ဆရာကတော်နှင့်အဟိံသကတို့သည်အရင်လိုပင်“မူ”မပျက်
နေထိုင်ကြ၏၊ပြောဆိုကြ၏၊မိသားစုဝင်တွေလိုနေထိုင်သည်မို့
ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းပင်ရှိလှ၏၊ဆရာကတော်သည်
“ဥစ္စာပေါ ရုပ်ချော ပညာတတ် အမျိုးမြတ်”ဖြစ်သည့်အပြင်
ကိုယ်ကျင့်တရားလည်း ဖြူစင်သူဖြစ်၏၊ “အမရာ- ကိန္နရီ မဒ္ဒီ-သမ္ဘူလ” တော်လေး၀၀င်အမျိုးသမီး စာရင်းတွင်မပါဝင်သော်လည်း
တော်ဝင်“စံ”ထားထိုက်သောအမျိုးသမီးဖြစ်၏၊“အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာရှောင်ကြဉ်လျှော်အောင်ဖြန့်ချီပျင်းရိမမူ”ဟူသော အိမ်သူ ၀တ္တရားငါးပါးနှင့်လည်း စင်းလုံးချောပြည့်စုံသူဖြစ်၏၊ ယင်းငါးချက်ကို“သံမဏိ”စည်းမျဉ်းကဲသို့အလေးထား လေးစားလိုက်နာသူဖြစ်၏၊သို့သော်“သံသယမျှားချက်”ကြောင့်
နှလုံးသား“အက်”နေသည့်ဆရာကြီးကမူ“မူ”ပျက်နေတော့သည်
ဆရာကတော်နှင့် သူတပည့်အဟိံသကကို ဘာပဲလုပ်လုပ် တစ်မျိုးမြင်နေ၏၊ဘာပဲပြောပြော တစ်မျိုးထင်နေ၏၊ သံသယကြောင့်
“အမြင်မှား အထင်မှား”တို့သည် ဆက်တိုက်ဖြစ်နေတော့၏၊
အမှားနောက်မှာ“အမျက်”ပါ ဆင့်ပွါး ဖြစ်လာတော့၏ အမျက်သည် အဖျက်ကိုပါ ဆက်လက်မွေးဖွါးတတ်၏။“ပညာရှိအမျက်အပြင်မထွက်”
အမှားနောက်မှာ“အမျက်”ပါ ဆင့်ပွါး ဖြစ်လာတော့၏ အမျက်သည် အဖျက်ကိုပါ ဆက်လက်မွေးဖွါးတတ်၏။“ပညာရှိအမျက်အပြင်မထွက်”
ဆိုသည့်အတိုင်းဆရာကြီးသည်ပညာရှိပီပီ ရင်တွင်းရှိ အမျက်ကို အပြင်မထွက်အောင် တော်တော်ထိမ်းထားရ၏။တပည့်တစ်စုတို့သည် ဆရာကြီးရှိရာသို့ ခပ်သုတ်သုတ် ရောက်လာကြပြန်၏ဆရာကြီး ရက်ကွက်ထဲ မြို့ထဲမှာလည်း ဆရာကတော်နှင့် အဟိံသကတို့ သတင်းတွေ ပျံ့နေပြီး နှံ့နေပြီး ၊တစ်ခြား တိုင်းပြည်ထိတောင် သတင်းတွေပျံ့နှံ့ကုန်ပြီးလားမသိပါဘူးဆရာကြီးရယ်၊
ဆရာကြီး“မယုံ”ရင် ကိုယ်တိုင် စုံစမ်း ထောက်လှမ်းနိုင်ပါတယ် - ဟု
နာနာနှင့်သာသာလေး ပြောလိုက်ကြ၏။“နှဲ့ပါးများရင်နဲ့တတ်တယ်”တဲ့၊
ယေဘုယျဖြစ်တတ်တဲ့သဘာဝလေးပါ၊ဆရာကြီး၏နှလုံးသားသည်
“သံမဏိနှလုံးသား”မဟုတ်သာမန်သူလိုကိုယ်လိုသွေးသားနှင့်
တည်ဆောက်ထားသောနှလုံးသား ဖြစ်ပါ၏ထို့ကြောင့် ဆရာကြီး“ခံနိုင်ရည်“မရှိတော့ပါ၊တပည့်တို့၏“အကြံအဖန်လုပ်ဇာတ်”ကို
ဆရာကြီး“ယုံ”မှိသွားလေပြီ။“ယုံ”အောင်လည်း
“ပုံ”ဖေါ်ကောင်းကြသည်ကို၊အသံဟန်အမူအရာ..အချိန်အချိတ်အဆက်
အပေးအယူအားလုံးကိုသူတို့အုပ်စုက ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကိုယ်ပိုင်သရုပ်ဆောင်သွားကြလေသည်၊ဆရာကြီးကမူသူတို့ အမှန်တကယ် ငါ့အကျိုးကို လိုလားလို့ ပြောကြတာပဲဟုယုံစားမိလေ တော့သည်၊စုံစမ်းခြင်း ထောက်လှမ်းခြင်း မပြုတော့ပေ၊ဤသည်မှာ ဆရာကြီး၏ပြင်မရသည့်“မဟာ အမှားကြီး”ပင် ဖြစ်တော့၏၊သို့သော် ဆရာကြီးသည်မှားမှန်း မသိနိုင်တော့ပေ၊ အရာအာလုံးသည် အမှောင်ကျသွားလေပြီး။ထောင်ထဲတွင်ကာမထောင်သည်
“အခိုင်ခန့်ဆုံး”၊ အမှောင်ထဲတွင်“ကာမ”အမှောင်သည်“အမှောင်ဆုံး”
အဆိုပင်ရှိသည် မဟုတ်ပါလား၊သြော် -“သူတို့ တကယ် ဖြစ်နေကြပြီးကိုး”တဲ့၊ဆရာကြီး ရင်ထဲမှာတိုးတိုးလေးရွတ်နေမှိပြန်၏။
သို့သော်“နှလုံးသား”ထဲမှာတော့အင်အားအပြင်းထန်ဆုံးသော
အသံကြီးလို ဆင့်ကဲဆင့်ကဲ ကြားနေပြန်၏၊အော် တပည့်တို့၏“ပိသုဏ”စကားလုံးသည်ဟီးရိုးရှီးမား မြို့ကို ကျဲချတဲ့အဏုမြူဗုံးထက်ပင် ပြင်းထန် နေပါရော့လား။
သူတို့သည်ဆရာကြီး၏“ငိုင်”နေသာ”အမူအရာကိုကြည့်၍
သူတို့တိုက်ကွက်“ပိုင်”ပြီဟုတွက်လိုက်ကြ၏၊အဟိံသကကို“ချိုင်”ဘို့
သေချာပြီးဟုလည်းတစ်ဆက်တည်းပင်တွက်လိုက်ကြ၏၊ထို့ကြောင့်
အချင်းချင်းမျက်ရိပ်ပြကာဆရာကြီးတပည့်တို့ပြန်ပါရစေတော့
“ဆရာကြီး သိအောင်သာ လာပြောရတာပါ စိတ်တော့ မကောင်းပါဘူး”
ဟု..ပင်အတွန့်လေးနဲ့ပြောပြီးအလျိုအလျိုပန်သွားကြ၏၊မျက်နှာ
အမူအရာမကောင်းကြ၊သို့သော်ဆရာကြီးပညာပြ၍အဟိံသကတော့
ဒုက္ခလှလှကြီးခံရပေတော့မည်ဟုစိတ်ထဲမှာတော့ကြိုတင်
ကြိတ်ပြုံးပြုံး၍ပင်နေကြ၏၊သူတို့ကဒါရိုက်တာဇာတ်ဆောင်နေရာမှသည်
“ပွဲကြည့်ပရိသတ်”အဖြစ်နေရာယူလိုက်တော့သည်၊သူတို့သည်
“တစိမ့်စိမ့်တွေးရင်း”ခေါင်းတညိမ့်ညိမ့် ဖြစ်ကာ ကြိတ်၍ ၀မ်းသာနေကြတော့သည်၊“ပွဲကြီးပွဲကောင်းတော့”ကြည့်ကြရပေအုံးမည်။
