြိးဖြစ်သောကြောင့် သားလေးမွေးဖွါးချိန် အတိတ်ထူး နိမိတ်ထူး တွေ့ရသောအခါ ဘာအဖြစ်ထူးများ လောကကြီးဖြစ်လာမှာပါလဲလို့ တွေးတော စဉ်းစားရင်း ကောင်းကင်သို့မော့ကာ နက္ခတ်ကို
ကြည့်လိုက်သောအခါစောရ နက္ခတ်နှင့်ယှဉ် နေသည်ကိုတွေ့ရ၏၊ မနက်လင်း၍ ကောသလမင်းကြီးထံ အခစားဝင်သောအခါ -“အရှင်မင်းကြီး ညက ချမ်းချမ်းသာ စက်တော်ခေါ်လို့ ရပါရဲ့လား“လို့ မေးလျှောက်ကြည့်၏ - မင်းကြီးက 
“ဘယ်ကလာအမတ်ကြီးရယ် ညမှောင်မှောင် လရောင်မဲ့တဲ့အချိန်
မင်္ဂလာသန်လျှက် အရောင်တွေထွက်လာလို့ လန့်လိုက်ပါဘိ၊ ဘယ်လိုအကျိုးတွေများ ဖြစ်လာနိုင်ချေရှိပါလဲ၊ ဟောစမ်းပါအုံး အကြံပေးပုဏ္ဏားကြီးရယ်“လို့ဘုရင်ကြီးကပြန်လည်မေးခွန်းထုတ်လေ၏၊
စိုးရိမ်တော် မမူပါနှင့်မင်းကြီး၊ ကျွန်တော်မျိုးတို့အိမ် သားရတနာတစ်ဦး
မွေးဖွါးပါတယ်၊ သားလေးရဲ့ အာနုဘော်ကြောင့် တစ်မြို့လုံးရှိလက်နက်များအရောင်ထွက်လာတာ ဖြစ်ပါတယ်၊ မင်းကြိးကဘယ်လို အကျိုးဆက်များ ဖြစ်နိုင်ချေရှိလဲ
လို့ ဆက်မေးသောအခါ လူမိုက်“စောရကြီး”ဖြစ်နိုင်ချေရှိပါတယ်၊
တစ်ယောက်ထဲမိုက်မည့်သူလား၊အဖွဲ့လိုက်မိုက်မည့်သူလားဟုမေးရာ တစ်ကိုယ်တော်လူမိုက်ဖြစ်ကြောင်းပါလို့ သံတော်ဦးတင်ပြီး (ဘုရင်ကြီးစိတ်ကို စမ်းလိုသည့်သဘောနှင့်) အရှင်မင်းကြီး ကျွန်တော်မျိုး သားတော်လေးကို“ရှင်း”လိုက်ရမလားလို့ တစ်ဆက်တည်းမေးလျှောက်ကြည့်၏၊ တစ်ကိုယ်တော် လူမိုက်ဆို ကျွေးမွေးစောင့်ရှောက်ထားလိုက်ပါဟုအမိန့်တော်ချမှတ်လိုက်လေသည်၊ (ပုဏ္ဏားကြီးပျော်လိုက်သည့်ဖြစ်ခြင်းသားလေး အသက်ရှင်ခွင့်ရလို့ပေါ့၊ သားသမီးမချစ်သော မိခင်ဘခင် အဘယ်မှာရှိပါအံ့နည်း)
နာမည်ပေး မင်္ဂလာပြုသောအခါ သားလေးကိုအဟိံသက
ဟု လူသိရှင်ကြား အမည်ပေးလိုက်လေတော့သည်။ (ဆက်ရန် )
                                                                              ကောင်းသစ်

No comments: