ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Thursday, December 30, 2010

ဝဋ်ကြွေးကြမ္မာ..အပိုင်း(၄)

ဤသို့ဖြင့်..သူ၏လုပ်ကြံဖန်တီးမှုဇာတ်ကွက်ကိုစတင်အကောင်အထည်
ဖေါ်လေတော့၏။အရှင်မင်းကြီးသာမာဝတီတို့အုပ်စုဟာပြင်ပနှင့်
အဆက်အသွယ်ပြုပြီးတော့အရှင်မင်းကြီးကို နန်းချဖို့ စီမံနေပါတယ်၊ သက်သေအထောက်အထား ကတော့သူတို့စံနန်းတော်ရဲ့ နံရံတွေမှာ အပေါက်များစွာ တွေ့မြင်နိုင်ပါတယ်။တကြိမ်မက နှစ်ကြိမ်မက၊ လာပြန်ပြီး နောက်တစ်ကြိမ် ဘုရင်မင်းကြီး မယုံကြည်လျှင် ကိုယ်တိုင် ကြည့်ရှုတော်မူပါဟု. ပြောပြန်လေပြီ။ဘုရင်မင်းကြီးသည်၊ မတတ်သာတော့ မကြည့်မခြင်း ခဏခဏပြောနေလေတော့ နားလေးမှအေးအေးဆိုပြီးမာယာဥာဏ်သုံးနေသော မာဂဏ္ဍီအလိုကျ သာမာဝတီ၏ နန်းမဆောင်သို့ သွားကြည့်ရတော့၏ပြောသည့်တိုင်းပင် နံရံ၌အပေါက်များကိုတွေ့ရပါပြီ၊သို့သော်မစူးမစမ်းမလုပ်အကြောင်းရင်း
ကိုသိရန် နံရံပေါက်ဖောက်ရခြင်း၏ အကြောင်းကိုမေးကြည့်၏။..ထိုအခါ လမ်းညွှန်သောဓမ္မကိုပေးတော်မူသောကြောင့်ဓမ္မရာဇာဖြစ်တော်မူသော
ဘုရားရှင်နှင့်တကွ သံဃာတော်များကိုအပြင်ထွက်ဖူးခွင့်မလွယ်၍ နံရံပေါက်မှ ဖူးမြင်ကြကြောင်း အဖြစ်မှန်ကိုတင်ပြကြ၏ အဖြစ်မှန်ကို သိရသောအခါ ဘုရင်မင်းကြီးသည်နံရံပေါက်များကို ပိတ်စေ၏ ထို့နောက်လှပသပ်ယပ်သောလေသာတံခါးများကိုတပ်ဆင်ပေးတော့၏
စိတ်တိုင်းကျ ဖူးစေ ပူဇော်စေရန်ဖြစ၏

မာဂဏ္ဍီပစ်ချက် လွဲသွားပေပြီ၊ သာမ၀တီတို့အဖို့တော့ အမြတ်ပင် ထွက်လိုက်သေး၏၊ လွတ်လပ်စွာ တံခါးပေါက်မှ ဖူးမျှော်ပူဇော်ခွင့် ရသွားပြီမဟုတ်ပါလား။အင်း ဒီတခါ သမဏ အလှည့်ပဲ၊ မာဂဏ္ဍီသည် ဘာသာမဲ့ ဘာသာခြားများကို ငွေပေး၍ ရှင်တော်မြတ်သွားလေရာ နောက်မှလိုက်၍ ကြမ်းကြမ်းတမ်းတမ်း ဆဲခိုင်းတော့၏။
ဆဲနည်းကတော့စုံလှ၏သူခိုး ကြမ်းပိုးတွေ လူအတွေ မြည်းတွေ နွားတွေ
ကုလားအုပ်တွေငရဲသားတွေတိရိစ္ဆာန်တွေစသည်စသည်သူတို့ပါးစပ်ထဲ 
တွေ့သမျှဆဲရေးကြတော့၏သွားလေးရာ အဆဲနောက်ကပါနေတော့၏၊ အရှင်အာနန္ဒာမနေနို်င်တော့နယ်ပြောင်းဖို့ဘုရားရှင်ကိုလျှောက်ထား
ရတော့၏ဘယ်ကိုသွားကြမလဲ အာနန္ဒာ(တစ်ခြားမြို့ကိုပါမြတ်စွာဘုရား)
အဲဒီမြို့ဆဲပြန်ရင်ကော(နောက်တစ်မြို့ပါဘုရား)နောက်တစ်မြို့
ဆဲပြန်ရင်ကော(အခြားတစ်မြို့ပေါ့ မြတ်စွာဘုရား)အာနန္ဒာမသင့်၊
စစ်မြေပြင်ထွက်သောဆင်ပြောင်ကြီးသည်အရပ်လေးမျက်နှာမှလာသော 
လေးမျှားလက်နက်တို့ကိုသည်းခံနိုင်စွမ်းရှိသကဲ့သို့ဘုရားရှင်တို့
မည်သည်လည်းသီလမဲ့သူတို့၏ဆဲဆိုကြိမ်းမောင်းသောစကားမျိုးစုံ
တို့ကိုသည်းခံနိုင်စွမ်းရှိ၏။

“အာနန္ဒာအဓိကရုဏ်းဆိုတာဖြစ်ရင်ဖြစ်တဲ့နေရာမှာငြိမ်းအောင်
ငြှိမ်းနိုင်ရတယ်“မစိုးရိမ်လင့် အာနန္ဒာ(၇)ရက်ကျော်လျှင် ဆဲဆိုသံများ သူ့အလိုလိုပျောက်သွားပါလိမ့်မယ်၊ယင်းမိန့်ကြားချက်ကို အခြေခံ၍ 
မြန်မာ့နယ်ပယ်၌ ချီးမွမ်း(၇)ရက် ကဲ့ရဲ့(၇)ရက်ဟု ပြောဆိုကြ၏
မိန့်တော်မူသည့်အတိုင်းပင်၇ရက်လွန်သောအခါဆဲဆိုသံများ
မကြားရတော့။ဘုရားရှင်သည်ကောသမ္ဗီမှာပင်ဆက်လက်
သီတင်းသုံးနေဆဲဖြစ်၏၊ဘုရားမနိုင်သောအခါ သာမာဝတီတို့ကို 
(ဘုရားရှင်ကို ထောက်ပံ့သော ထောက်တိုင်အဖြစ်သတ်မှတ်ကာ) 
ဆက်လက်ရန်ရှာလေတော့၏။ဘုရင်ဥတေနသည် မာဂဏ္ဍီ၏ဦးလေးကို သူ့အလိုကျ မူးယစ်ဝန်ကြီးဋ္ဌာန အကြီးအကဲအဖြစ် ခန့်အပ်ထား၏
သူ့ဦးလေးသူ-နောက်ပြီးသူ့ကျေးကျွန်သုံးဦးဇာတ်ကြိုတင်တိုက်ထား၏၊
သာမာဝတီကို အကောက်ကြံရန်ဖြစ်၏ မာဂဏ္ဍီ မာယာဥာဏ်
ထပ်သုံးပြန်လေပြီ၊ ဘုရင့်အနား မာဂဏ္ဍီရှိနေချိန်သူ့ဦးလေးသည်
ဘုရင်မင်းအတွက်ဟု ဆိုကာ ကြက်အရှင်(၈)ကောင်လာရောက်
ဆက်သလေ၏၊မာဂဏ္ဍီကအဆင်ပြေတာပဲသာမာဝတီတို့ အုပ်စု
ဘာအလုပ်မှ မရှိ၊လှည့်သွားနေကြတယ်၊သူတို့ကိုဘုရင်မင်းကြီးက
ကြက်သားသုပ် ဆက်သခိုင်းရင် အဆင်ပြေမယ်၊ ဘုရင်မင်းကြီးသည် အလုပ်အကျွေးငယ်ကို သွားပို့ခိုင်းလိုက်၏။

သာမာဝတီနှင့်တကွ ရံရွှေတော်တို့သည် သောတာပန်များ ဖြစ်ကြ၏၊
သောတာပန်တို့မည်သည် ငါးပါးသီလ ဖျက်ရိုးထုံးစံမရှိ၊ ပျက်ရိုး ထုံးစံမရှိပေ၊ အသက်သာစွန့်မယ်သီလမစွန့်သူများဖြစ်ကြ၏။ထို့ကြောင့်
သူတို့သည် သူ့သက်သတ်သူများ မဟုတ်၍ ကြက်သားသုပ်ဟင်းလျှာ
မချက်နိုင်ကြောင်းမဆက်သနိုင်ကြောင်း ငြင်းပယ်လိုက်ကြ၏၊(မာဂဏ္ဍီ
ဘက်သားဖြစ်သော)အလုပ်အကြွေးငယ်သည် ဘုရင်မင်းကိုသူတို့ချက်၍
မဆက်သနိုင်ကြောင်း လျှောက်ထားလေ၏၊ ထိုအခါ မာဂဏ္ဍီကဒီကြက် ၈-ကောင်ကိုယူသွား ရဟန်းဂေါတမကို(မာဂဏ္ဍီ၏အသုံးအနှုံး)
ချက်ပို့လို့် ဘုရင်ကြီးက မှာလိုက်တယ်လို့ပြော၊ အလုပ်အကြွေးငယ် နောက်တစ်ခေါက်ထပ်သွားရပြန်၏ဘုရင့်ရှေ့ယူသွားစဉ်က 
(သက်ရှိကြက်) ဖြစ်၏၊သို့သော်ဘုရင်ကွယ်ရာ၌ကြက်အသေနှင့်
လဲပြောင်းကာ သာမာဝတီတို့ထံ ပိုလေ၏၊ သောတာပန်သည်
သူတစ်ပါးအသက်မသတ်သော်လည်းပံသုကူသား(အသက်မဲ့) 
ဆိုလျှင်ကားချက်ပြုတ်စားသောက်ပါ၏၊ ထို့ကြောင့် ယခုပို့လာသော
ကြက်များသည်(အသေများ)များဖြစ်၍ လက်ခံကာ ဘုရားရှင်ထံ လက်သုပ်ဟင်းလျှာအဖြစ်စီစဉ်၍ ပို့လိုက်ကြ၏၊
 

ယင်းအကြောင်းကို ပြန်လည် သံတော်ဦးတင်၏၊ ထိုအခါ မာဂဏ္ဍီက ကိုယ်တွေ့သိရပြီးမဟုတ်လား အရှင်မင်းကြီးမင်းကြီးအတွက်တော့မချက် ရဟန်းဂေါတမအတွက်ဆိုတော့ချက်တယ်၊ဒါမရိုးသားတာပဲ၊နန်းတွင်းမှာ
နေပေမဲ့နန်းပြင်ကိုတောင့်တနေတယ်အချိတ်အဆက်လုပ်နေတယ်
ဆိုတာပြသနေတာပဲ ဟု နာနာနှင့်သာသာလေး တွန်းအားပေးပြန်၏၊ ဘုရင်သည် သူ့စကား မယုံ၊ တုပ်တုပ်မျှပင် မလှုပ်ချေ။ မာဂဏ္ဍီကား
ရန်ငြိုးကြီး၍ ဇွဲကြီးသူလည်း ဖြစ်၏၊ထို့ကြောင့်နောက်တစ်နည်းကြံပြန်၏၊
(မကောင်းတူ ဆိုးဘက်)သူ့ဦးလေးကို အကူအညီတောင်းပြန်လေပြီ၊
အစွယ်ချိုးပြီးသား(အဆိပ်မဲ့)မွေဆိုးတစ်ကောင် သူ့ဆီပို့ပေးဖို့ ဖြစ်၏၊
နက်ဖန်သဘက်ဆိုရင်ဘုရင်ဥတေနမင်းကြီးသည်သာမာဝတီအဆောင်

သို့ပြောင်း၍ စံတော်မူမည်ဖြစ်၏၊အရှင်မင်းကြီးနှမတော် ညက
အိပ်မက်ဆိုးတွေ မက်တယ်(လုပ်ကြံပြောခြင်းဖြစ်၏)စိတ်တွေလည်း
လေးလံနေတယ်အရှင်မင်းကြီး တစ်ခုခုဖြစ်မှာကို နှမတော်စိုးရိမ်မိတယ်၊
ဒါကြောင့် သာမ၀တီအဆောင် မကူးပါနှင့်လား။စိုးရိမ်ပိုမနေပါနှင့်
မိဖုရားကြီးရယ်၊ဘာမှမဖြစ်ပါဘူး၊တား၍ရမည်ဟုတ်ဟုသိသောအခါ
ဘုရင်မင်းကြီးမသိအောင် ဘုရင့်စောင်းပေါက်ထဲသို့ မြွေဆိုးကိုထည့်၍ ပန်းကုံးဖြင့်ထွက်မရအောင်ကြိုတင်ပိတ်ထားလေတော့၏၊
ဘုရင်မင်းကြီးသည်သွားလေရာ သူ၏“ဟတ္ထိကန္တ”စောင်းတော်ကို အမြဲတန်းဆောင်ယူသွားလေ့ရှိ၏၊ ယင်းစောင်းဖြင့်ဆင်များကိုလိုသလို
စေစားနိုင်၏၊ ရှေးခေတ်က ဆင်ရှိလျှင် အင်အားကြီးနိုင်ငံ အင်အားကြီး
အင်ပါယာအဖြစ် အသိအမှတ်ပြုကြ၏။
 

ဘုရင်ဥတေနသည် သာမာဝတီနန်းမဆောင်သို့ ရောက်ခဲ့ပေပြီ၊
သူ့ကို စိတ်မချ ဟုဆိုကာ မာဂဏ္ဍီသည်လည်းလိုက်ပါလာ၏။
လိုက်မလာဖို့ ဘုရင်ဥတေနက တားတော့တားသေး၏၊တားမရ၍
လိုက်ပါခွင့်ပြုလိုက်၏ဘုရင်မင်းကြီးသည်သာမာဝတို့ဆက်သသော
အ၀တ်နံ့သာပန်းတို့ကိုဝတ်ရုံဆင်မြန်းလျှက်စားကောင်းသောက်ဖွယ်
တို့ကို သုံးဆောင်ပြီးလျှင် စောင်းကို ခေါင်းရင်းမှာတင်ထားကာ စက်တော်ခေါ်လေတော့၏။ထိုအချိန် မာဂဏ္ဍီသည် ဟိုယောင်ယောင်
ဒီယောင်ယောင်လှည့်သွားပြီး စောင်းနားကပ်ကာ ပန်းကုံးကို ဖယ်ရှားလိုက်တော့၏၊(သူ၏ရိုက်ချက် တိုက်ကွက် စတင်လေပြီ) 
နှစ်ရက်သုံးရက် အစာမစားရပဲ လှောင်ပိတ်ခံထားရသည်ဖြစ်၍
မြွေကြီးသည်မာန်ထကာကြောက်စရာလန့်စရာကောင်းလောက်အောင်
ပါးဖျဉ်းထောင်လေတော့၏၊ မာဂဏ္ဍီသည်အထိတ်တလန့်ဖြစ်အောင်
အော်လေတော့သည်၊အကြံပက်စက်ရက်စက်လိုက်တာ
သာမာဝတီရယ်၊ဘုရင့်ဆီက ဘာများမရလို့ဒီလိုအကြံမျိုး ကြံစီရတာလဲ၊
အပြင်မှာ မျှော်လင့်ချက်တွေရှိနေလို့လား။ဘုရင်မရှိမှသင့်တို့က
စိတ်ချမ်းသာမှာလား၊ အရှင်မင်းကြီးကလည်းအိပ်မက်ဆိုးတွေး မက်လို့
မသွားပါနှင့်လို့ တားတာတားမရဘူး၊ခုတော့ ကံသီပေလို့ပေါ့
နှမတော်သာအသိမစောရင်ခုချိန်ဆိုမတွေးရဲစရာပဲစသည်ဖြင့်
အပြင်တင်လိုက်ကြိမ်းမောင်းလိုက်လုပ်နေတော့သည်၊ဘုရင်ဥတေန
သည်မြွေကြီးကိုကြည့်၍တော်တော်ပင်ထိတ်လန့်သွား၏ထို့အတူ
သူ၏ဒေါသသည်လည်းငယ်ထိပ် ထိအောင်ရောက်လာပေပြီ အင်း...
သာမ၀တီ ဒီလိုလုပ်ကြံမယ်လို့ မထင်ရဘူး မထင်မိဘူး၊အရင်တုန်းက
နံရံအပေါက်ဖေါက်တာ ကြက်သားဟင်းလျှာသုပ်လုပ်ခိုင်းတုန်းက
ငါ့အတွက်ငြင်းပယ်တာငါ သဘောထား ရိုးရိုးလို့ထင်ခဲ့တာယခုတော့
သူ့မကောင်းကြံရေပေါ်ဗူးပေါ်သလိုပေါ်လာခဲ့ပေပြီ။ သာမာဝတီတို့
ငါးရာလုံးကိုတန်းခိုင်းလိုက်၏ရှေ့တည့်တည့်ကြည့်ရင်တစ်ယောက်တည်း
ထင်လောက်အောင်ထိဖြောင့်အောင်တန်းခိုင်းထား၏  ပြီးတော့....
ဗိုလ်ခြေတစ်ထောင်တင် သူ၏ လက်သုံးတော်မျှားကို ပြင်လေတော့၏၊
သာမာဝတီနှင့်ရံရွှေတော်ငါးရားလုံးကိုတစ်ချက်တည်းဖြင့်
အပြတ်ရှင်းရန် ဖြစ်၏။မာဂဏ္ဍီ၏ အကြံအစီမှန်းသာမာဝတီသိ၏၊
သို့သော်ရှင်းပြရန်ခက်နေ၏၊(မာဂဏ္ဍီကတစ်ကွက်ကြိုတင်ပြင်ထားသည်
မဟုတ်လား)သာမာဝတီသည် သူ့ရံရွှေတော်များကို လမ်းညွန်နေ၏၊
ငါတို့သည်မေတ္တာမှတစ်ပါး အားကိုးစရာမရှိ မမြင်...မင်းကြီး-မာဂဏ္ဍီ-
မိမိ တစ်သားတည်းဖြစ်စေရမယ်မိမိနှင့်တန်းတူထားပြီးတော့မေတ္တာပွား 
ကြရမယ် မာဂဏ္ဍီ-မင်းကြီး ဘယ်သူ့အပေါ်ကိုမှ ဒေါသမထားရဘူး
မေတ္တာမပျက်ရဘူး၊စကားသံတိတ်သွားတော့၏၊ သူတို့အလုပ်သူတို့ စတင်လုပ်နေကြပြီဖြစ်၏၊ သူတို့၏ကိုယ်၌ မေတ္တာများ လွှမ်းခြုံနေပေပြီ။
ဘုရင်ဥတေနသည် အဆိပ်လူးထားသောမျှားကို လေးညှို့သို့
တင်လိုက်လေပြီ၊ ထို့နောက် သာမာဝတီ၏ ရင်ဝတည့်တည့် ချိန်လျှက်
အဆိပ်လူးမျှားကို ပစ်လွှတ်လိုက်လေတော့၏၊ ထိုအခါ…(ဆက်ရန်)

                                               ကောင်းသစ်

Tuesday, December 28, 2010

ဝဋ်ကြွေးကြမ္မာ..အပိုင်း(၃)

သို့သော် …. လှတုန်း ပတုန်း အလှမာန်ဖုံးနေတဲ့အရွယ် လူထုပရိသတ်
အလယ်၌ သူ့ကိုအလိုမရှိလျှင်အလိုမရှိပါဟုငြင်းပယ်လျှင်ငြင်းပယ်ခွင့်
ရှိသည်မို့ ဘာမှမပြောလိုသော်လည်း“အညစ်အကြေးတို့ဖြင့်
ပြည့်နေသော သူ့ကို ခြေဖျားဖြင့်ပင်မထိလို”ဟုပြောကြားလိုက်ခြင်းသည်
သူ့ကို သက်သက်မဲ့ နှိမ်လွန်းသည်ဟုထင်ကာသူ၏နှလုံးသား၌ ဒေါသ
အာဃာတ အမုန်းမီးတောက် မီးလျှံတို့သည် အရှိန်ပြင်းစွာဖြင့် တဟုန်းဟုန်း စတင်တောက်လောင်ကျွမ်းလေတော့၏၊ (အမှန်အားဖြင့် ခန္ဓာထဲ၌ မြတ်နိုးစရာ မက်မောစရာ ဘာတစ်မှမရှိပေ၊ ဒွါရကိုးဝမှ ယိုကျ
လာသောအညစ်အကြေးများကိုကြည့်ခြင်းဖြင့်ပင်ကိုယ်တိုင်မြင်နိုင်
သိနိုင်ပါ၏၊ ထို့ကြောင့် ရှင်တော်မြတ်ဘုရား၏ “အညစ်အကြေး ရွံရှာဖွယ်
တို့ဖြင့်ပြည့်နေသည်”ဟုမိန့်တော်မူခြင်းသည် အရှိအတို်င်းအမှန်အတိုင်း
မိန့်တော်မူလိုက်ခြင်းဖြစ်၏၊သို့သော်မုန်းစရာကိုချစ်စရာဟု မြင်၍ ရွံစရာကိုမြတ်နိုးစရာ ဟုထင်နေသောမာဂဏ္ဍီအဖို့တော့ လက်မခံနိုင်ဖြစ်နေ၏)
 

ထို့ကြောင့် အရှိအတိုင်း အမှန်အတိုင်းမြင်နိုင်ကြသော မိဘနှစ်ပါးမှာ အနာဂါမ်တည်ကြ၍“နှလုံးသား၌ ဓမ္မ”ကိန်းသွားသော်လည်းသမီးလေး
မာဂဏ္ဍီအဖို့မှာတော့“နှလုံးသားမှာ ဓမ္မမကိန်းပဲ ယင်းအစား ဒေါသ အာဃာတ” အမုန်းတရားသာ ခိုင်မြဲစွာနေရာယူသွားလေတော့၏။
ဓမ္မကို အတူတူနာကြားခွင့်ရသော်လည်းနှလုံးသွင်းမှုပေါ်မူတည်၍ “အရှုံး- အမြတ်”ထွက်သွား ခြင်းဖြစ်၏ မိဘနှစ်ပါးသည် သမီးချောလေး မာဂဏ္ဍီကိုသူ့ညီ(မာဂဏ္ဍီလေး၏ဦးလေးထံ)အပြီးအပ်နှံ၍ သာသနာ့
ဘောင်ဝင်ရောက်ကာနိဗ္ဗာန်မျက်မှောက်ပြုသွားကြ၏ မာဂဏ္ဍီသည်
စိတ်ထဲ၌ဆုံးဖြတ်ချက်ကိုခိုင်မာစွာချထားလိုက်၏အမှီကောင်းရ၍
ပါဝါမြင့်သောထိုတစ်နေ့တွေ့ကြသေးတာပေါ့“သမဏ”ရယ်…။
မာဂဏ္ဍီလေးသည် အရွယ်ကောင်းသည့်အပြင် အလှမှာသရဖူ
ဆောင်းသူလေးမို့တခြားသူနှင့်မထိုက်တန်၊ဘုရင်မင်းတို့နှင့်သာ
ထိုက်တန်သည်ဟုသူ့ဦးလေးကတွေးမှိ၏၊ထို့ကြောင့် ကောသမ္ဗီပြည့်ရှင်
ဘုရင်ဥတေနကို သူကိုယ်တိုင်ပင် သွားရောက်၍ တူမချောလေးကို 
“ဣတ္ထိရတနာ အဖြစ်”ဆက်သလေတော့၏၊ ဥတေနမင်းသည် ပုထုဇဉ်ဖြစ်၏၊ပုထုဇဉ်သည်ကိလေသာမကင်းသေးသူဖြစ်၏၊ကိလေသာ
မကင်းသူသည် အာရုံနှင့်တွေ့လျှင် “အမျက်(သို့မဟုတ်)ရမ္မက် 
တစ်ခုခုတော့ ဖြစ်တတ်၏၊ယခုမာဂဏ္ဍီလေးက လှပသူလေးမို့
ဘုရင်မင်းအတွက်တော့ မက်စရာ ဖြစ်သွား၏။ထို့ကြောင့်ပင် သူ့အတွက် ရံရွှေတော်ငါးရာပါအပ်နှင်း၍မိဖုရားခေါင်ကြီးအဖြစ်တင်မြှောက်လိုက်
လေတော့၏။သူမှန်းသောအမှီ ရပြီမို့ သူ့ဘ၀သည်လည်း ပါဝါမြင့်သော ဘ၀သို့နေချင်းညချင်းပင်ရောက်သွားလေတော့၏။ဘုရင်ဥတေန
မင်းကြီး၌ “၀ါသုလဒတ္တ-မာဂဏ္ဍီ- သာမာဝတီ”ဟူသောမိဖုရားခေါင်ကြီး
သုံးဦးရှိ၏၊အလှည့်ကျ အဆောင်ပြောင်းကာ စံမြန်းလေ့ရှိ၏။
 

ရှင်တော်မြတ်ဘုရားသည် ကောသမ္ဗီပြည် သူဌေးကြီးသုံးဦးတို့၏ ပင့်လျှောက်ချက်အရကောသမ္ဗီရှိ“ဃောသိတာရုံကျောင်းကုက္ကုဋာရုံ
ကျောင်း ပါဝါရိကာရုံကျောင်းတို့၌ တလှည့်စီ သီတင်းသုံးစံနေတော်မူ၏
ခုဇ္ဇုတ္တရာသည်သုမနပန်းသည်ထံမှအမြဲတန်းပန်းဝယ်နေသူဖြစ်၏
တစ်နေ့သုမနပန်းသည်ဘုရားအမှူးရှိသောသံဃာတော်အရှင်မြတ်များ
ဆွမ်းဆက်ကပ်သည်နှင့်ကြုံတွေ့နေ၏၊ ထို့ကြောင့် သုမနပန်းသည်က တရားနာပြီးမှ ပြန်ဖို့တားထား၏၊ ထို့ကြောင့် လူမှုရေးအရ မပြန်သေးပဲ တရားနာချိန်ထိ စောင့်ဆိုင်းနေရင်း ဘုရားရှင်၏တရားကို နာယူဖြစ်သွား၏။ဒေသနာအဆုံး သောတာပန် တည်သွား၏၊  ဥတေနဘုရင်မင်းသည် သာမာဝတီအတွက် ပန်းဖိုး တစ်နေ့“အသပြာ ရှစ်ကျပ်”ထုတ်ယူခွင့် ပြုထား၏၊ ခုဇ္ဇုတ္တရာသည် ယခင်နေ့များကဆိုလျှင် ပန်းကိုလေးကျပ်ဖိုးပဲ ၀ယ်ယူဆက်သ၏၊ကျန်လေးကျပ်ကိုမူသူပိုင်အဖြစ်
ဖြတ်ယူထား၏ယနေ့တော့ဘုရားရှင်၏တရားနာယူကာသောတာပန်
ဖြစ်သွားပြီးမို့“ငါးပါးသီလကိုယ်ကျင့်တရား”ခိုင်မြဲသွားလေပြီ၊
သောတာပန်သည် ငါးပါးသီလကိုသက်ထက်တန်ဘိုးထား၏
အသက်ထွက်ချင်ထွက်သီလတော့ဘယ်တော့မှ
ဘယ်အကြောင်းကြောင့်မှအပျက်မခံတော့ပေ။
 

ထို့ကြောင့် ခါတိုင်းလို လေးကျပ်ကို မိမိအတွက် ဖြတ်မယူတော့ပဲ အသပြာရှစ်ကျပ်ဖိုးလုံး အကုန်ဝယ်၍ မိဖုရားခေါင်ကြီး သာမာဝတီကို ဆက်သလေ၏။မိဖုရားခေါင်ကြီးသည် အံအားသင့်နေ၏၊ ပန်းတွေ
ခါတိုင်းထက် များလွန်းနေ၍ဖြစ်၏၊ ဒီနေ့ ခါတိုင်းထက် ပန်းတွေ
များနေပါလား၊ ဘုရင်ကြီးက ပန်းဖိုးများတိုးပေးလို့လားဟု မေးလိုက်၏၊
တိုးမပေးပါသခင်မ၊ဒါဆို..ဘာဖြစ်လို့ပန်းတွေကခါတိုင်းထက်
များနေရတာလဲ၊ ဘုရင်ကြီးက သခင်မအတွက် နေ့တိုင်း ပန်းဖိုးရှစ်ကျပ်
ပေးပါတယ်၊အဲဒါ.ကျမကကျမအတွက်လေးကျပ်ကိုဖြတ်ယူထားပြီး
လေးကျပ်ဖိုးပဲ ပန်းဝယ်ပြီး သခင်မကိုဆက်ခဲ့ပါတယ်၊ ဒီနေ့တော့ မယူတော့ပဲရှစ်ကျပ်ဖိုးလုံးအကုန် ၀ယ်ခဲ့လို့ပါ သခင်မ.၊မိမိဖို့်ပေးသော ပန်းဖိုးရှစ်ကျပ်ကို မိမိလူယုံတော်က နေ့စဉ်တစ်ဝက်ဖြတ်ယူထားသည်
ဟုသိပါက အမှန်အတိုင်းဆိုလျှင် စိတ်တိုစရာပင်ဖြစ်၏ ခိုးယူထားသည့်
ငွေများကို ပြန်တောင်းချင်စရာဖြစ်၏၊သို့သော်သမာဝတီမိဖုရားကြီးသည်
သဘောထားကြီး၍ စိတ်ထားဖြူစင်သူဖြစ်၏၊သူ့ရံရွှေတော်များကို
အကြင်နာတရားမေတ္တာတရားဖြင့်ဆက်ဆံသူဖြစ်၏ငါမိဖုရားခေါင်ကြီး
ဟူ၍ မာန်တက်ခြင်းမောက်မာခြင်း အပေါ်စီးကဆက်ဆံခြင်း
ဘယ်တုန်းကမှမရှိခဲ့ပေ၊နောင်လည်းရှိလိမ့်မည်မဟုတ်ပေ၊ ထို့ကြောင့်
ရံရွှေတော်များက သူတို့ မိဖုရားခေါင်ကြီးကိုချစ်ကြောက်ရိုသေရှိကြ၏၊
သူတို့သခင်မအတွက်ဆိုဘာလုပ်ရလုပ်ရဘာပေးဆပ်ရ ဆပ်ရ
အဆင်သင့်ဖြစ်နေကြ၏၊အသက်စွန့်ရမည်ဆိုလျှင်တောင်နောက်တွန့်
သူများမဟုတ်ကြပေ၊အဲဒီလောက်ချစ်၍အဲဒီလောက် လေးစားကြ၏
အချင်းချင်းအညမညစည်းစည်းလုံးလုံးနေကြ၏အကြောက်တရားကြောင့်
စည်းလုံးခြင်းမဟုတ် မေတ္တာတရားဖြင့်စည်းလုံးနေကြသူများဖြစ်၏
အကြောက်တရားကြောင့်စည်းလုံးခြင်းသည်“ဟန်”ဖြစ်၏၊
မေတ္တာဖြင့် စည်းလုံးခြင်းသည်သာ“အမှန်”စည်းလုံးခြင်းဖြစ်၏။
မိဖုရားခေါင်ကြီးသည် သူ့လူယုံတော် ခုဇ္ဇုတ္တရာကို ဒီနေ့မှ ဘာစိတ်ကူး
ပြောင်းသွား၍ မယူတော့တာပါလိမ့်လို့ တွေးမိ၏ တွေးမိ၍လည်း မေးမိတော့၏သြော်.. ဒါဆို ဒီနေ့မှဘာစိတ်ကူးပေါက်ပြီးရှစ်ကျပ်ဖိုးလုံး
ဝယ်ခဲ့ရတာလဲ၊သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏တရားဓမ္မကိုနာကြားခဲ့ရလို့ပါ၊ 
မိဖုရားခေါင်ကြီးသည်အမြင်ကို ပြောင်းလွဲစေသော ဓမ္မ၊စိတ်ထားကို
ပြောင်းလဲစေသော ဓမ္မ၊အမှန်အတိုင်း ၀န်ခံရဲသောသတ္တိကို
မွေးဖွါးပေးလိုက်သောဓမ္မ၊ မကောင်းတဲ့အပြုအမူနှင့်အပြောအဆိုကို
ထိမ်းချုပ်နိုင်စွမ်းရှိသော ဓမ္မ၊ယင်းဓမ္မကိုနာယူချင်စိတ်
ဖြစ်လာ၏၊ ထို့ကြောင့်သူတို့တတွေကိုပြန်လည်ဟောပြဖို့
ပြောပြဖို့တိုက်တွန်းလိုက်၏၊
 

တရားသိသူမို့ တရားကိုလေးစား၏၊တရားလေးစား၍လည်းဒီပုံစံအတိုင်း
မဟောနိုင်၊ သူ့ကိုရေးချိုးပေးဖို့ပြော၏ သူတို့သည် ခုဇ္ဇုတ္တရာကို နံ့သာရေဖြင့် ရေချိုးပေး၏ အ၀တ်စားအသစ်များ ဆင်ပေးကြ၏၊
ခုဇ္ဇုတ္တရာသည်နေရာထိုင်ခင်းလေးခင်းထိုင်ကာဆန်းကြယ်သပ်ယပ်
သောယပ်တောင်တစ်ချောင်းကိုင်လျှက်“ဘုရားရှင်ဆီမှ မိမိနာယူခဲ့သည် တရားကို တစ်လုံးတစ်ပါဒမှမကျန်ရအောင်ပြည့်ပြည့်စုံစုံ”မိဖုရားကြီးနှင့်
ရံရွှေတော်များကိုပြောပြလေတော့၏၊ဟောပြနေတော့၏၊တရားဆုံး
သည်နှင့်တစ်ပြိုင်နက် သူတို့လည်း ခုဇ္ဇုတ္တရာကဲ့သို့ပင် 
“ဒိ႒ိ ၀ိစိကိစ ၦာ သီလဗၺတပရာမာသ ဣႆာ မစ ၦရိယ” တရားဆုိးမ်ားကို
ပယ်ခွါသူများ ဖြစ်သွားတော့၏၊ သူတို့အတွက် အပါယ်တံခါးသည် “ထာဝရ”ပိတ်သွားလေပြီ။
 
ထိုနေ့မှစ၍အ၀တ်အစားသစ်များကိုနေ့စဉ်ပြင်ဆင်ပေးကြ၍သူတို့၏
“ဓမ္မဆရာ”“ဓမ္မမိခင်”အဖြစ်ခုဇ္ဇုတ္တရာကိုအသိအမှတ်ပြုလိုက်ကြ၏။
ခုဇ္ဇုတ္တရာသည်အရင်လိုသုမနပန်းသည်ထံသွား၍ပန်းဝယ်စရာမလိုတော့
သို့သော် ရှင်တော်ဘုရား တရားပွဲရှိသည့်နေရာတိုင်းသို့သွား၍ တရားနာယူကာသာမာဝတီမိဖုရားခေါင်ကြီးနှင့်ရံရွှေတော်များကို
နေ့တိုင်းပင် ပြန်လည်၍ ဟောပြရသော ပိဋကသုံးပုံဆောင်
“ အမျိုးသမီးဓမ္မကထိက”အဖြစ် ဖြစ်မှန်းမသိ ဖြစ်သွားတော့၏၊
ထို့ကြောင့် ရှင်တော်မြတ်ဘုရားက အမျိုးသမီးဓမ္မကထိက တို့တွင်
အသာဆုံး အမြတ်ဆုံးဖြစ်သည့်“ဧတဒဂ်”ဘွဲ့ထူးကို ခုဇ္ဇုတ္တရာအားပေးအပ်တော်မူခြင်းဖြစ်၏  သူတို့တစ်တွေသည်
တရားမြင်သူများဖြစ်သွားကြလေပြီ၊သို့သော်ဘုရားမမြင်ဘူးကြသေးချေ၊
ထို့ကြောင့်ဘုရားရှင်ကို ဖူးမျှော်ခွင့် ပူဇော်ခွင့်ရရန် ဓမ္မမိခင်အရာ၌
ထားသောခုဇ္ဇုတ္တရာကို ပူဆာကြ၏၊မိမိတို့သည် မင်းအိမ်၌
နေကြရသူတွေမို့ အပြင်ထွက်ဖို့မလွယ်၊အပြင်သို့ ခေါ်ထုတ်သွားဖို့လည်း
မဖြစ်နိုင်၊ဖြစ်နိုင်ချေ စဉ်းစားရလျှင်မိမိတို့တိုက်ခန်းနံရံကို
အပေါက်လေးများ“ဖေါက်”၍ယင်းအပေါက်မှပင်ဘုရားရှင်ကို
ဖူးမျှော်ပူဇော်ကြဖို့ ဓမ္မမိခင်မှ အကြံပေး၏။ယင်းသို့ဖြင့်သူတို့သည်
နံရံများကိုအပေါက်ဖေါက်ကာဘုရားရှင်ကြွလာတော်မူသည့်
အချိန် နံရံပေါက်မှနေ၍ ဘုရားရှင်ကို ဖူးမျှော် ပူဇော်ကြရတော့၏။
 

တစ်နေ့တော့ မာဂဏ္ဍီမိဖုရားသည် အပျင်းပြေ လမ်းလျှောက်ရင်း သူတို့
နန်းမဆောင်သို့ရောက်လာ၏။ဟိုကြည့်ဒီကြည့်ကြည့်ရင်းမှနံရံပေါက်များ
ကိုမြင်တွေ့သွား၏၊အကျိုးအကြောင်းမေးကြည့်သောအခါ(မာဂဏ္ဍီမိဖုရား
ဘုရားအပေါ်ရန်ငြိုထားနေသူဟုမသိကြ၍) ဤအပေါက်မှနေ၍
ဘုရားရှင်ကိုဖူးမျှော်ပူဇော်ကြကြောင်းပြောလိုက်ကြ၏၊မာဂဏ္ဍီ၏
နှလုံးသား၌ ကိန်းနေသည့် အမုန်းတရားသည်“၀ုန်း”ခနဲ ထတောက်တော့၏၊ငါ မျှော်မှန်းခဲ့သော“ထိုတစ်နေ့”ယနေ့တော့ ရောက်လာပြီပေါ့ သမဏရယ်..မာဂဏ္ဍီသည် ဘုရားရှင်ကို အမုန်းကြီးမုန်းနေ၏၊ ထိုအမုန်းသည် ဘုရားရှင်ကိုကြည်ညိုနေကြသော
သာမ၀တီတို့အပေါ်ပါ ကူးစက်သွားတော့၏၊ သမဏရော- သမဏကို ကိုးကွယ်နေသော အုပ်စုရော သိကြသေးတာပေါ့မာဂဏ္ဍီသည်
ဘုရင်ဥတေနဆီ သွားလေပြီ၊ ကောင်းသော သွားခြင်းတော့ မဟုတ်၊ သူ၏ရန်ငြိုးချေလှမ်းကိုအကောင်အထည်ဖေါ်ဖို့ပထမဆုံးခြေလှမ်းအဖြစ်
စတင်လျှောက်လှမ်းခြင်းဖြစ်၏ ၊ ဤသို့ဖြင့် …
                                                   (ဆက်ရန်)
                                                                               ကောင်းသစ်

Monday, December 27, 2010

ဝဋ်ကြွေးကြမ္မာ....အပိုင်း (၂)

ဤသို့ဖြင့်ပင်…အမှောင်များတဖြည်းဖြည်းကြီးစိုးလာပြီဖြစ်၍
ညဥ့်နက်သည့်အချိန်သို့ပင်ရောက်လာပေပြီ၊သို့သော်ဘုရင်မင်းကြီးသည်
စက်တော်ခေါ်၍မရသေး၊ ညဥ့်နက်သည့်အချိန်မှာပင် ဥတေနဘုရင်
မင်းကြီးသည်အတွေးနက်တုန်းဖြစ်၏။ မနက်၍လည်းမဖြစ်ပေ၊သူမရှိခင်
အချိန်လေးအတွင်းမှာပင် သူ၏မြတ်နိုးကြင်နာလှစွာသောသစ္စာရှင်
မေတ္တာရှင် ဓမ္မမိခင်ဖြစ်သောမိဖုရားခေါင်ကြီးနှင့်ရံရွှေတော်ငါးရာ လောကကြီးမှပျောက်ကွယ်သွားပြီမဟုတ်ပါလား၊သူတို့ပျောက်သွား
သော်လည်း သူ၏နှလုံးသားထဲ၌ သူတို့၏ပုံရိပ်လွှာများကမပျောက်သေး ဆက်လက်ရှင်သန်နေဆဲပင်ဖြစ်၏။သာမာဝတီနန်းမဆောင်မီးလောင်
ခြင်းသည်ရိုးရိုးမီးမဖြစ်နိုင်၊ ငါမရှိတုန်းအခွင့်ကောင်းယူပြီး အခြေအနေ
အချိန်အခါသုံးသပ်ကာ အကွက်ချစီစဉ်သွားခြင်းဖြစ်နိုင်၏၊
ဤသူ ဘယ်သူဖြစ်နိုင်မလဲ… .. ။
ဘုရင်မင်းကြီးသည် အတိတ်ကိုတွေးကြည့်၏ ပြေးကြည့်၏၊ ထိုအခါ အတိတ်သည်တရိပ်ရိပ် ထင်ဟပ်လာတော့၏၊ အင်း သူပဲဖြစ်နိုင်တယ်၊ သူပဲဖြစ်ရမယ်ဒါပေမဲ့ သက်သေအထောက်အထား အခိုင်အမာရအောင် တစ်စစီ တစ်စစီဆွဲထုတ်ရမယ်၊ဒီအမှုရဲ့သဲလွန်စ ဘယ်လိုခြေရာ
ကောက်ရမလဲ၊အကြမ်းနည်းနှင့်စစ်ရင်ကောဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူး
ပြဿနာဘေးကို လမ်းကြောင်းပြောင်းသွားနိုင်တယ်
(ပြဿနာရှင်က လမ်းကြောင်းပိတ်သွားအောင် တစ်စုံတစ်ယောက်ကို ဓားစာခံလုပ်ခိုင်းပြီး ပြဿနာလမ်းကြောင်းကို လမ်းလွှဲပေးနိုင်တယ်၊ဒါဆို
အဓိကတရားခံ မျက်ခြေပြတ်သွားနိုင်တယ်)ဒီတော့ ဟုတ်ပြီအနုနည်းကို
သုံးရမယ်၊ အရှေ့လောကဓါတ်မှ အရုဏ်ရောင်ပင်သမ်းလာပေပြီ၊
မကြာမီ မိုးစင်စင်လင်းတော့မည်ဖြစ်၏၊ပြဿနာကို ဖြေရှင်းနိုင်ဖို့
အမှုသည်အစစ် ဖေါ်ထုတ်ဖို့နည်းလည်းရပြီဖြစ်၍ဘုရင်ဥတေနမင်း၏
နှလုံးသား၌လည်းမျှော်လင့်ချက်အရုဏ်သမ်းလာပေပြီ၊ မကြာခင်
အဖြူအမဲကွဲတော့မည်ဖြစ်၏၊ အမှန်တရား ထင်ထင်ရှားရှား
ပေါ်လာတော့မည်ဖြစ်၏၊ အတွေးတိတ်သွားပြီဖြစ်၍ မျက်စိများလည်း မှိတ်ချင်အိပ်ချင်လာချေပြီ၊အင်းတစ်ရေးလိုက်တော့မှေးလိုက်အုံးမှပဲလေ

ယနေ့ ညီလာခံ၌ ဥတေနမင်းကြီး၏အနေအထားကိုကြည့်ရလျှင် ပေါ့ပေါ့ပါပါးတက်တက်ကြွကြွပုံစံဖြစ်နေ၏၊မျက်နှာမှာလည်းပျော်ရွှင်ခြင်း
လွတ်လပ်ခြင်းအသွင်ပေါ်နေ၏၊ မင်းကြီးသည် အမှုမှန်ပေါ်ပေါက်ရေး
ကိုယ်တိုင်သရုပ်ဆောင်နေခြင်းပင်ဖြစ်၏ ရင်ထဲမှ သောကမီးသည်ကား
ရှားမီးကဲ့သို့ပူပြင်း၍ ဖွဲမီးကဲ့သို တစ်မြေ့မြေ့လောင်ကျွမ်းနေတုန်းပင်
ဖြစ်၏ အပူရုပ်ကို တမင်ဖုံးဖိထားခြင်းသာဖြစ်၏ ။“ကြက်ဥနှစ်ရောင်
တိမ်တောင်သဖွယ် မင်းရေးကျယ်၏”တဲ့၊ မင်းတို့၏စိတ်သည်သိနိုင်ခဲ၏၊
ယခုလည်း ဘုရင်ဥတေနသည်ရာဇပရိယာယ်ဖြင့်အမှုမှန်ကို
ကိုယ်တွယ်ပေတော့မည်၊ဘုရင်မင်းကြီး ၀ဲဘက်နှင့်ယာဘက်၌
ကျန်မိဖုရားခေါင်ကြီးများဖြစ်ကြသည့် ၀ါသုလဒတ္တမိဖုရားခေါင်ကြီးနှင့်
မာဂဏ္ဍီမိဖုရားခေါင်ကြီးတို့ထိုင်နေကြ၏။ သူတို့သည်လည်းထူးခြားသည့်
ဘုရင့်အမူအယာကိုအကဲခပ်နေကြ၏၊ ရာဇပလ္လင်၏၀န်ကျင်၌မူးမတ်များ
(၀န်ကြီးများ)စစ်သေနာပတိချုပ်ကြီးများ ညီလာခံမှတ်တမ်းရေးသည့်
စာရေးစာချီများစသူတို့သည်လည်း အသီးသီးနေရာယူကြပြီးဖြစ်၏၊
ဘုရင်ကြီးသည်သူတို့အားလုံးကို စိတ်ထဲမှအကဲခပ်နေ၏၊
သူတို့အားလုံးသည်လည်းဘုရင်မင်းကြီးကိုအကဲခပ်နေကြသည်သာ
ဖြစ်၏၊ညီလာခံသဘင်သည်တိတ်ဆိတ်နေ၏။ တိတ်ဆိတ်ခြင်းကို
ဘုရင်မင်းကြီးကပင်စတင်၍ဖြိုခွင်းလိုက်၏၊အမတ်ကြီးများငါကိုယ်တော်
ရှေ့အခါက အမြဲတန်းလိုလို ထိတ်ထိတ်လန့်လန့်ဖြင့်အချိန်များကို
ဖြတ်သမ်းခဲ့ရ၏၊သာမာဝတီမိဖုရားသည်အမြဲတန်းအခွင့်အရေးကိုစောင့်
၍ငါဘုရင်မင်းကြီးကိုကြံစည်ခဲ့၏၊(ရန်သူကိုမျှားခေါ်သည့်စကားလုံး
ဖြစ်၏) ယခုတော့သာမ၀တီ မရှိတော့ပြီမို့ ငါ့ဘ၀သည်
ပိုက်ကွန်မှလွတ်သော ငှက်၊ ကြော့ကွင်းမှလွတ်သောသမင်ကဲ့သို့
ထိတ်လန့်ခြင်းမှလွတ်မြောက်ရပေပြီ၊ ဘ၀သစ်တစ်ခုကို
မွေးဖွါးလိုက်သကဲ့သို့ ငါဘုရင်မင်းကြီး၏ဘ၀သည် လွတ်လပ်ခြင်း
ပျော်ရွှင်ခြင်းချမ်းသာခြင်းတို့ကို တစ်ပြိုင်နက်ပိုင်ဆိုင်ခွင့်ရပေပြီ၊
“သြော်ယခုမှချမ်းသာလေစွချမ်းသာပေစွ”သက်တော်ရှည်အမတ်ကြီးက
လက်အုပ်ချီ၍“မှန်လှပါ ဘ၀ရှင်မင်းတြားကြီးဘုရား ဒီအမှုကို ဘယ်သူ
ပြုသလဲလို့ ဘ၀ရှင်မင်းတြားကြီး ထင်မိပါသလဲဘုရား”ဟု
စကားဆက်နိုင်ရန်(စကားနှိုက်သောအားဖြင့်) သံတော်ဦးတင်
မေးမြန်းလိုက်၏၊ထိုအခါ မင်းကြီးက အင်း ငါကိုယ်တော်မြတ်ကို အလွန်ချစ်မြတ်နိုးသူငါကိုယ်တော်မြတ်၏အကျိုးကိုအမြဲတန်းလိုလားသူ
တစ်ယောက် ယောက်ကပြုလုပ်တာဖြစ်လိမ့်မယ်လို့တွက်ဆမိတယ်
အမတ်ကြီး။ဘုရင်မင်းကြီး၏စကားသည်မိဖုရားခေါင်ကြီးမာဂဏ္ဍီအတွက်
“ပျားရည်”လိုချိုမြိန်လှ၏၊သူသည်ယနေ့မှအောင်ပွဲခံနိုင်သူဖြစ်၏ ဟု
တွေးကာအလွန်ပင်ဝမ်းသာနေ၏၊အရင်ကသာမာဝတီမိဖုရားခေါင်ကြီး
အပေါ်ကြံစည်ခဲ့သည့်လုပ်ရပ်များသည်လည်းအောင်ပွဲရ မာဂဏ္ဍီ
မိဖုရားကြီး၏စိတ်အစဉ်၌ တရိပ်ရိပ် ပြန်လည်မြင်ယောင်နေမှိပြန်၏၊

မာဂဏ္ဍီမိဖုရားခေါင်ကြီးသည် မင်းမျိုးမင်းနွယ်မှဆင်းသက်လာသည့်
(ရွှေလင်ပန်းနှင့်အချင်းဆေးမင်းမွေးတဲ့)ရွှေမင်းသမီးမဟုတ်၊
ပုဏ္ဏားသွေးမှဆင်းသက်လာသည့်ပုဏ္ဏားမျိုးသာဖြစ်၏၊သို့သော်သူသည် 
သူ့ခေတ်သူ့ခါကနတ်သမီးတမျှ အလှသွေးကြွယ်သူကလေးဖြစ်၍ ကာလသားတိုင်းကြိုက်သည့်“နှင်းဆီခိုင်”ဖြစ်ခဲ့၏။မြို့မျက်နှာဖုံးဖြစ်သည်
ပုဏ္ဏား သူဌေးသူကြွယ်များက သူတို့သားအတွက်“ချွေးမလောင်း”
လာစပ်ကြ၏၊ သူ့မိဘများက အားလုံးကို“ဟုတ်ကဲ့ သမီးလေးက 
အသက်အရွယ်ငယ်လွန်းပါသေးတယ်”ဟုပင် ယဉ်ယဉ်ကျေးနှင့်
အားလုံးကို ငြင်းပယ်ခဲ့၏သူတို့သမီးနှင့်လိုက်ဖက်မည့် သမက်ချောကို သူတို့ နေ့စဉ်ရှာဖွေနေကြ၏၊သူတို့၌ ရွှေရှိ၏..ငွေရှိ၏အသိုင်းအ၀ိုင်းရှိ၏
ပညာရှိ၏၊သူတို့လိုနေသည်မှာ ရွှေမဟုတ်ငွေမဟုတ်ပညာတတ်မဟုတ်
သမီးနှင့်ရှေ့သွားနောက်လိုက်ညီမည့်သမက်ချောလေးဖြစ်၏၊သို့မှသာ 
“နေနှင့်လ-ရွှေနှင့်မြ”ဆိုသလိုသမီးလေးနှင့်လိုက်ဖက်ညီပေမည်။ 
ကိလေသာကင်းစင်တော်မူသည့်မဟာကရုဏာရှင် မြတ်ဗုဒ္ဓသည်
မာဂဏ္ဍီတို့မိသားစုရှိရာ ကုရုတိုင်း(မာဂဏ္ဍီပုဏ္ဏားကြီး အဂ္ဂိပရိစရဏ မီးလုပ်ကျွေးရာ)သို့သပိတ်သင်္ကန်းဆောင်ယူတော်မူ၍တစ်ပါးတည်း
ကြွတော်မူ၏သမက်ချောရှာနေသော မာဂဏ္ဍီပုဏ္ဏားကြီး (အဖမာဂဏ္ဍီ-
အမေမာဂဏ္ဍီသမီးနာမည်လည်းမာဂဏ္ဍီ)မြတ်စွာဘုရားကိုတွေ့ပါလေပြီ၊
သို့သော် ဘုရားဟုသူမသိရှာ၊သမဏတစ်ပါးဟုသာသူသိ၏၊ ထို့ကြောင့်
ဘုရားရှင်အနားသွားကာ ကျန်ုပ်မှာ လူမကနတ်တမျှအလှသွေးကြယ်တဲ့
သမီးငယ်လေးတစ်ယောက်ရှိပါတယ်.အသင်သမဏလို ချောမော
လှပသူဟာသမီးလေးနှင့်သာ ထိုက်တန်ပါတယ်၊သမီးလေးဟာလည်း
အသင်သမဏနှင့်သာထိုက်တန်ပါတယ်၊အသင်သမဏကိုပြုစု
လုပ်ကျွေးဖို့အတွက် “သမီးချောလေး”ကိုလက်ခံပါဟုအပ်နှင်းလေ၏၊

မြတ်စွာဘုရှင်က“ပယ်လည်းမပယ်လိုက် လက်လည်းမခံလိုက်”
စကားတစ်ခွန်းမျှမဟလိုက်ပေ၊ သို့သော် ပုဏ္ဏားကြီးကတော့ အိမ်သို့
အမြန်သုပ်ခြေတင် ပြေးလေပြီ၊ အိမ်ရောက်တော့ပုဏ္ဏေးမကြီးကို 
“သမီးလေးအတွက်လက်တွဲဖေါ်ဘ၀ကြင်ဖက် မိမိတို့အတွက် သမက်
ချောချောလေး”တွေ့ခဲ့ပြီမို့ ရေမိုးချိုး နံ့သာလိမ်း အလှဆင်ပေးဖို့ အမြန်
ပြင်ဆင်ခိုင်းလေတော့၏မာဂဏ္ဍီသည်ယနေ့ခါတိုင်းထက်ချော
ခါတိုင်းထက်ပင် ပိုလှနေသည်ဟုထင်ရ၏၊ယနေ့ အလှဆုံးဖြစ်အောင်
ပြင်ဆင်ထားခြင်းလည်းဖြစ်၏၊အသစ်စက်စက်ဖြစ်သောလက်ဝတ်ရတနာ
ရွှေချည်ဖြင့်ရုပ်လုံးဖေါ်ထားသည့် ပိုးချည်အ၀တ်ရွှေဘယက် စိန်နားကပ်
ရွှေလက်ကောက် ရွှေကြယ်သီး ရွှေခြေကျင်းရွှေခြေနင်းတို့ဖြင့် သူ၏
အလှသည် ရွှေပေါ်မြတင်သကဲ့သို့ လှချင်းတိုင်းလှ နေတော့၏။ စန္ဒကူးနှစ်လိမ်းကြံထားသည်မို့ကိုယ်သင်းရနံ့သည်လည်းသင်း
ပျံ့ပျံ့လေးရှိလှ၏။သမီးချောလေးကို“ချွေးမအဖြစ်”လာစပ်သူအားလုံးကို
ငြင်းပယ်ခဲ့သောမာဂဏ္ဍီပုဏ္ဏားကြီးသည်ယခုတော့ သူကိုယ်တိုင်က
သမက်ချောလေးကိုတွေ့လို့ကိုယ်တိုင်ပဲ(သမက်အဖြစ်)ကြောင်းလမ်းခဲ့
သတဲ့၊ ယင်းသတင်းသည်တစ်မြို့လုံး တခဏလေးပင်ပျံ့နှံ့သွားတော့၏။
အင်းမာဂဏ္ဍီပုဏ္ဏားကြီးက ကိုယ်တိုင်ရှာ ကိုယ်တိုင်စပ်သူဆိုတော့
တော်တော် ချောတဲ့သူပဲဖြစ်ရမယ်၊အင်း မာဂဏ္ဍီသူငယ်မလေးက နတ်သမီးလို ချောသူလေးဆိုတော့ သူ့တို့မှန်းတဲ့ဖမ်းတဲ့သမက်လေး
ဟာလည်း နတ်သားလေးလိုချောမောသူပဲဖြစ်ရမယ်၊ဘယ်လောက်ချော
ဘယ်လောက်လှသူဖြစ်မလဲသွားကြည့်ကြစို့၊ဤသို့ဖြင့်ကြီးငယ်ရွယ်လတ်
လူအုပ်ကြီးသည် မာဂဏ္ဍီတို့နောက်မှ လိုက်ပါသွားကြ၏။

ဘုရားရှင်သည်“ပဒစေတိယ”ခြေရာတော်ကို ချထားခဲ့၍တစ်ခြား
တစ်နေရာမှစောင့်နေတော်မူ၏၊ ခြေရာတော်သည် ခြေလှမ်းတိုင်းမထင်၊ ဘုရားရှင်က အဓိဋ္ဌာန်မှသာထင်၏၊ရည်ရွယ်သူသာမြင်၏၊ ဆင်မြင်းများ
နင်းမိသော်လည်း မပျက်၊နာဂစ်လေနီကြမ်းတိုက်ခပ်သော်မှပျက်စီးခြင်း
မရှိနိုင်၊ အခြားမည့်သည့်အကြောင်းကြောင့်မျှလည်း မပျက်စီးနိုင်ချေ။
ဤသည်မှာခြေရာတော်၏ထူးခြားမှုပင်ဖြစ်၏၊ ပုဏ္ဏားကြီးသည်
ယခင်တွေ့ခဲ့သည့်နေရာသို့ ကြည့်၏ မတွေ့၊ သို့သော်ခြေတော်ရာကို သူမြင်နေရ၏၊ ပုဏ္ဏေးမကြီးကိုပြလိုက်၏။ ဒါ. ခုနင်ကမြင်တွေ့ခဲ့တဲ့
သမက်လောင်းလေးရဲ့“ခြေရာ”ပဲ။ပုဏ္ဏေးမကြီးသည်လည်း
ဗေဒင်ပညာကို တဖက်ကမ်းခပ် တတ်ကျွမ်းသူဖြစ်၏ထိုကြောင့် ခြေရာကို အကဲခပ်ကြည့်၏ ဤခြေရာသည် လောဘရှိသူ၏ခြေရာနှင့်
လည်းမတူ ဒေါသ မောဟရှိသူတို့၏ အရိပ်လက္ခဏာလည်းမထင်
ကလေသာကင်းတဲ့သူရဲ့ခြေရာပဲဖြစ်တယ်ပုဏ္ဏားကြီးက
လက်မခံလိုသေးသဖြင့် ဟိုကြည့်ဒီကြည့်လိုက်ရှာကြည့်၏ ထိုအခါ
တစ်နေရာ၌သီတင်းသုံးနေတော်မူသောရှင်တော်မြတ်ဘုရားကို
မြင်သွား၏၊ပုဏ္ဏေးမကြီး ငါပြောတဲ့သူဟာ အဲဒီ“သမဏ”ပဲ။ဤသို့ဖြင့်
ဘုရားရှင်နားကပ်ကာသမီးချောလေးကို ဘဝလက်တွဲဖော်အဖြစ် လက်ခံဘို့ အပ်နှင်းလေတော့၏။ထိုအခါရှင်တော်မြတ်ဘုရားက အညစ်အကြေးကင်းစင်ပြီး နုနယ်ကျော့ရှင်း ယမင်းရုပ်ကလေးများ
ကဲ့သို့ လှချင်တိုင်းလှနေသော မာရ်နတ်မင်း၏ သမီးပျိုလေးများ
ဖြစ်သော တဏှာ-အရတီ-ရဂါ တို့လာရောက်ဖျားယောင်းစဉ်ကပင်
ကိလေသာဖြင့် ပျော်ပါးလိုစိတ် မဖြစ်ခဲ့ အညစ်ကျေး ရွံ့ရှာဘွယ်တို့
ဖြင့်ပြည့်နေသည့် သင့်သမီးကို ခြေဖျားဖြင့်ပင် တို့ထိခြင်းငှာ အလိုမရှိ
ပေ ဟု  ငြင်းပယ်တော်မူလိုက်၏၊ယင်းဒေသနာ(ယင်းစကား)
အဆုံးဝယ်မာဂဏ္ဍီပုဏ္ဏးကြီးတို့ ဇနီးမောင်နှံနှစ်ယောက်လုံး ခန္ဓာကိုယ်၏ အပြစ်အညစ်အကြေးများကိုရှုဆင်ခြင်ကြ၍အနာဂါမ်တည်သွားကြ၏။ သူတို၏နှလုံးသား၌ဖြူစင်သည့် ဓမ္မ ကိန်းသွားလေပြီ၊ သို့သော် … (ဆက်ရန်)
                                          ကောင်းသစ်


Saturday, December 25, 2010

ဝဋ်ကြွေးကြမ္မာ..အပိုင်း (၁)

ရှေးခေတ်ရှင်ဘုရင်များသည်တောကစားထွက်လေ့ရှိ၏၊တောကစား
ထွက်ရာ၌ရည်ရွယ်ချက်ရှိ၏၊ တောထဲ၌ ခိုအောင်းနေသော လူဆိုးများကို ခြောက်လှန့်သည့်သဘောလဲပါ၏၊အမြဲတန်းနန်းတော်ထဲ၌နေရ၍စိတ်၏
ထွက်ပေါက်အဖြစ် စိတ်မွန်းကြပ်မှုကိုဖြေဖျောက်ရန်လည်းပါ၏။
သားကောင်များကို အထူးအားဖြင့်သမင်များကို ကိုယ်တိုင်လိုက်၍ စားသုံးရန်လည်းပါ၏၊ရှေးခေတ်တစ်ချို့ရှင်ဘုရင်များသမင်သားစွဲလမ်း
ကာထီးနန်းစွန့်၍တောထဲမှာပင်အသားကင်စားကာအနေကြာလာသော
အခါလူစင်စစ်က လူ့ပြိတ္တာအဖြစ်ပြောင်းလဲသွားသည်လည်းရှိ၏။တစ်ချို့
ရှင်ဘုရင်များတောကစားမကြာမကြာထွက်သောကြောင့် 
အလုပ်ပျက်သဖြင့်သမင်များကိုခြံခပ်ကာရှင်ဘုရင်အတွက်သီးသန့်
သမင်ခြံလုပ်ပေးကြရသည်လည်းရှိခဲ့၏။ရှင်ဘုရင်များတောကစား
ထွက်မှုနှင့်ပါတ်သက်၍မြန်မာ့နယ်ပယ်၌ရွှေသမင် ဘယ်ကထွက်
မင်းကြီးတာက ထွက်ဟူသောစကားပုံတစ်ခုပင်ကျန်ခဲ့၏။
ဥတေနမင်းသည်လည်းရှင်ဘုရင်တစ်ပါးပေမို့ တောကစားသည့်
အစဉ်အလာကို ဆက်လက်ကျင့်သုံးနေ၏၊ သို့သော် သူကတော့ သားသမင်လိုက်ရန်မဟုတ်မိဖုရားခေါင်ကြီး“သာမာဝတီ”၏ မေတ္တာရပ်ခံထားချက်အရ သားသမင်များကိုမသတ်ဖြတ်တော့၊
တော၏ သဘာဝအလှကို ရှုစားရင်းလေပြေလေညှင်းခံရင်းနှင့်တောထဲ၌ ခိုအောင်းနေထိုင်တတ်သည့်လူဆိုးများကိုခြောက်လှန့်သည့် အနေ
အားဖြင့်သာ တောစားထွက်လာခြင်းဖြစ်၏သို့သော် ယနေ့ တောကစား ထွက်လာရသည်မှာခါတိုင်းနှင့်မတူခြေလှမ်းများလေးလံနေသလို
ထင်ရ၏၊စိတ်ထဲမှာ တထင့်ထင့် ဖြစ်နေသလိုခံစားနေရ၏

“သာမာဝတီ”၊သူသည် ဘုရင်မင်းကြီး ချစ်မြတ်နိုးသော သိမ်မွေ့နူးညံပြီး
သစ္စာမေတ္တာ အကြင်နာတရားနှင့် ပြည့်စုံသော မိဖုရားခေါင်ကြီးဖြစ်၏။
ဘုရားမှတစ်ပါး ကိုးကွယ်ရာ မရှာတော့သော သောတာပန်အရိယာ
သူတော်စင်မကြီးလည်းဖြစ်၏။မိဖုရားခေါင်ကြီးသည်သလွန် 
ညောင်စောင်းထက်၌ လျှောင်းနေရင်းအိုနာသေကွဲ ရှောင်မလွဲ ကံပဲ
သင့်ကိုစီမံမည် ဟူသောဘုရားရှင်ဟောတော်မူသည့်“အဘိဏှသုတ္တန်”
တရားကို နှလုံးသွင်းဆင်ခြင်နေ၏။သခင်မ သခင်မ.. ဟို… ဟို..
အထိတ်တလန့်နှင့် ဘာဖြစ်လာတာလဲ သစ္စ၀တီ၊စကားရှေ့ဆက် မပြောနိုင်ပဲအထိတ်တလန့်ဖြစ်နေသည့်သူ၏အပါးတော်သစ္စာရှင်မလေး
ကို မိဖုရားခေါင်ကြီး မေးခွန်းထုတ်လိုက်ခြင်းဖြစ်၏။ ဟို ဟို
သခင်မစံမြန်းနေတဲ့ နန်းတော်တိုင်တွေကို မာဂဏ္ဍီရဲ့ ဦးလေးက ဆီတွေရွှဲနေတဲ့ အ၀တ်တွေနှင့်လိုက်ပြီး ရစ်ပတ်ချည်နှောင်နေတယ်
အဲဒါသခင်မလိုက်ကြည့်ပါအုံး၊သာမာဝတီမိဖုရားကြီးနှင့်ရံရွှေတော်များ
ဆင်းလာကြ၏၊ဦးလေးကြီး ဘာဖြစ်လို့ နန်းတော်တိုင်တွေကို ဆီရွှဲနေတဲ့ အ၀တ်တွေနှင့်ရစ်ပတ်ချည်နှောင်နေတာလဲ၊ သြော်.. ဟုတ်ကဲ့ပါ မိဖုရားခေါင်ကြီး ဘုရင်မင်းကြီး အမိန့်တော်အရ ဤကဲ့သို့ပြုလုပ်ရခြင်းပါ၊
(အမှန်အားဖြင့် ဘုရင်ကြီး၏ အမိန့်တော်မဟုတ် သူ့တူမ မိဖုရားခေါင်ကြီး မာဂဏ္ဍီ၏ မရိုးသားသည့် စေခိုင်းချက် ဖြစ်၏)
ဘုရင်မင်းကြီးကနန်းတော်တိုင်တွေရေရှည်ခိုင်ခန့်ဖို့ စီမံခြင်း
ဖြစ်နိုင်ပါတယ်၊အချိန်မီလုပ်ငန်းလေးတွင်ကျယ်အောင်လုပ်ရမှာမို့
မိဖုရားခေါင်ကြီးအပေါ်ခဏစံနေတောမူပါအုံး.သာမာဝတီ
မိဖုရားခေါင်ကြီးနှင့်ရံရွှေတော်များအပေါ်ထပ်စံမြန်းရာသို့ ပြန်
တက်သွားကြ၏၊

ထိုအခါ မာဂဏ္ဍီ၏ဦးလေးသည် တံခါးအားလုံးကိုအပြင်မှချက်ချလိုက်၏၊
စိတ်ချရအောင် အပြင်ကသစ်သားပါ ထပ်ရိုက်လိုက်သေး၏
သူတို့အားလုံး အောက်ဆင်း၍မရတော့၊ပြေးပေါက်ထွက်ပေါက်မရှိတော့။
ထိုအခါ အောက်ခြေမှစ၍ နန်းတော်ကြီးကို မီးရှို့လိုက်လေတော့၏။
နန်းမဆောင်အပေါ်ထပ်သို့မီးခိုးများလှိမ့်၍လှိမ့်၍ တက်လာ၏။
အပေါ်ထပ်ရှိမိဖုရားခေါင်ကြီးနှင့်တကွရံရွှေတော်များချောင်း
တဟွတ်ဟွတ်ဆိုးကုန်တော့၏၊ မီးခိုးမှိုင်းရိုက်၍ မျက်ရည်များပင် ဝေလာပေပြီ။ဘာမှသဲကွဲစွာမမြင်ရတော့။ထိုအချိန်သဲသဲကွဲကွဲ
စကားသံ ပေါ်ထွက်လာသည်ကို ရံရွှေတော်အားလုံးကြားနေရ၏၊
မိဖုရားခေါင်ကြီး၏ တည်ငြိမ်သောအသံဖြစ်၏၊(သံသရာတစ်လျှောက်လုံး ငါတို့ကျင်လည်ခဲ့ရသော ဘဝတွေမနည်းတော့ ။ဤကဲ့သို့မီးလောင်၍
သေဆုံးခဲ့ရသော ဘဝများကို ရှင်တော်ဘုရား၏ သဗ္ဗညုတဥာဏ်တော်ဖြင့်ကြည့်လျှင်ပင် ဆုံးနိုင်မည်မဟုတ်ချေ၊ မမေ့မလျော့ မိမိတရားကိုသာ နှလုံးသွင်း ဆင်ခြင်နေကြပါ၊ ငါတို့ကိုမီးရှို့သူ မာဂဏ္ဍီ မိဖုရားကြီးနှင့် သူ့အသိုင်းဝိုင်းအပေါ်လည်း ဒေါသ“အမျက်“တရား မဖြစ်စေကြနဲ့ နန်းတော်ကြီးကို တပ်မက်တဲ့ လောဘ(အမက်)တရားလည်း မဖြစ်စေကြနဲ့၊ ငါတို့ဒီလောက်
ကောင်းကောင်းမွန်မွန်နေကြပါလျှက် ဘာဖြစ်လို့ ဒီလိုအဖြစ်မျိုး
အဖြစ်ဆိုးကြုံရတာပါလိမ့်လို့ အတွေး တွေးတဲ့မောဟ (အဖျက်)
တရားလည်း မဖြစ်ပွားစေကြနဲ့၊ပြုသူအသစ်ဖြစ်သူအဟောင်း
ထုံးဟောင်းစကားရှိ၏၊ ငါတို့တစ်တွေဝဋ်ကြွေးရှိ၍ဆပ်နေရသည်ဟု
မှတ်ကြပါ၊ဤအချိန်သည်တရားမှတစ်ပါးအားကိုးရာမရှိ၊မိမိတရားကိုသာ
စေ့စေ့စပ်စပ် စူးစူးစိုက်စိုက်အားထုပ်ကြပါ
မိမိတရားကိုသာစေ့စေ့စပ်စပ်
စူးစူးစိုက်စိုက်အားထုတ်ကြပါ” 

သာမာဝတီမိဖုရားခေါင်ကြီးသည်မိမိ၏ရံရွှေတော်များကို“ဓမ္မလမ်းညွှန်”
ပေးပြီးပြီးမို့ မီးအရှိန်ကြောင့် ခံစားနေရသည့်ဝေဒနာကိုပင်အရှုခံအဖြစ် 
(ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို)စူးစူးစိုက်စိုက်သတိချပ် အသိကပ်
ရှုမှတ်နေလေတော့၏။ ကျန်ရံရွှေတော်များသည်လည်းဝေဒနာကိုပင်
အသေအချာရှုမှတ်နေကြ၏ပကတိမီးတောက်မီးလျှံတို့သည်သူတို့၏
ကိုယ်ခန္ဓာကိုလောင်မြိုက်နေ၏၊သူတို့သည်လောဘ ဒေါသ
မောဟ မာနစသည့် ကိလေသာမီးတောက်မီးလျှံတို့ကို
ဝေဒနာနုပဿနာသတိပဋ္ဌာန်ရေစင်ဖြင့် ညှိမ်းသတ်နေကြ၏၊ အချို့ သကဒါဂါမ်တည်သွားကြ၏ တစ်ချို့တော့ အနာဂါမ်အဆင့်ထိ
ရောက်သွားကြ၏ပေါက်ရောက်သွားကြ၏။ပကတိမီးတောက်မီးလျှံ
ကြားမှကိလေသာမီးတောက်မီးလျှံ့တို့ကို ငြိမ်းအောင် ညှိမ်းသတ်သည့် အတုယူဖွယ်စံထားဖွယ်အမျိုးသမီးများပေတကား။
ဥတေနဘုရင်ကြီးသည်အရိပ်ကောင်းသောညောင်ပင်ရိပ်၌ခဏ
နားနေချိန်ဖြစ်၏၊ထိုအချိန်နန်းတွင်းမှထူးခြားသတင်းပို့ခန့်အပ်ထားသော
အထောက်တော်သည် မြင်းကို ဒုန်းစိုင်းလျှက်ဘုရင်မင်းကြီးရှိရာသို့
အပြေး လာနေ၏၊ ဘုရင်မင်းကြီး မြင်နေရ၏နန်းတော်၌တစ်ခုခုတော့
ဖြစ်နေပြီးဟု ဘုရင်မင်းကြီးတွက်လိုက်၏အထောက်တော်သည်
ဘုရင်မင်းကြီးကို ဒူးထောက် ခစားလျှက်“သတ်လျှင် လည်းသေ
ထားလျှင်လည်းနေရပါမည်”အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့၏
ပေါ့ဆမှုကြောင့် ဘုရင်မင်းကြီးမြတ်နိုးတော်မူသော မိဖုရားခေါင်ကြီး သာမာဝတီရဲ့ နန်းမဆောင်တစ်ခုလုံး မီးဟုန်းဟုန်း တောက်နေပါတယ် အရှင်မင်းကြီး”ဘာ?..ဥတေနဘုရင်မင်းကြီး၏ နှုတ်မှထွက်လာသော ကျယ်လောင်သောအသံကြီးဖြစ်၏၊အမတ်ကြီးများဝန်ကြီးများ
စစ်သည်တော်များ အားလုံးကြားလိုက်၏။သူတို့ ကြားသည် မှာ“ဘာ”တစ်ခွန်းတည်းသာဖြစ်၏သို့သော် ဘုရင်ကြီး၏ နှလုံးသားထဲမှာ ပဲ့တင့်သံကဲ့သို့“ဘာ”ဟူသောစကားသည် ဆင့်ကဲ ဆင့်ကဲ ကြားနေရတော့၏ဘုရင်မင်းကြီးသည် နန်းတော်သို့အမြန်ပြန်လာခဲ့၏၊ 

အမြန်ဆုံးကိုအမြင့်ဆုံးထိတင်ကာ ပြန်လာခဲ့ခြင်းဖြစ်၏သို့သော်မမှီတော့၊
သာမာဝတီကို ကယ်တယ်ဖို့မမီတော့၊နန်းမဆောင်တစ်ခုလုံး ပြာပုံဘ၀ ရောက်သွားပေပြီ၊ သို့သော် မီးခိုများတော့တလူလူ ထွက်နေသေး၏၊
နန်းမဆောင် ပြာပုံထဲမှ သူ၏ချစ်လှစွာ မြတ်နိုးလှစွာသော သစ္စာရှင်
မေတ္တာရှင် အကြင်နာရှင် ဓမ္မမိခင်(သာမာဝတီ၏ကျေးဇူးကြောင့် ဗုဒ္ဓ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်လာသည့်ဘုရင်ဖြစ်၏)သာမာဝတီ မိဖုရားခေါင်ကြီး၏ပုံရိပ်လွှာ ထို့နောက် သူတို့သခင်မအပေါ် အမြဲ
သစ္စာရှိကြသောကောင်းတူဆိုးဖက်ရံရွှေတော်ငါးရာတို့၏ပုံရိပ်လွှာများ
သည် တရိပ်ရိပ်ပေါ်လာတော့၏၊“သူတို့ ဘယ်လောက်တောင် ခံစားလိုက်ရမလဲ”တွေးရင်းပင် ကြက်သီးထစရာတုန်လှုပ်စရာဖြစ်လာ၏

တွေးလေ ဆွေးလေ ဆွေးလေ သောကမီးလျှံတွေ တောက်လေ သောကမီးတောက်လေ နှလုံးသွေးဆူလေ. နှလုံးသွေးဆူလာလေ.....။
“သံယောဇဉ်. သောက. ထိုမှတဆင့်ဒေါသ ဒေါမနဿ ပရိဒေ၀. ဥပါယာသစသည့်မီးတောက်မီးလျှံတို့သည်ဘုရင်ဥတေန၏နလုံးသားကို
စတင်လောင်မြိုက်နေပေပြီ။သာမာဝတီကိုရှို့သောမီးသည်ဘုရင်ဥတေန
ကိုပါကူးစက်လောင်မြိုက်နေချေပြီးတကား..။သို့သော်ဘုရင်ဥတေနသည်
ဖြစ်ပေါ်လာသည့် သောက ဒေါသကို သူတပါးမသိအောင် မြိုသိပ်ထား၏၊ ဖုံးဖိထား၏၊ အပူရုပ်ကို ဟန်လုပ်နေရ၏၊ဘေးမှသာမန် ကြည့်လျှင်
ဘုရင်ဥတေနသည်တည်ငြိမ်နေသူဟုထင်ရ၏သို့သော်အတွင်း
နှလုံးသားမှာကားယောက်ယက်ခပ်နေ၏ဤသို့နှင့်အနောက်တောင်စွယ်
နေမင်းကြီး ကွယ်သွားလေပြီ၊သို့သော်ဘုရင် ဥတေန၏နှလုံးသားမှာ လောင်မြိုက်နေသော သောကမီးကား ပျယ်၍မသွားသေးပေ၊ တမြေ့မြေ့ လောင်မြိုက်နေဆဲပင် ဖြစ်နေ၏    .....ဤသို့ဖြင့်ပင် …(ဆက်ရန်)
                                                            ကောင်းသစ်

Tuesday, December 21, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..ဇာတ်သိမ်း

မြောင်းသွယ်သူ(တောင်သူဦးကြီး)တို့သည်ရေကို(မိမိလိုရာလယ်မြေသို့)
ဆောင်ယူကြကုန်၏၊ မြှားသမားတို့သည် မြှားကို ဖြောင့်ကြကုန်၏၊
သစ်ရွေသမားတို့သည် သစ်ကိုဖြောင့်အောင်ရွေကြကုန်၏၊
ပညာရှိတို့သည် မိမိကိုယ်ကို(မိမိစိတ်ကို) ဆုံးမကြကုန်၏။
ရေသည် စိတ်မရှိ၊ သို့သော် မိမိလိုရာသို့(မြောင်းဖေါက် ပိုက်သွယ်ကာ)
ဆောင်ယူ၍ရနိုင်၏၊၀ါးသည်သက်မဲ့ဖြစ်၏၊သို့သော်မိမိစိတ်တိုင်းကြ
ဖြောင့်၍မျှားအဖြစ် အသုံးပြုနိုင်၏၊ သစ်သားသည် ၀ိညာဉ်မဲ့ဖြစ်၏၊ သို့သော်လိုရာပုံစံပြုကာ(လှည်းဘီး ရထားဘီးပရိဘောဂအဖြစ်)
အသုံးပြုနိုင်၏၊ထို့အတူပညာရှိအစစ်သည်စိတ်ရှိသောမိမိကိုယ်ကို
(သမထ၀ိပဿနာဖြင့်)ယဉ်ကျေးအောင်(အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ထိ မျက်မှောက်ပြုနိုင်အောင်)ဆုံးမ၏။

အချို့သူတို့သည်လှံတံဖြင့်လည်းကောင်းချွန်းကောက်ဖြင့်လည်းကောင်း
ကြိမ်လုံးဖြင့်လည်းကောင်း(ယဉ်ပါးအောင်ယဉ်ကျေးအောင်)
ဆုံးမကြကုန်၏။တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသည် တုတ်လှံတံ မရှိပဲလက်နက်မရှိပဲငါ့ကို ယဉ်ကျေးအောင် ဆုံးမတော်မူပြီ။
ကေသိအမည်ရှိ ထင်းရှားသောမြင်းဆရာကြီးသည် ဘုရားရှင်ကို
လျှောက်ထားဘူးသောစကားရှိ၏၊သူသည် မြင်းများကိုယဉ်ကျေးအောင်
ယဉ်ပါးအောင်ဆုံးမရာ၌တုတ်လှံတံမသုံးပဲလက်ဝါးဖြင့်ပွတ်သပ်၍
“အနုနည်း”ချော့မော့ကာဆုံးမရသည်လည်းရှိ၏၊တုတ်လှံတံဖြင့်
ခပ်ကြမ်းကြမ်းရိုက်၍“အကြမ်းနည်း”ဆုံးမရသည်လည်း ရှိ၏၊
အချို့မြင်းများကို“အနုနည်းအကြမ်းနည်း”ရောသုံး၍ဆုံးမရသည်လည်း
ရှိ၏၊အကယ်၍ ယင်းသုံးနည်းဖြင့်မှ ဆုံးမ၍ မရသော“ဗီဇညံ့”သော
မြင်းများကိုတော့သတ်ပစ်၏- တဲ့။

လူနတ်ဗြဟ္မာသတ္တ၀ါတို့ကိုယဉ်ကျေးအောင်ဆုံးမရာ၌ အတုမဲ့ ဖြစ်တော်မူသောရှင်တော်မြတ်ဘုရားသည်လည်းနည်းသုံးနည်းကိုပင်
ကျင့်သုံးတော်မူ၏။ကုသိုလ်- ကုသိုလ်၏အကျိုး-လူ နတ် ဗြဟ္မာ(နိဗ္ဗာန်)
ကောင်းကျိုးများကိုလည်း ဟောပြော၍ဆုံးမရ၏၊ ယင်းကို အနုနည်း
ဟုခေါ်ရ၏၊အကုသိုလ်- အကုသိုလ်၏အကျိုး-ငရဲ တိရစ္ဆာန် ပြိတ္တာ
အသူရကယ်ဆိုးကျိုးများကိုဟောပြ၍လည်းဆုံးမရ၏၊ယင်းကို အကြမ်းနည်းဟုခေါ်၏၊ယင်းနည်းနှစ်မျိုးလုံးကိုရော၍လည်း ဆုံးမတော်မူရ၏၊ယင်းကို အနုနည်း အကြမ်းနည်းဟု ခေါ်ဆိုရ၏၊
ယင်းသုံးနည်းဖြင့် ယဉ်ကျေးအောင်ဆုံးမ၍ဟောပြ၍ မရသူ
(ဗီဇညံ့သူ)ကိုသတ်ပစ်တော်မူ၏။


ဘုရားရှင်တို့မည်သည် သူတပါးအသက်ကိုသတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်တော်မူသည်မဟုတ်ပါလားဟု စဉ်းစားစရာရှိ၏၊ ဤနေရာ၌ ဘုရားရှင်တို့သတ်ခြင်း မည်သည်“အဆုံးအမ မပေးတော့ခြင်း”ဖြစ်၏၊ ယခုခေတ်၌လည်း ဆရာသမားများသည်ပြောမရသည့်တပည့်ကို ဘာမှမပြောတော့၊ယင်းသို့မပြောခြင်းသည်တပည့်ကိုသတ်သည်မည်၏၊ မိဘတို့သည်လည်း ပြောမရသည့်သားသမီးကိုဘာမှမပြောတော့၊ ယင်းသို့ မပြောတော့ခြင်းသည် သားသမီးကိုသတ်သည်မည်၏၊
အဆုံးအမ မခံရသော တပည့်သားသမီးသည် အဘယ်မှာငြိမ်းချမ်းမှု
တိုးတက်ကြီးပွါးမှု ကိုယ်နှုတ်ယဉ်ကျေးမှုရနိုင်ပါအံ့နည်း။

ငါသည်ရှေးအခါကညှဉ်းဆဲတတ်သူဖြစ်လျှက်“အဟိံသက”အမည်ရခဲ့၏။
ငါသည်ယနေ့မှစ၍တစ်စုံတစ်ယောက်ကိုမျှမညှင်းဆဲတတ်သောကြောင့်
မှန်ကန်သောအမည်ရခဲ့ပြီ၊ ငါသည် ရှေးအခါက အင်္ဂုလိမာလ ဟူ၍
ထင်ရှားကျော်စောသော ခိုးသူကြီး ဖြစ်ခဲ့၏၊ကြီးစွာသောသံသရာသြဃ၌
နစ်မြောသည်ဖြစ်၍မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
အရှင်မြတ်၏လူ့ဘ၀နာမည်မှာ“အဟိံသက”ဖြစ်၏၊မြန်မာလို“
မညှဉ်းဆဲသူ(ခ)ကြင်နာသူဖြစ်၏၊သို့သော်လူကိုသတ်၍လက်ကို
ဖြတ်ခဲ့သောကြောင့်နာမည်နှင့်လူနှင့်မကိုက်ဖြစ်နေ၏၊ယခုသမဏအဖြစ်
ခံယူသောအချိန်မှစ၍မည်သူ့ကိုမျှမည်သည့်အကြောင်းကြောင်းမျှ
မညှဉ်းဆဲတော့၊ထို့ကြောင့် ယခုမှသာ“အဟိံသက-မညှဉ်းဆဲသူ ကြင်နာသူ”ဟူသောနာမည်နှင့်လိုက်ဖက်လေတော့၏၊

လူ့ဘ၀က အဟိံသကနာမည်အပြင် ပြည်သူကပေးသောထင်ရှားသော
အခြားနာမည်တစ်မျိုးလည်း ရှိသေး၏၊ လက်ညိုးပန်းဆင်သောကြာင့်
“အင်္ဂုလိမာလ”ဟူသောနာမည်ဆိုးနာမည်ပျက်ဖြစ်၏၊ယခုယင်းနာမည်
ကိုအစားထိုး၍သဘာဝကျကျပြင်ပေးရလျှင်“၀ိမုတ္တိသုခ”ကိုခံစား
ပန်ဆင်နိုင်ပြီးဖြစ်သောကြောင့်“၀ိမုတ္တိမာလ”ဟုမှည့်ခေါ်ကလည်း
ဂုဏ်နှင့်ဒြဗ်လိုက်ဖက်သည်သာဖြစ်ပါ၏၊ဘုရားရှင်၏
ကျေးဇူးတော်ကြောင့်“သြဃလေးဖြာ”သံသရာမှလွတ်မြောက်ခွင့်
ရရှိခဲ့ပါ၏။ထို့ကြောင့်ဘုရားရှင်ကို ကိုးကွယ်ဆည်းပါ၏။ 

ငါသည်ရှေးအခါကအင်္ဂုလိမာလဟူ၍ထင်ရှားကျော်စောသော
သွေးစွန်းသောလက်ရှိသောသူသတ်ယောက်ျား ဖြစ်ခဲ့၏၊
ကိုးကွယ်ရာ နိဗ္ဗာန်ကိုမြင်သည်ဖြစ်၍ဘ၀နှောင်ကြိုးနှင့်တူသော
တဏှာကိုနှုတ်ပယ်ခဲ့ပြီ၊
ငါသည် ရှေးအခါက ဆရာမှားကို ဆည်းကပ်မှိ၍ သန်လျှက်ဖြင့်
လူကိုသတ်ခဲ့ဘူး၏၊သွေးစွန်းလက်ဟုအများက ခေါ်ဝေါကြ၏။
ယခုမူဆရာမှန်ကိုဆည်းကပ်မှိ၍အရဟတ္တမဂ်ဖြင့်ကိလေသာမှန်သမျှကို
ပယ်သတ်နိုင်သောကြောင့်“အရဟန္တ”ဟုသာသနာ့သမိုင်း၌
မှတ်တမ်းတင်ခြင်းခံရ၏၊ဘ၀မှလွတ်ထွက်မသွားအောင်
ချည်နှောင်တတ်သောကြိုးနှင့်တူသောကြောင့်“တဏှာ”ကို ဘ၀နှောင်ကြိုးဟုခေါ်၏၊ယင်းနှောင်ကြိုးကိုလည်းအစအန
တစ်စွန်းတစ်စမှမကျန်ရအောင်ပယ်နှုတ်ပြီးဖြစ်ပါ၏၊
နိဗ္ဗာန်ကိုမြင်၍ ဘ၀စင်သူ ဖြစ်၏။

အကြိမ်များစွာ အပါယ်ရွာကိုလားစေတတ်သော ထိုသို့သဘောရှိသော အကုသိုလ်ကံကိုပြုခဲ့သော်လည်း ယင်းကံကို ရှို့မြှိုက်တတ်သည့်
(မဂ်စေတနာ)တွေ့ထိအပ်သောကြောင့်မကောင်းကျိုး ကြွေးမြီကင်းသည်ဖြစ်၍ ဘောဇဉ်ကိုငါသုံးဆောင်ရပေပြီ။
လူ့ဘ၀က ပြုမှားခဲ့သော သူ့သက်သတ်မှု အကုသိုလ်ကံသည် အပါယ်ငရဲသို့ နှစ်ရာပေါင်း ထောင်ပေါင်းများစွာ ကျရောက်နိုင်၏၊
သို့သော် ဘုရားရှင်၏ကျေးဇူးဓမ္မ၏အစွမ်းသတ္တိကြောင့်အပါယ်ငရဲမှ
(ဘ၀သံသရာမှ)လွတ်မြောက်ခွင့်ရခဲ့ပေပြီ၊ ကိလေသာကင်းသော
ရဟန္တာအဖြစ်ဖြင့်ဆွမ်းဘောဇဉ်(ပစ္စည်း လေးပါး)တို့ကို ပိုင်ရှင်အဖြစ်ဖြင့်သုံးဆောင်ရသောကြောင့်ကြွေးလည်းမတင်တော့ပေ၊
(ပုထုဇဉ်ရဟန်း သာမဏေများ ပစ္စဝေက္ခဏာလည်းမဆင်ခြင်၊
မေတ္တာလည်းမပို့၊ ရှုမှတ်မှုသတိလည်းမရှိပဲ ဆွမ်းဘောဇဉ် ပစ္စည်းလေးပါးကိုသုံးဆောင်လျှင် ဣဏပရိဘောဂ- ကြွေးတင်၏၊)


 ပညာမဲ့ငြား လူမိုက်များတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊
ပညာရှိငြားလူလိမ္မာများတို့သည်မမေ့လျော့ခြင်းကိုမြတ်သောဥစ္စာကဲ့သို့ 
စောင့်ရှောက်ကြကုန်၏၊
ပညာမဲ့သူ လူမိုက်တို့သည် မကောင်းမှု ဒုစရိုက်၌မွေ့လျှော်ကြ အားထုတ်ကြကုန်၏၊အာရုံငါးပါးကာမဂုဏ်တရားဖြင့်သာ
အချိန်ကုန်နေကြ၏၊“အကုသိုလ်ဖြင့်”အချိန်ဖြုန်းနေသူကို“ပမာဒ- မေ့လျှော့ခြင်းကို”အားထုတ်သူဟုဆိုရ၏၊အမြင်မှန်ရှိကြသော လူလိမ္မာတို့သည်ကုသိုလ်ကောင်းမှုတို့၌ပျော်မွေ့နေကြသူများဖြစ်ကြ၍
“အပ္ပမာဒ- မမေ့လျှော့သူ”ဟုဆိုကြ၏၊ သူတို့သည်ဒါနသီလ
ဘာဝနာဟုဆိုအပ်သောကုသိုလ်ကောင်းမှု၌“အပ္ပမာဒ မမေ့မှုကို”
မြတ်သော တန်ဘိုးမြင့်ဥစ္စာကဲ့သို့ထိမ်းသိမ်းစောင့်ရှောက်ကြ၏။

မေ့လျှော့ခြင်းကိုအားမထုတ်ကြကုန်လင့်၊ကာမဂုဏ်တို့၌မွေ့လျှော်
ပေါင်းဖေါ်မှုကိုအားမထုတ်ကြကုန်လင့်၊မမေ့မလျှော့ဘဲရှုဆင်ခြင်သူ
သည်သာပြန့်ပြောသောနိဗ္ဗာန်ချမ်းသာသို့ ပေါက်ရောက်နိုင်၏၊
မေ့လျှော့ခြင်းတဲ့၊ မေ့လျှင် လျှော့တတ်၏၊ပစ္စည်းမေ့လျှင် ပစ္စည်းလျှော့မည်၊ကုသိုလ်မေ့လျှင် ကောင်းကျိုးလျှော့မည်ဖြစ်၏၊
မေ့လျှော့သူကို ရှင်တော်မြတ်ဘုရားက“သူသေ- သေလူ”ဟု မိန့်ဆိုထားပေ၏၊သေနေသောလူသည်လောကဘက်မှကြည့်လျှင်
“ပစ္စည်း ပညာ ပါဝါ”ဘာတစ်ခုမှ ရအောင်မလုပ်ဆောင်နိုင်တော့၊
ဓမ္မဘက်က ကြည့်ပြန်လျှင်လည်း“ဒါန သီလ ဘာဝနာ”ဘာကုသိုလ်မှ မဆည်းပူးမပြုလုပ်နိုင်တော့ချေ၊ပကတိအားဖြင့် အသက်ရှုနေသူဟု ဆိုရသော်လည်း စင်စစ်အားခြင့် အသက်မရှင်သူသာဖြစ်ပါ၏၊ ထို့ကြောင့်အသက်ရှုလျှက် အသက်မရှင်သူများမဖြစ်ကြစေရန်
အရှင်မြတ်က မေ့လျှော့ခြင်းကို အားမထုတ်ဘို့ ရခဲသောလူ့ဘ၀ ကြုံခဲသော သာသာနာနှင့်ကြုံတွေ့ရခိုက်“သဒ္ဓါ ပညာ”ညီစွာထားလျှက် ကုသိုလ်ပါရမီများ ကြိုးစားဖြည့်ကြဖို့တိုက်တွန်းထားခြင်းဖြစ်၏၊ ကုသိုလ်ရှိမှသာ အမြင့်ဆုံးပန်းတိုင် အမြတ်ဆုံးချမ်းသာဖြစ်သော
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဖြစ်ပါ၏၊

ထိုငါ၏ သာသနာ့ဘောင်သို့ ရောက်လာခြင်းသည် ကောင်းသော
ရောက်လာခြင်းပေတည်း၊ငါ၏ ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည်
မကောင်းသောပြောဆိုခြင်း မဟုတ်၊ကောင်းစွာဝေဘန်ဟောကြားသော
တရားတို့တွင်အမြတ်ဆုံးနိဗ္ဗာန်သို့ရောက်ပြီ။ဝိဇ္ဇာသုံးပါးတို့သို့အစဉ်
အားဖြင့်ရောက်ခဲ့ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုပြုအပ်ပေပြီ။
ယခင်လူ့ဘ၀နှင့်ယခုရဟန်းသမဏဘ၀ကိုအရှင်မြတ်နှိုင်းယှဉ်ကြည့်မှိ၏၊
ပကတိအမြင်အားဖြင့်သူသည်လူ့ဘ၀ကလူများစွာကိုအနိုင်ယူနိုင်သော
ကြောင့်မုဆိုးဟုထင်ရသော်လည်းစင်စစ်အားဖြင့်မာရ်နတ်၏သားကောင်
ဖြစ်ခဲ့ရ၏၊ယခုတော့မာရ်နတ်၏“ဘ၀သံသရာ”ကြော့ကွင်းမှ
လွတ်ကင်းခဲ့ပေပြီကြော့ကွင်းမဲ့ နှောင်ကြိုးမဲ့နယ်မြေဖြစ်သော
နိဗ္ဗာန်နယ်ပယ်သို့အရှင်မြတ်ခြေချနိုင်ခဲ့ပြီ၊


ဘေးမရှိတော့ ရန်မရှိတော့ မည်သည့်အန္တရယ်မှလည်း မရှိတော့ပေ၊
ယခု အရှင်မြတ်သည်“ပုဗ္ဗေနိဝါသနုဿတိဥာဏ်- ဒိဗ္ဗစက္ခုဥာဏ်- အာသ၀က္ခယဥာဏ်”ဟူသော ၀ိဇ္ဇာသုံးပါးကို ပိုင်ဆိုင်သူ ဖြစ်နေပေပြီ၊ ယင်းသုံးပါးကိုအကျဉ်းချုပ်အားဖြင့်“ပု- ဒိ- အာ”ဟုလည်း သုံးနှုံးကြပါ၏၊
ထို့ပြင် မြတ်စွာဘုရားရှင်၏အဆုံးအမသည်အမြင့်ဆုံးအားဖြင့်
“နိဗ္ဗာန်”ဖြစ်၏အရှင်မြတ်သည်မဂ်လေးပါးဖိုလ်လေးပါးနိဗ္ဗာန်အားဖြင့် လောကုတ္တရာတရားကိုးပါးလုံးပြည်စုံနေပြီဖြစ်သောကြောင့်
“မြတ်စွာဘုရား၏အဆုံးအမတော်ကိုပြုအပ်ပေပြီ”ဟုနောက်ဆုံး
အနေနှင့်ရင်တွင်းဖြစ်ဥဒါန်းစကား မိန့်ကြားတော်မူခဲ့ပါ၏၊
အရှင်အင်္ဂုလိမာလသည်ဘုရားရှင်၏တရားဓမ္မကို
နာကြားခွင့်ရလိုက်သောကြောင့်“ကြမ်းတမ်းသောဘ၀မှသည်
အကြင်နာတရားနှင့်ပြည့်စုံသောဘ၀.....သို့”
တက်လှမ်းကာနိဗ္ဗာန်မျက်မှောက်ပြုသွားပေပြီတကား၊


မိမိရဲ့ဘ၀ကို ပျက်စေ
လောကရဲ့အလှကို ဖျက်ချေ
ကြမ်းတမ်းမှုဆိုတဲ့ အမျက်တွေ …
ဒို့တတွေ ဖယ်ရှားကြပါစို့


ဒုက္ခမိုးစွေ
သောကအခိုးဝေနေ သူတွေရဲ့
နားခိုရာ အဖြစ်
အကြင်နာဆိုတဲ့“အိမ်သစ်”လေး
ဒို့ တည်ဆောက်ပေးကြစို့။


ကြင်နာမှုကို အခြေပြု
လောကရဲ့ကောင်းကျိုးတွေပြုရင်း
အချင်းချင်း လက်ချင်းယှက်
နိဗ္ဗာန်အထိ ခရီးဆက်ကြစို့။


အားပေးသူ အားလုံးကို
လေးစားလျှက် - ကောင်းသစ်
21-12- 2010