ကျွန်ယုံတစ်ဖက်ကဏ်း သားသမီးယုံ“စုံလုံး”ကဏ်း တဲ့။ ဆရာကြီးကမူ
ကျွန်ယုံတစ်ဖက်ကဏ်း သားသမီးယုံ“စုံလုံး”ကဏ်း တဲ့။ ဆရာကြီးကမူ
“တပည့်ယုံ”၍(မျက်လုံးသာမကနားနှစ်ဘက်နှင့်အသိတရားပါ)
အကုန်လုံးကဏ်းရလေပြီ၊ဆရာကြီးသည်နှလုံးသား နာကျင်မှု
“အကျိတ်”ကို၊ မှိတ်၍ ခံ၏၊ မှိတ်၍ခံလေ နာကျင်မှုကတစတစ
ကြီးထွားလာလေဖြစ်၏၊မေ့ဘို့ကြိုးစားခြင်းသည်ပင်မမေ့နိုင်ခြင်း၏
အကြောင်းတရားတစ်ခုဖြစ်နေ၏တဲ့၊ဆရာကြီးသည်လည်း“သိခံ”လေ
ဒေါသထွက်လေဖြစ်နေလေတော့သည်၊သံသရာအစဉ်က
ကိန်းပါလာသော“အနုသယ”များသည်“သမုဒယ”တရားကြောင့်
“အမောက်ထောင်”လာလေပြီ၊သိကြသေးတာပေါ့အဟိံသကရယ်၊
ဆရာကြီးသည် စိတ်ထဲမှ ကြုံးဝါးနေမှိ၏ထို့နောက် ဆရာကြီးသည် သူ့“ဖျောင်”ဘို့အရေးနည်းမျိုးစုံ တွေးနေမှိ တော့သည်။အကယ်၍ သူ့ကိုကိုယ်တိုင်“ဖျောင်”လိုက်လျှင်ဆရာကြီးသည်တပည့်များကို
အပြစ်တွေ့ကအသက်ကိုပင် ချမ်းသာမပေးဟု သတင်းပျံ့ကာ ပညာသင်တပည့်များ လာကြတော့မည် မဟုတ်၊ ထိုအခါ ဥစ္စာလည်း ရတော့မည် မဟုတ်၊ ဥစ္စာမရှိလျှင်အခြံအရံလည်းရှိတော့မည် မဟုတ်၊ ဥစ္စာမရှိသောသူသည်လောက၌ သေလူနှင့် ဘာထူးတော့မည်နည်း၊
အရာရာ မျက်နှာငယ်ငယ်နှင့်နေရခြင်းသာ အဖတ်တင်ပေမည်၊ ပစ္စည်းဥစ္စာမရှိလျှင်“ဆင်းရဲလျှက်ပညာရှိသော်မှနင်ဘာသိပြောချင်”
သောခေတ်ဖြစ်၏၊တပည့်ကိုမှီ၍အသက်မွေးဆရာသည်
တပည့်နှင့်ကင်း၍ မရပေ၊ အခဖြင့်“ပညာ”ပေးသော ဆရာသည် တပည့်နှင့်“အညမည” ကျေးဇူးပြုသူများဖြစ်ကြ၏၊ ဆရာသည်“ပညာ” ဖြင့် ကျေးဇူးပြု၍ တပည့်သည်“ငွေ” ဖြင့် ကျေးဇူးပြု၏၊ ဤသည်ကို ဆရာကြီး တွက်မိလေ၏၊အဟိံ သကသည် ပညာတတ် ဖြစ်လို၍
“ပညာငတ်”နေသူ ဖြစ်၏သူ့ကို ပညာဖြင့် ဖြားယောင်း၍ပင်ပညာပြရ ပေတော့မည်။ဝဋ်ရှိသ၍“ခံ”ပေအုံးတော့ အဟိံသကရေ ဟု
ဆရာကြီးသည် နှစ်ကြိမ်မြောက် စိတ်ထဲမှကျိတ်၍ ကြုံးဝါးနေမှိပြန်၏။
( ဆက်ရန် ) ကောင်းသစ်
1 comment:
ကောင်းတယ်ဗျာ။ ဆောင်းပါးကတော့ရှယ်ပဲ။
စာရေးဆရာကြီးရေးတာထက်တောင် ကောင်းသေးတယ်။
Post a Comment