ဇာလိယတောတန်းလေးသည် ခါတွန်သံဂျိုးငှက်ကူသံ
ဆက်ရက်အော်သံ ကျိီးအာသံ စာကလေးများ၏ တကျိကျိမြည်သံသမှတပါးတိတ်ဆိတ်ငြိမ်သက်နေ၏
သို့သော် မောဟ ပယောဂ၊ပညာလောဘကြောင့်
ဒေါသဖက်နေသောအဟိံသက၏နှလုံးသားသည်ကား
ငြိမ်သက်ခြင်းမရှိ၊ယောက်ယက်ခပ်နေ၏၊
ဒေါသကြောင့်နှလုံးသွေးများဆူနေ၏၊
သတ်လိုဖြတ်လိုသည့်အခိုးအငွေ့များ ဝေနေ၏၊
ထိုအချိန် အနန္တကျေးဇူးရင်“မွေးမိခင်”ကိုလှမ်းမြင်လိုက်ရ၏၊
မိခင်ဟုကားသိ၏၊သို့သော် မောဟပူးကပ်နေ၍
ကျေးဇူးရှင်ဟုကားမမြင်တော့၊မိမိလိုဘပြည့်ဖို့
တစ်ထောင်ပြည့်ရန်လိုနေသောလက်တစ်ချောင်းဖြည့်ဖို့သာ
စိတ်လောနေ၏၊စိတ်စောနေ၏၊“ဥပစာရ”ပန်းတိုင်
လှမ်းကိုင်ဖို့သာလိုတော့၏၊ပန်းဝင်ရန်နောက်ဆုံးချေလှမ်းဖြစ်၏၊
မိခင်ဖြစ်သော မန္တာဏီပုဏ္ဏေးမသည်ကား
“အနှိုင်းမဲ့မေတ္တာတရား”ဖြင့် သားလေးကိုဖြောင်းဖျရန် သားလေးဆီသို့လှမ်း၍လှမ်း၍လာနေ၏၊
သားဖြစ်သော အင်္ဂုလိမာလသည်ကား
“အရိုင်းမဲ့ ဒေါသတရား”ဖြင့်လက်ချောင်းဖြတ်ရန်
သန်လျှက်ဆွဲကိုင်လျှက် မိခင်ဆီသို့ပြေး၍ပြေး၍သွားနေ၏်
လာနေသူနှင့်ပြေးသွားသူ မေတ္တာနှင့်ဒေါသ သားနှင့်မိခင်
ဖြစ်စဉ် ဖြစ်အင်မြင်နေရသူအဖို့..
ဘုရားတဖို့မှလွဲ၍ ဘာများတတ်နိုင်ပါအံ့နည်း။
ထိုအချိန်ပင်“မဟာကရုဏာရှင်”ရှင်တော်မြတ်ဗုဒ္ဓသည်
သားနှင့်မိခင်အကြား ကြွလာတော်မူ၏၊ရောက်တော်မူလာ၏၊
ရပ်တော်မူလာ၏လာခြင်းကောင်းတော်မူသော
ရှင်တော်မြတ်ဘုရားပေတကား၊
(ဘုရားရှင်ကြွလာတော်မူ၍ မိခင်ကြီးလည်း အသက်ချမ်းသာခွင့်ရသွား၏၊
အင်္ဂုလိမာလလည်း ဘ၀နှောင်အိမ်မှ လွတ်မြောက်ခွင့် ရသွား၏)
ဘုရားရှင်ကြွလာတော်မူသောအခါ
အင်္ဂုလိမာလသည်စိတ်တစ်မျိုးပြောင်းသွား၏၊
(သို့သော် ဘုရားရှင်ဟုကားမသိသေး၊သမဏတစ်ပါး
အနေနှင့်သာသိလေ၏)အမိကိုလွှတ်၍
အနီးရှိသောဤရဟန်းကိုသတ်ကာလိုနေသော
လက်ချောင်းဖြည့်တော့အံ့၊အမိကိုမူ ဘေးမဲ့ဘေးတော့အံ့၊
ဤသို့စိတ်ပြောင်းသွားသောကြောင့်
လမ်းကြောင်းလည်းပြောင်းသွားတော့၏၊
အမိကို လိုက်သောချေလှမ်းများမှသည်
သမဏဖြစ်သော ရှင်တော်မြတ်ဘုရားကို လိုက်သော
ချေလှမ်းများ ဖြစ်သွားတော့၏၊ရှင်တော် မြတ်ဘုရားသည်
ပကတိပုံမှန်ကြွမြဲတိုင်းသာကြွတော်မူနေ၏၊
(သို့သော် အနန္တတန်ခိုးတော်ဖြင့်
အင်္ဂုလိမာလလိုက်မမှီရန် အဓိဋ္ဌာန်ထား၏၊)
အင်္ဂုလိမာလသည် မြန်မြန်ဥပစာရကိစ္စပြီးမြောက်ဖို့အတွက်
ပညာရေးပန်းတိုင်ဝင်နိုင်ဖို့အတွက် ခွန်အားသုံး၍ဓါးထမ်းကာ
မနားတန်းလိုက်၏၊မှီကာနီးလာလိုက် ဝေးသွားလိုက်
ဝေးလိုက် နီးလိုက်…ဤသို့ဖြင့် သုံးယူဇနာ
ခရီးလောက် ပေါက်သွားပေပြီ၊မနားတမ်းအားစိုက်လိုက်ရ၍
ချွေးများဒီးဒီးစီးကျနေပေပြီး၊မောဟိုက်၍လည်းလာပေပြီ၊
အာခေါင်များလည်း ခြောက်ကပ်၍လာပေပြီ၊
တစ်ခါမှညောင်းညာခြင်းမရှိသော ချေထောက်များလည်း
ညောင်းလာပေပြီး။ခြေကုန်လက်ပမ်းကျချေပြီး၊
အမှန်အတိုင်းဝန်ခံရလျှင်အမော့ဆို့၍ပင်လာပေပြီ၊
အခါတိုင်းဆို အပြေးမြန်သောဆင်ပြောင်ကိုလည်း
လိုက်၍ ဖမ်းနိုင်သတ်နိုင်၏၊အပြေးသန်သော မြင်းကိုလည်း
လိုက်၍ ဖမ်းနိုင်သတ်နိုင်၏အပြေးသွားသော
ရထားကိုလည်း အမှီလိုက်နိုင်၏၊သမင် ဒရယ်
ဂျီငယ်မကျန်သားကောင်မှန်သမျှ လက်ရဖမ်းနိုင်၏၊
သို့သော် ဒီနေ့တော့ထူးထူးဆန်းဆန်းဤရဟန်း
“သမဏ”ကိုအမြန်အားစိုက်လိုက်သော်လည်းမမှီသေး၊
သူကတော့ မောဟန်မတူ ပမ်းဟန်မတူ
ပကတိသွားမြဲတိုင်းပင် သွားနေ၏၊ဣနြေ္ဒကလည်း
တည်ငြိမ်လွန်းလှ၏ကြောက်ဟန့်မရှိ၊လန့်ဟန်မတူ၊
တစ်ခြားသူနှင့်မတူ ထူးခြားသည်ကတော့မှန်ပေ၏၊
“ယာလည်းညက်စေ ကြက်လည်းမောစေ”
ဆိုသည့်အတိုင်း ငါလည်းနားချိန်ရသူလည်း
သွားနှုန်းလျှော့သွားအောင်စကားနှင့်လှမ်းပြီးတားအုံးမှပဲလေ၊
ဤသို့သူအကြံပေါက်သွား၏၊ ထို့ကြောင့်
အင်္ဂုလိမာလသည် သစ်ငုတ်တိုကဲ့သို့ တည့်တည့်မတ်မတ်
မတ်တတ်ရပ်လျှက်ပင် ရှင်တော်မြတ်ဘုရားကို
“တိဋ္ဌ တိဋ္ဌ သမဏ ရပ်စမ်း ရပ်စမ်း အိုရဟန်း-”ဟု
စကားစလိုက်လေ၏၊
ထိုအခါ..မဟာကရုဏာရှင် ရှင်တော်မြတ်ဗုဒ္ဓက
ပကတိသွားခြင့် သွားမြဲတိုင်းသွားနေရင်းပင်
“ဌိတော အဟံ အင်္ဂုလိမာလ-အဂုင်္လိမာလ ငါကားရပ်နေ၏၊
တွဉ္စ တိဋ္ဌ-သင်သာရပ်ပါတော့လော”ဟု
ပြန်လည်မိန့်ကြားတော်မူလိုက်၏၊
အဟိံသက စဉ်းစားရကျပ်သွား၏၊ဆန့်ကျင်ဘက်အနေ
အဖြေကို ကြားလိုက်ရသောကြောင့်ဖြစ်၏၊
အမှန်အားဖြင့် အင်္ဂုလိမာလသည် မောပမ်းလွန်း၍
ဆက်မလိုက်နိုင်တော့သောကြောင့်ရပ်နေသူဖြစ်၏၊
ရှင်တော်ဘုရားက မမောမပမ်းသောချေလှမ်းတို့ဖြင့်
ပုံမှန်းကြွလှမ်းလျှက်ရှိ၏၊ ထို့ကြောင့် လက်ရှိအနေနှင့်
အဖြေသည် ဆန့်ကျင်ဘက်အနေဖြစ်နေပေ၏၊
သို့သော် သူဤသို့တွေးမှိပြန်၏၊သာကီမျိုးမှ ရဟန်းပြုလောသော
“သမဏ”တို့သည် အမှန်ကိုသာကြံ၏၊အမှန်ကိုသာပြော၏၊
အမှန်ကိုသာ ပြုမူလေ့ရှိ၏ဟု-ငါကြားဘူး၏၊
သူအဖြေကားထူးဆန်းနေ၏ ဆန့်ကျင်ဘက်လိုဖြစ်နေ၏၊
လိမ်ညာ၍ ပြောသည်တော့ မဖြစ်တန်ရာ၊
ဆိုလိုရင်းကို မေးမှသင့်မည်ဟုစဉ်းစားမိ၏၊ ထို့ကြောင့်
သူကမေးခွန်းစမေးလေတော့၏၊ကျွှန်ုပ်သည် ရပ်နေသူဖြစ်၏
သို့ပါလျှက်သွားနေသူဟု အသင်“သမဏ”ကဆိုပေ၏၊
အသင်“သမဏ”သည် သွားနေသူဖြစ်၏၊သို့စင်လျှက်
ငါကား ရပ်နေသူဟု-ဆိုပြန်၏၊ မရှင်းလင်းသော
ထိုပြဿနာကို အသင်“သမဏ”ဖြေဆိုပါလော၊
အဖြေကို သိလိုလှပါ၏၊
သူကား သွာနေ
ဖြစ်ပါချေ
ငါလေ ရပ်နေမြွက်။
ရပ်နေငါ့ကို
သွားသူဆို
ဆိုလို သိဖို့ခက်
စကားနှစ်ခွန်း
ဆန့်ကျင်လွန်း
ဥာဏ်မွန်းဖြေမထွက်
အဖြေသိလို
ကျွန်ုပ်ကို
ဖြေဆိုရှင်းလင်းချက်… (ဆက်ရန် )
ကောင်းသစ်
No comments:
Post a Comment