ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Sunday, December 5, 2010

ကျွေးနှင့် ကျေးဇူး

ကျွေး
နှောင်ကြိုးဖြင့် ကူညီခြင်း

ကျေးဇူး
နှောင်ကြိုးမဲ့ ကူညီခြင်း

ကျွေး
မဆပ် မနေ
ဆပ်သော် ကျေ၏
ကျေးဇူး
မဆပ်သော်လည်း နေ
ဆပ်သော်လည်း မကျေ
ဘယ်လိုဖြေမလဲ

ကျွေးဖြစ်ဖြစ်
ကျေးဇူးဖြစ်ဖြစ်
ပြန်လည်ပေးဆပ်ရမည့်
အရာများသာ ဖြစ်

ကျွေးရှင် အပေါ်ကနေ၏
ကျေးဇူးရှင် အမြင့်ကနေ၏
ကျွေးရှိသူရော
ကျေးဇူးရှိသူရော
ဘာထူးလဲ
အားလုံးအောက်က နေရစမြဲ .

သစ်လွင်

No comments: