ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Tuesday, December 28, 2010

ဝဋ်ကြွေးကြမ္မာ..အပိုင်း(၃)

သို့သော် …. လှတုန်း ပတုန်း အလှမာန်ဖုံးနေတဲ့အရွယ် လူထုပရိသတ်
အလယ်၌ သူ့ကိုအလိုမရှိလျှင်အလိုမရှိပါဟုငြင်းပယ်လျှင်ငြင်းပယ်ခွင့်
ရှိသည်မို့ ဘာမှမပြောလိုသော်လည်း“အညစ်အကြေးတို့ဖြင့်
ပြည့်နေသော သူ့ကို ခြေဖျားဖြင့်ပင်မထိလို”ဟုပြောကြားလိုက်ခြင်းသည်
သူ့ကို သက်သက်မဲ့ နှိမ်လွန်းသည်ဟုထင်ကာသူ၏နှလုံးသား၌ ဒေါသ
အာဃာတ အမုန်းမီးတောက် မီးလျှံတို့သည် အရှိန်ပြင်းစွာဖြင့် တဟုန်းဟုန်း စတင်တောက်လောင်ကျွမ်းလေတော့၏၊ (အမှန်အားဖြင့် ခန္ဓာထဲ၌ မြတ်နိုးစရာ မက်မောစရာ ဘာတစ်မှမရှိပေ၊ ဒွါရကိုးဝမှ ယိုကျ
လာသောအညစ်အကြေးများကိုကြည့်ခြင်းဖြင့်ပင်ကိုယ်တိုင်မြင်နိုင်
သိနိုင်ပါ၏၊ ထို့ကြောင့် ရှင်တော်မြတ်ဘုရား၏ “အညစ်အကြေး ရွံရှာဖွယ်
တို့ဖြင့်ပြည့်နေသည်”ဟုမိန့်တော်မူခြင်းသည် အရှိအတို်င်းအမှန်အတိုင်း
မိန့်တော်မူလိုက်ခြင်းဖြစ်၏၊သို့သော်မုန်းစရာကိုချစ်စရာဟု မြင်၍ ရွံစရာကိုမြတ်နိုးစရာ ဟုထင်နေသောမာဂဏ္ဍီအဖို့တော့ လက်မခံနိုင်ဖြစ်နေ၏)
 

ထို့ကြောင့် အရှိအတိုင်း အမှန်အတိုင်းမြင်နိုင်ကြသော မိဘနှစ်ပါးမှာ အနာဂါမ်တည်ကြ၍“နှလုံးသား၌ ဓမ္မ”ကိန်းသွားသော်လည်းသမီးလေး
မာဂဏ္ဍီအဖို့မှာတော့“နှလုံးသားမှာ ဓမ္မမကိန်းပဲ ယင်းအစား ဒေါသ အာဃာတ” အမုန်းတရားသာ ခိုင်မြဲစွာနေရာယူသွားလေတော့၏။
ဓမ္မကို အတူတူနာကြားခွင့်ရသော်လည်းနှလုံးသွင်းမှုပေါ်မူတည်၍ “အရှုံး- အမြတ်”ထွက်သွား ခြင်းဖြစ်၏ မိဘနှစ်ပါးသည် သမီးချောလေး မာဂဏ္ဍီကိုသူ့ညီ(မာဂဏ္ဍီလေး၏ဦးလေးထံ)အပြီးအပ်နှံ၍ သာသနာ့
ဘောင်ဝင်ရောက်ကာနိဗ္ဗာန်မျက်မှောက်ပြုသွားကြ၏ မာဂဏ္ဍီသည်
စိတ်ထဲ၌ဆုံးဖြတ်ချက်ကိုခိုင်မာစွာချထားလိုက်၏အမှီကောင်းရ၍
ပါဝါမြင့်သောထိုတစ်နေ့တွေ့ကြသေးတာပေါ့“သမဏ”ရယ်…။
မာဂဏ္ဍီလေးသည် အရွယ်ကောင်းသည့်အပြင် အလှမှာသရဖူ
ဆောင်းသူလေးမို့တခြားသူနှင့်မထိုက်တန်၊ဘုရင်မင်းတို့နှင့်သာ
ထိုက်တန်သည်ဟုသူ့ဦးလေးကတွေးမှိ၏၊ထို့ကြောင့် ကောသမ္ဗီပြည့်ရှင်
ဘုရင်ဥတေနကို သူကိုယ်တိုင်ပင် သွားရောက်၍ တူမချောလေးကို 
“ဣတ္ထိရတနာ အဖြစ်”ဆက်သလေတော့၏၊ ဥတေနမင်းသည် ပုထုဇဉ်ဖြစ်၏၊ပုထုဇဉ်သည်ကိလေသာမကင်းသေးသူဖြစ်၏၊ကိလေသာ
မကင်းသူသည် အာရုံနှင့်တွေ့လျှင် “အမျက်(သို့မဟုတ်)ရမ္မက် 
တစ်ခုခုတော့ ဖြစ်တတ်၏၊ယခုမာဂဏ္ဍီလေးက လှပသူလေးမို့
ဘုရင်မင်းအတွက်တော့ မက်စရာ ဖြစ်သွား၏။ထို့ကြောင့်ပင် သူ့အတွက် ရံရွှေတော်ငါးရာပါအပ်နှင်း၍မိဖုရားခေါင်ကြီးအဖြစ်တင်မြှောက်လိုက်
လေတော့၏။သူမှန်းသောအမှီ ရပြီမို့ သူ့ဘ၀သည်လည်း ပါဝါမြင့်သော ဘ၀သို့နေချင်းညချင်းပင်ရောက်သွားလေတော့၏။ဘုရင်ဥတေန
မင်းကြီး၌ “၀ါသုလဒတ္တ-မာဂဏ္ဍီ- သာမာဝတီ”ဟူသောမိဖုရားခေါင်ကြီး
သုံးဦးရှိ၏၊အလှည့်ကျ အဆောင်ပြောင်းကာ စံမြန်းလေ့ရှိ၏။
 

ရှင်တော်မြတ်ဘုရားသည် ကောသမ္ဗီပြည် သူဌေးကြီးသုံးဦးတို့၏ ပင့်လျှောက်ချက်အရကောသမ္ဗီရှိ“ဃောသိတာရုံကျောင်းကုက္ကုဋာရုံ
ကျောင်း ပါဝါရိကာရုံကျောင်းတို့၌ တလှည့်စီ သီတင်းသုံးစံနေတော်မူ၏
ခုဇ္ဇုတ္တရာသည်သုမနပန်းသည်ထံမှအမြဲတန်းပန်းဝယ်နေသူဖြစ်၏
တစ်နေ့သုမနပန်းသည်ဘုရားအမှူးရှိသောသံဃာတော်အရှင်မြတ်များ
ဆွမ်းဆက်ကပ်သည်နှင့်ကြုံတွေ့နေ၏၊ ထို့ကြောင့် သုမနပန်းသည်က တရားနာပြီးမှ ပြန်ဖို့တားထား၏၊ ထို့ကြောင့် လူမှုရေးအရ မပြန်သေးပဲ တရားနာချိန်ထိ စောင့်ဆိုင်းနေရင်း ဘုရားရှင်၏တရားကို နာယူဖြစ်သွား၏။ဒေသနာအဆုံး သောတာပန် တည်သွား၏၊  ဥတေနဘုရင်မင်းသည် သာမာဝတီအတွက် ပန်းဖိုး တစ်နေ့“အသပြာ ရှစ်ကျပ်”ထုတ်ယူခွင့် ပြုထား၏၊ ခုဇ္ဇုတ္တရာသည် ယခင်နေ့များကဆိုလျှင် ပန်းကိုလေးကျပ်ဖိုးပဲ ၀ယ်ယူဆက်သ၏၊ကျန်လေးကျပ်ကိုမူသူပိုင်အဖြစ်
ဖြတ်ယူထား၏ယနေ့တော့ဘုရားရှင်၏တရားနာယူကာသောတာပန်
ဖြစ်သွားပြီးမို့“ငါးပါးသီလကိုယ်ကျင့်တရား”ခိုင်မြဲသွားလေပြီ၊
သောတာပန်သည် ငါးပါးသီလကိုသက်ထက်တန်ဘိုးထား၏
အသက်ထွက်ချင်ထွက်သီလတော့ဘယ်တော့မှ
ဘယ်အကြောင်းကြောင့်မှအပျက်မခံတော့ပေ။
 

ထို့ကြောင့် ခါတိုင်းလို လေးကျပ်ကို မိမိအတွက် ဖြတ်မယူတော့ပဲ အသပြာရှစ်ကျပ်ဖိုးလုံး အကုန်ဝယ်၍ မိဖုရားခေါင်ကြီး သာမာဝတီကို ဆက်သလေ၏။မိဖုရားခေါင်ကြီးသည် အံအားသင့်နေ၏၊ ပန်းတွေ
ခါတိုင်းထက် များလွန်းနေ၍ဖြစ်၏၊ ဒီနေ့ ခါတိုင်းထက် ပန်းတွေ
များနေပါလား၊ ဘုရင်ကြီးက ပန်းဖိုးများတိုးပေးလို့လားဟု မေးလိုက်၏၊
တိုးမပေးပါသခင်မ၊ဒါဆို..ဘာဖြစ်လို့ပန်းတွေကခါတိုင်းထက်
များနေရတာလဲ၊ ဘုရင်ကြီးက သခင်မအတွက် နေ့တိုင်း ပန်းဖိုးရှစ်ကျပ်
ပေးပါတယ်၊အဲဒါ.ကျမကကျမအတွက်လေးကျပ်ကိုဖြတ်ယူထားပြီး
လေးကျပ်ဖိုးပဲ ပန်းဝယ်ပြီး သခင်မကိုဆက်ခဲ့ပါတယ်၊ ဒီနေ့တော့ မယူတော့ပဲရှစ်ကျပ်ဖိုးလုံးအကုန် ၀ယ်ခဲ့လို့ပါ သခင်မ.၊မိမိဖို့်ပေးသော ပန်းဖိုးရှစ်ကျပ်ကို မိမိလူယုံတော်က နေ့စဉ်တစ်ဝက်ဖြတ်ယူထားသည်
ဟုသိပါက အမှန်အတိုင်းဆိုလျှင် စိတ်တိုစရာပင်ဖြစ်၏ ခိုးယူထားသည့်
ငွေများကို ပြန်တောင်းချင်စရာဖြစ်၏၊သို့သော်သမာဝတီမိဖုရားကြီးသည်
သဘောထားကြီး၍ စိတ်ထားဖြူစင်သူဖြစ်၏၊သူ့ရံရွှေတော်များကို
အကြင်နာတရားမေတ္တာတရားဖြင့်ဆက်ဆံသူဖြစ်၏ငါမိဖုရားခေါင်ကြီး
ဟူ၍ မာန်တက်ခြင်းမောက်မာခြင်း အပေါ်စီးကဆက်ဆံခြင်း
ဘယ်တုန်းကမှမရှိခဲ့ပေ၊နောင်လည်းရှိလိမ့်မည်မဟုတ်ပေ၊ ထို့ကြောင့်
ရံရွှေတော်များက သူတို့ မိဖုရားခေါင်ကြီးကိုချစ်ကြောက်ရိုသေရှိကြ၏၊
သူတို့သခင်မအတွက်ဆိုဘာလုပ်ရလုပ်ရဘာပေးဆပ်ရ ဆပ်ရ
အဆင်သင့်ဖြစ်နေကြ၏၊အသက်စွန့်ရမည်ဆိုလျှင်တောင်နောက်တွန့်
သူများမဟုတ်ကြပေ၊အဲဒီလောက်ချစ်၍အဲဒီလောက် လေးစားကြ၏
အချင်းချင်းအညမညစည်းစည်းလုံးလုံးနေကြ၏အကြောက်တရားကြောင့်
စည်းလုံးခြင်းမဟုတ် မေတ္တာတရားဖြင့်စည်းလုံးနေကြသူများဖြစ်၏
အကြောက်တရားကြောင့်စည်းလုံးခြင်းသည်“ဟန်”ဖြစ်၏၊
မေတ္တာဖြင့် စည်းလုံးခြင်းသည်သာ“အမှန်”စည်းလုံးခြင်းဖြစ်၏။
မိဖုရားခေါင်ကြီးသည် သူ့လူယုံတော် ခုဇ္ဇုတ္တရာကို ဒီနေ့မှ ဘာစိတ်ကူး
ပြောင်းသွား၍ မယူတော့တာပါလိမ့်လို့ တွေးမိ၏ တွေးမိ၍လည်း မေးမိတော့၏သြော်.. ဒါဆို ဒီနေ့မှဘာစိတ်ကူးပေါက်ပြီးရှစ်ကျပ်ဖိုးလုံး
ဝယ်ခဲ့ရတာလဲ၊သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏တရားဓမ္မကိုနာကြားခဲ့ရလို့ပါ၊ 
မိဖုရားခေါင်ကြီးသည်အမြင်ကို ပြောင်းလွဲစေသော ဓမ္မ၊စိတ်ထားကို
ပြောင်းလဲစေသော ဓမ္မ၊အမှန်အတိုင်း ၀န်ခံရဲသောသတ္တိကို
မွေးဖွါးပေးလိုက်သောဓမ္မ၊ မကောင်းတဲ့အပြုအမူနှင့်အပြောအဆိုကို
ထိမ်းချုပ်နိုင်စွမ်းရှိသော ဓမ္မ၊ယင်းဓမ္မကိုနာယူချင်စိတ်
ဖြစ်လာ၏၊ ထို့ကြောင့်သူတို့တတွေကိုပြန်လည်ဟောပြဖို့
ပြောပြဖို့တိုက်တွန်းလိုက်၏၊
 

တရားသိသူမို့ တရားကိုလေးစား၏၊တရားလေးစား၍လည်းဒီပုံစံအတိုင်း
မဟောနိုင်၊ သူ့ကိုရေးချိုးပေးဖို့ပြော၏ သူတို့သည် ခုဇ္ဇုတ္တရာကို နံ့သာရေဖြင့် ရေချိုးပေး၏ အ၀တ်စားအသစ်များ ဆင်ပေးကြ၏၊
ခုဇ္ဇုတ္တရာသည်နေရာထိုင်ခင်းလေးခင်းထိုင်ကာဆန်းကြယ်သပ်ယပ်
သောယပ်တောင်တစ်ချောင်းကိုင်လျှက်“ဘုရားရှင်ဆီမှ မိမိနာယူခဲ့သည် တရားကို တစ်လုံးတစ်ပါဒမှမကျန်ရအောင်ပြည့်ပြည့်စုံစုံ”မိဖုရားကြီးနှင့်
ရံရွှေတော်များကိုပြောပြလေတော့၏၊ဟောပြနေတော့၏၊တရားဆုံး
သည်နှင့်တစ်ပြိုင်နက် သူတို့လည်း ခုဇ္ဇုတ္တရာကဲ့သို့ပင် 
“ဒိ႒ိ ၀ိစိကိစ ၦာ သီလဗၺတပရာမာသ ဣႆာ မစ ၦရိယ” တရားဆုိးမ်ားကို
ပယ်ခွါသူများ ဖြစ်သွားတော့၏၊ သူတို့အတွက် အပါယ်တံခါးသည် “ထာဝရ”ပိတ်သွားလေပြီ။
 
ထိုနေ့မှစ၍အ၀တ်အစားသစ်များကိုနေ့စဉ်ပြင်ဆင်ပေးကြ၍သူတို့၏
“ဓမ္မဆရာ”“ဓမ္မမိခင်”အဖြစ်ခုဇ္ဇုတ္တရာကိုအသိအမှတ်ပြုလိုက်ကြ၏။
ခုဇ္ဇုတ္တရာသည်အရင်လိုသုမနပန်းသည်ထံသွား၍ပန်းဝယ်စရာမလိုတော့
သို့သော် ရှင်တော်ဘုရား တရားပွဲရှိသည့်နေရာတိုင်းသို့သွား၍ တရားနာယူကာသာမာဝတီမိဖုရားခေါင်ကြီးနှင့်ရံရွှေတော်များကို
နေ့တိုင်းပင် ပြန်လည်၍ ဟောပြရသော ပိဋကသုံးပုံဆောင်
“ အမျိုးသမီးဓမ္မကထိက”အဖြစ် ဖြစ်မှန်းမသိ ဖြစ်သွားတော့၏၊
ထို့ကြောင့် ရှင်တော်မြတ်ဘုရားက အမျိုးသမီးဓမ္မကထိက တို့တွင်
အသာဆုံး အမြတ်ဆုံးဖြစ်သည့်“ဧတဒဂ်”ဘွဲ့ထူးကို ခုဇ္ဇုတ္တရာအားပေးအပ်တော်မူခြင်းဖြစ်၏  သူတို့တစ်တွေသည်
တရားမြင်သူများဖြစ်သွားကြလေပြီ၊သို့သော်ဘုရားမမြင်ဘူးကြသေးချေ၊
ထို့ကြောင့်ဘုရားရှင်ကို ဖူးမျှော်ခွင့် ပူဇော်ခွင့်ရရန် ဓမ္မမိခင်အရာ၌
ထားသောခုဇ္ဇုတ္တရာကို ပူဆာကြ၏၊မိမိတို့သည် မင်းအိမ်၌
နေကြရသူတွေမို့ အပြင်ထွက်ဖို့မလွယ်၊အပြင်သို့ ခေါ်ထုတ်သွားဖို့လည်း
မဖြစ်နိုင်၊ဖြစ်နိုင်ချေ စဉ်းစားရလျှင်မိမိတို့တိုက်ခန်းနံရံကို
အပေါက်လေးများ“ဖေါက်”၍ယင်းအပေါက်မှပင်ဘုရားရှင်ကို
ဖူးမျှော်ပူဇော်ကြဖို့ ဓမ္မမိခင်မှ အကြံပေး၏။ယင်းသို့ဖြင့်သူတို့သည်
နံရံများကိုအပေါက်ဖေါက်ကာဘုရားရှင်ကြွလာတော်မူသည့်
အချိန် နံရံပေါက်မှနေ၍ ဘုရားရှင်ကို ဖူးမျှော် ပူဇော်ကြရတော့၏။
 

တစ်နေ့တော့ မာဂဏ္ဍီမိဖုရားသည် အပျင်းပြေ လမ်းလျှောက်ရင်း သူတို့
နန်းမဆောင်သို့ရောက်လာ၏။ဟိုကြည့်ဒီကြည့်ကြည့်ရင်းမှနံရံပေါက်များ
ကိုမြင်တွေ့သွား၏၊အကျိုးအကြောင်းမေးကြည့်သောအခါ(မာဂဏ္ဍီမိဖုရား
ဘုရားအပေါ်ရန်ငြိုထားနေသူဟုမသိကြ၍) ဤအပေါက်မှနေ၍
ဘုရားရှင်ကိုဖူးမျှော်ပူဇော်ကြကြောင်းပြောလိုက်ကြ၏၊မာဂဏ္ဍီ၏
နှလုံးသား၌ ကိန်းနေသည့် အမုန်းတရားသည်“၀ုန်း”ခနဲ ထတောက်တော့၏၊ငါ မျှော်မှန်းခဲ့သော“ထိုတစ်နေ့”ယနေ့တော့ ရောက်လာပြီပေါ့ သမဏရယ်..မာဂဏ္ဍီသည် ဘုရားရှင်ကို အမုန်းကြီးမုန်းနေ၏၊ ထိုအမုန်းသည် ဘုရားရှင်ကိုကြည်ညိုနေကြသော
သာမ၀တီတို့အပေါ်ပါ ကူးစက်သွားတော့၏၊ သမဏရော- သမဏကို ကိုးကွယ်နေသော အုပ်စုရော သိကြသေးတာပေါ့မာဂဏ္ဍီသည်
ဘုရင်ဥတေနဆီ သွားလေပြီ၊ ကောင်းသော သွားခြင်းတော့ မဟုတ်၊ သူ၏ရန်ငြိုးချေလှမ်းကိုအကောင်အထည်ဖေါ်ဖို့ပထမဆုံးခြေလှမ်းအဖြစ်
စတင်လျှောက်လှမ်းခြင်းဖြစ်၏ ၊ ဤသို့ဖြင့် …
                                                   (ဆက်ရန်)
                                                                               ကောင်းသစ်

No comments: